Tue the 23rd: (Optional memorial of George, martyr.)
(Optional memorial of Adalbert, bishop and martyr.)
Acts 2:36-41; Ps 33:4-22; Ps 118:24; John 20:11-18
တမန်တော်ဝတ္ထု အခန်းကြီး ၂ (Acts 2:36-41);
၃၆ ထိုကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌၎င်း၊ အစိုးရသောအရှင်အရာ၌၎င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။
၃၇ ထိုသူတို့သည် ကြားလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။
၃၈ ပေတရုကလည်း၊ သင်တို့၏အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။
၃၉ အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီး တို့နှင့်၎င်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။
၄၀ ထိုမှတပါး သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တယ်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသော စကားနှင့်သက်သေခံ၍ တိုက်တွန်း သွေးဆောင်လေ၏။
၄၁ ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံ ကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:4-22);
၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊
၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊
၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊
၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊
၂၀ ငါတို့၏ ဝိညာဉ်သည် ထာဝရ ဘုရားကို မြော်လင့်လျက်နေ၏၊၊ ထိုဘုရားသည် ငါတို့ကို မစသောသူ ကွယ်ကာသောသူ ဖြစ်တော်မူ၏၊၊
၂၁ သန့်ရှင်း သော နာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည်ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။
၂၂ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။
ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:24);
၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၀ (John 20:11-18)
၁၁ မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ်ငုံ့၍ တွင်းထဲသို့ကြည့်လျှင်၊
၁၂ ကောင်းကင်တမန် နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တပါး၊ ခြေရင်း၌တပါး ထိုင်ကြသည်ကိုမြင်လျှင်။
၁၃ ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း ဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟု ပြောဆို၏။
၁၄ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကိုမြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကိုမသိ။
၁၅ ယေရှု ကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း၊ အဘယ် သူကိုရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကိုဆောင်သွားသည်မှန်လျှင် အဘယ်မှာထား သည်ကို ကျွန်မအားပြောပါ၊ ကျွန်မယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။
၁၆ ယေရှုကလည်း မာရိဟုခေါ်တော်မူလျှင်၊ မာရိသည် လှည့်၍ရဗ္ဗုနိ ဟုထူးလေ၏။ ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။
၁၇ ယေရှုကလည်း၊ ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်း တော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ ခမည်း တော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊
၁၈ မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင် သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အား ကြားပြောလေ၏။