Sun the 28th: Psalter II, Octave of Easter.
Feast of Divine Mercy.
Last Day of Octave.
(Optional memorial of Peter Chanel, priest and martyr.)
(Optional memorial of Louis Mary de Montfort, priest.)
Acts 5:12-16; Ps 118:1-24; Rev 1:9-19; John 20:19-31
တမန်တော်ဝတ္ထု အခန်းကြီး ၅ (Acts 5:12-16);
၁၂ တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုအရာများကို ပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှောလမုန်ကနားပြင်၌ တညီတညွတ်တည်းနေကြသဖြင့်၊
၁၃ ကြွင်းသောသူတစုံ တယောက်မျှ မပေါင်းဘော်ဝံ့သော်လည်း၊ လူများတို့သည် ကောင်းကြီးပေးကြ၏။
၁၄ သခင်ဘုရား၌ ယုံကြည် သောယောက်ျားမိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။
၁၅ ပေတရုသည် လမ်း၌ရှောက်သွားစဉ် အနာစွဲသော သူတို့တွင်တယောက်ယောက်ကို သူ၏အရိပ်လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကိုလမ်းနားသို့ထုတ်၍ ခုတင်မွေ့ယာ ပေါ်မှာတင်ထားကြ၏။
၁၆ ပတ်လည်ဝန်းကျင်၌ရှိသသော မြို့သူရွာသားအပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၈(Ps 118:1-24);
၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူး တ်ာကို ချီးမွမ်းကြလော့၊၊
၂ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသရေလအမျိုးဝန်ခံစေ၊၊
၃ ကရုဏာတော်အစဉ် အမြဲတည်စေဟု အာရုန်အနွယ် ဝန်ခံစေ၊၊
၎ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။
၅ ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏၊၊
၆ ထာဝရဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင် သနည်း၊
၇ ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့၌ ငါအလိုကို ပြည့်စုံလိမ့်မည်၊၊
၈ ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက်သာ၌ ကောင်း၏၊၊
၉ ထာဝရဘုရားကို ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက်သာ၍ကောင်း၏၊၊
၁၀ လူအမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၁ ငါ့ကို ဝိုင်းကြ၏၊၊ ဝိုင်းသော်လည်း ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၂ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော် လည်း ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပြယ်ဖြတ်ရ၏၊၊
၁၃ သင်သည်ငါကိုလှဲသောအခါ ပြင်းထန်စွာတွန်းသော် လည်း ထာဝရဘုရားသည် ငါကို မစတော်မူ၏၊၊
၁၄ ထာဝရဘုရား သည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း ငါ့ကိုကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏၊၊
၁၅ ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏၊၊ ထာဝရဘုရား၏ လက်ျာတော်သည် ကြီးသော အမှုကိုပြု၏၊၊
၁၆ ထာဝရဘုရား၏ လက်ျာ လက်တော်သည် ချီးမြ‡င့်လျက် ရှိ၏၊၊ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကို ပြု၏၊၊
၁၇ ငါမသေရ သေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊
၁၈ ထာဝရဘုရားသည် ငါ့ကို ကျပ်တည်းစွာ ဆုံးမသော်လည်း သေခြင်း၌ အပ်တော်မမူသေး၊၊
၁၉ ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါအားဖွင့်ကြ၊၊ ငါဝင်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရမည်၊၊
၂၀ ဤတံ ခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏၊၊ ဖြောင့်မတ်သောသူတို့သည် ဝင်ရကြ၏၊၊
၂၁ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါ မည်၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ စကားကိုနားထောင်၍ အကျွန်ုပ်ကို ကယ်တင်တော်မူ၏၊၊
၂၂ တိုက်ကို တည်လုပ်သောသူများကိုပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏၊၊
၂၃ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏၊ ငါတို့မျက်မှောက်၌လည်း အံ့ဘွယ်ဖြစ်၏၊၊
၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊
ဗျာဒိတ်ကျမ်း အခန်းကြီး ၁ (Rev 1:9-19);
၉ ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့် အတူဆက်ဆံ သောအဘော်အဘက်၊ သင်တို့အစ်ကိုငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံ တော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင်၊
၁၀ သခင်ဘုရားနေ့၌ ဝိညာဉ်တော် ကိုခံရ၍၊ တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌မြည်သော အသံကြီးကိုကြား၏။
၁၁ မြည်သောအချက်ဟူမူကား၊ သင်သည် မြင်သောအရာကိုစာစောင် ၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော် ခုနစ်ပါးထံသို့ပေးလိုက်လော့ဟု ဆိုသတည်း။
၁၂ ထိုသို့ငါနှင့် စကားပြော၍ အသံမြည်သောသူကို မြင်ခြင်းငှါ ငါသည်လှည့်ကြည်လျှင်၊ ရွှေမီးခွက်ခုနစ်လုံး ကို၎င်း၊
၁၃ ထိုမီးခွက် ခုနစ်လုံးအလယ်၌လူသားတော်နှင့်တူသော သူတဦးကို၎င်း၊ မြင်၏။ ထိုသူသည်ခြေသို့တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏။
၁၄ ခေါင်းတော်နှင့် ဆံပင်တော်သည်ဖြူသော သိုးမွေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။
၁၅ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။
၁၆ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံး ကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျင်ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့်ထွန်းတောက် သောနေကဲ့သို့ဖြစ်၏။
၁၇ ထိုသူကို ငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်တော် ကိုငါ့အပေါ်သို့တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံသောသူ၊ နောက်ဆုံးသော သူဖြစ်၏။
၁၈ အသက်ရှင် သော သူလည်းဖြစ်၏။ ငါသည်အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။
၁၉ ထိုကြောင့်၊ သင်သည်မြင်ပြီးသောအရာတို့ကို၎င်း၊ ယခုရှိသောအရာတို့ကို၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို၎င်းရေးထားလော့။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၀ (John 20:19-31)
၁၉ ခုနစ်ရက်တွင် ပထမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။
၂၀ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
၂၁ တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိလေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ သည်နည်းတူ၊ သင်တို့ကိုငါစေလွှတ် သည်ဟု မိန့်တော်မူပြီးလျှင်၊
၂၂ ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။
၂၃ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင် ထိုသူသည်အပြစ် လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည်အပြစ် တည် လျက်ရှိ၏ဟု မိန့်တော်မူ၏။
၂၄ ထိုသို့ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော် တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟု အမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်အတူမရှိ။
၂၅ ထိုသူတို့ ကလည်း၊ အကျွန်ုပ်တို့သည် သခင်ကိုမြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက လက်တော်၌ သံရိုက်ရာ ချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံ ဟုဆို၏။
၂၆ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်း ပါ၏။ တံခါးများကိုပိတ်ထားစဉ်အခါ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။
၂၇ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကိုစမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့် ယုံလော့ဟု မိန့်တော်မူ၏။
၂၈ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကားဟု ပြန်၍လျှောက် ကြ၏။
၂၉ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
၃၀ ဤကျမ်းစာ၌ရေး၍ မထားသောအခြားနိမိတ်လက္ခဏာများတို့ကိုလည်း ယေရှုသည် တပည့်တော် တို့ မျက်မှောက်၌ပြတော်မူ၏။
၃၁ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည် အကြောင်း၊ ဤမျှလောက် ရေးထားလျက်ရှိသတည်း။