Sat the 27th: Acts 4:13-21; Ps 118:1-21; Ps 118:24; Mark 16:9-15
တမန်တော်ဝတ္ထု အခန်းကြီး ၄ (Acts 4:13-21);
၁၃ ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ ရဲရင့်သတ္တိကိုမြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့သြ၍နေကြ၏၊ ထိုသူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့်အတူရှိသည်ကို သတိရ၍၎င်း၊
၁၄ အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ရှိနေသည်ကိုမြင်၍င်း၊ ငြင်းခုံဆိုဘွယ်ရာ မရှိ မတွေ့ကြ။
၁၅ တမန်တော်တို့ကို လွှတ်တော်မှထွက်သွားစေပြီးလျှင်၊ ဤသူတို့ကိုအဘယ်သို့ပြုရမည်နည်း။
၁၆ သူတို့သည် ထင်ရှားစွာသောနိမိတ်လက္ခဏာကို ပြပြီးသည်ကို ယေရုရှလင်မြို့၌ နေသောသူအပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ။
၁၇ သို့သော်လည်း လူများထဲ၌သာ၍ မနှံ့မပြားစေ ခြင်းငှါ၊ နောက်တဖန် ထိုနာမကိုအမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အခြင်းခြင်းတိုင်ပင်ပြီးမှ၊
၁၈ တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏နာမကို အမှီပြုလျှက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့်ဟု အမိန့်ရှိကြ၏။
၁၉ ပေတရုနှင့်ယောဟန်တို့ကလည်း၊ ဘုရားသခင်၏စကားတော်ကို နားထောင်သည်ထက် သင်တို့၏ စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍စီရင်ကြလော့။
၂၀ ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်ဟု ထိုသူတို့အားဆိုကြ၏။
၂၁ ထိုအခါ တမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့်သောအကြောင်းကို မတွေ့သဖြင့် တဖန်ခြိမ်းချောက်ပြီးလျှင် လွှတ်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:1-21);
၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူး တ်ာကို ချီးမွမ်းကြလော့၊၊
၂ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသရေလအမျိုးဝန်ခံစေ၊၊
၃ ကရုဏာတော်အစဉ် အမြဲတည်စေဟု အာရုန်အနွယ် ဝန်ခံစေ၊၊
၎ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။
၅ ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏၊၊
၆ ထာဝရဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင် သနည်း၊
၇ ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့၌ ငါအလိုကို ပြည့်စုံလိမ့်မည်၊၊
၈ ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက်သာ၌ ကောင်း၏၊၊
၉ ထာဝရဘုရားကို ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက်သာ၍ကောင်း၏၊၊
၁၀ လူအမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၁ ငါ့ကို ဝိုင်းကြ၏၊၊ ဝိုင်းသော်လည်း ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၂ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော် လည်း ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပြယ်ဖြတ်ရ၏၊၊
၁၃ သင်သည်ငါကိုလှဲသောအခါ ပြင်းထန်စွာတွန်းသော် လည်း ထာဝရဘုရားသည် ငါကို မစတော်မူ၏၊၊
၁၄ ထာဝရဘုရား သည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း ငါ့ကိုကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏၊၊
၁၅ ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏၊၊ ထာဝရဘုရား၏ လက်ျာတော်သည် ကြီးသော အမှုကိုပြု၏၊၊
၁၆ ထာဝရဘုရား၏ လက်ျာ လက်တော်သည် ချီးမြ‡င့်လျက် ရှိ၏၊၊ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကို ပြု၏၊၊
၁၇ ငါမသေရ သေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊
၁၈ ထာဝရဘုရားသည် ငါ့ကို ကျပ်တည်းစွာ ဆုံးမသော်လည်း သေခြင်း၌ အပ်တော်မမူသေး၊၊
၁၉ ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါအားဖွင့်ကြ၊၊ ငါဝင်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရမည်၊၊
၂၀ ဤတံ ခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏၊၊ ဖြောင့်မတ်သောသူတို့သည် ဝင်ရကြ၏၊၊
၂၁ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါ မည်၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ စကားကိုနားထောင်၍ အကျွန်ုပ်ကို ကယ်တင်တော်မူ၏၊၊
ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:24);
၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၆ (Mark 16:9-15)
၉ ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက်စောစောအချိန်၌ထမြောက်ပြီးမှ၊ အထက်ကနတ်ဆိုး ခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။
၁၀ မာရိလည်း သွား၍ ကိုယ်တော်နှင့်ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ်တွင်၊ သူတို့အား ထိုသိတင်းကို ကြားပြောလေ၏။
၁၁ ကိုယ်တော်သည် အသက်ရှင်တော်မူသည်ကို၎င်း၊ မာရိသည် ကိုယ်တော်ကိုမြင်ရ သည်ကို၎င်း၊ သူတို့သည် ကြားလျှင်မယုံကြ။
၁၂ ထိုနောက်တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည် ခြားနား သောအယောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။
၁၃ သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသိတင်းကိုကြားပြောသော်လည်း မယုံဘဲနေကြ၏။
၁၄ ထိုနောက် တကျိပ်တပါးသောသူတို့သည် စားပွဲ၌လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ်တော်ကိုမြင်သောသူတို့၏စကားကို မယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍အပြစ်တင်တော်မူပြီးမှ၊
၁၅ သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကိုဟောကြလော့။