Fri the 24th: Acts 15:22-31; Ps 57:8-12; John 15:12-17
တမန်တော်ဝတ္ထု အခန်းကြီး ၁၅ (Acts 15:22-31);
၂၂ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူအပေါင်းတို့သည် မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့်သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗ တို့နှင့်တကွ စေလွှတ်မည်အကြောင်း သဘောညီညွတ်ကြ၏။
၂၃ သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည် အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်ကိုတို့ကို မေတ္တာနှင့်ကြားလိုက်ပါ၏။
၂၄ လူအချို့တို့ သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကို ကျင့်ရမည်ဟူသော စကားဖြင့်၊ သင်တို့၏စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရသည်ဖြစ်၍၊
၂၅ ငါတို့သခင် ယေရှုခရစ်၏နာမ တော်ကြောင့် မိမိအသက်ကိုစွန့်စားသောသူတည်းဟူသော၊
၂၆ ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက် သောသူတို့ကို သင်တို့ဆီသို့ စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့်အညီ၊
၂၇ ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့်ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ် ကြ၏။
၂၈ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊
၂၉ လည်ပင်းကိုညှစ်၍သတ်သောအရာ ကို၎င်း၊ မတရားသောမေထုံကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါး အခြားသောဝန် သင်တို့၏အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျမ်းမာ ကြပါစေသောဟု ရေး၍ပေးလိုက်သတည်း။
၃၀ ထိုသူတို့သည် သွားရသောအခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့သွား၍ လူအပေါင်းတို့ကို စုဝေးပြီးလျှင် မှာစာကိုအပ်ပေးကြ၏။
၃၁ မှာစာကိုဘတ်ရွတ်သောအခါ ထိုသက်သာခြင်း၏အကြောင်းကြောင့် ဝမ်းမြောက် ခြင်းသို့ရောက်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၅၇ (Ps 57:8-12);
၈ အို ငါ့ဝိညာဉ် နိုးလော့၊၊ တယောနှင့် စောင်းတို့နိုးကြလော့၊၊ ငါလည်း စောစောနိုးမည်၊၊
၉ အို ထာဝရဘုရား၊ ပရိသတ် အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်းဆိုပါမည်၊၊
၁၀ အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏၊၊
၁၁ အိုဘုရားသခင် ကောင်းကင် မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း၊၊
၁၂ မြေကြီးတပြင်လုံးကို ဘုန်းတော်လွှမ်းမိုး ပါစေသတည်း၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:12-17)
၁၂ ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည် နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။
၁၃ ကိုယ်အဆွေတို့အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာ ထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။
၁၄ သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။
၁၅ ယခုမှစ၍ ငါသည် သင်တို့ကို ကျွန်ဟူ၍ မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကို မသိ။ သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။
၁၆ သင်တို့သည် ငါ့ကိုရွေး ကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကိုရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သော အသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
၁၇ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကိုငါပေး၏။