Sunday, 18 August 2019

18-AUG-2019 (READING -ORD20 -YC-C1)

Sun the 18th: Psalter IV, Ordinary Time Week 20.
Jer 38:4-10; Ps 40:2-18; Heb 12:1-4; John 10:27; Luke 12:49-53

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၃၈ ( Jer 38:4-10);

၎ ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူသည် ဤသို့သောစကားကို ပြောသဖြင့်၊ မြို့ထဲမှာကျန်ကြွင်းသေးသော စစ်သူရဲအစရှိသော လူအပေါင်းတို့၏လက်ကို အားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး၏အကျိုးကို မပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ဟု လျောက်လျှင်၊
၅ ဇေဒကိမင်းကြီးက၊ သူသည် သင်တို့လက်၌ရှိ၏။ ရှင်ဘုရင်သည် သင်တို့ အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ၏။
၆ ထိုအခါ ယေရမိကိုယူ၍၊ ထောင်ဝင်းထဲမှာရှိသော သားတော်မာလခိ၏ မြေတွင်း၌ ကြိုးနှင့်လျော့ချကြ၏။ ထိုမြေတွင်း၌ရေမရှိ၊ ရွှံ့သာရှိ၍၊ ယေရမိသည် ရွှံ့၌ကျွံလျက်နေ၏။
၇ ထိုသို့ ယေရမိကိုမြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒမေလက် သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊
၈ ထိုသူသည် နန်းတော်ထဲက ထွက်၍ အထံတော်သို့ သွားပြီးလျှင်၊
၉ အကျွန်ုပ်သခင် အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက်ယေရမိကို ပြုလေသမျှ တို့၌ မှားကြပါပြီ။ မြေတွင်း၌ချထားကြပါပြီ။ မြို့၌မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ ငတ်မွတ်၍သေပါလိမ့်မည်ဟု လျှောက်သော်၊
၁၀ ရှင်ဘုရင်က၊ ပရောဖက်ယေရမိမသေမှီ ဤအရပ်မှ လူသုံးဆယ်ကိုခေါ်သွား၍၊ မြေတွင်းထဲက နှုတ်ယူလော့ဟု၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့်တော်ရှိ၏။
ဆာလံကျမ်း အခန်းကြီး ၄၀ (Ps 40:2-18);

၂ ပျက်စီးရာတွင်းနှင့်အလွန်ဆိုးသော ရွှံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာ တင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏၊၊
၃ ထိုသို့ ငါတို့ဘုရားသခင်ကို ချီးမွမ်းရာ သီချင်းသစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏၊၊ လူများတို့သည် သိမြင်၍ ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရားကို ကိုးစားကြလိမ့်မည်၊၊       
၎ မာန ထောင်လွှားသောသူနှင့် မိစ္ဆြွာတရားလမ်းသို့ လွှဲသွားသော သူတို့ကိုမမှီဝဲ ထာဝရဘုရားကို ကိုးစားသော သူသည် မင်္ဂလာရှိ၏၊၊
၅ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံသြဘွယ်အမှုတို့နှင့် ကြံစည် တော်မူသော အကြံအစည်တို့သည် များလှပါ၏၊၊ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ၊၊ အကျွန်ုပ်ထုတ် ဘော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင် များလှပါ၏၊၊
၆ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ၊ မီးရှို့ရာ ယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော်မမူသောအခါ၊
၇ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထား သည်နှင့်အညီ  အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။
၈ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်၏၊၊ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။
၉ ဖြောင့်မတ် ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ၊ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏၊၊
၁၀ ဖြောင့်မတ်စွာ စီရင်တော်မူခြင်း တရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲ မှာ ဝှက်၍မထားပါ၊၊ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ၊၊ ကရုဏာတော် နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်မဝှက်ပါ။
၁၁ အို ထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက်တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်၊၊ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော၊၊
၁၂ အကြောင်းမူကား အတိုင်းမသိ များစွာသော ဘေးဥပဒ် တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ၊၊ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင် ခံရသောအပြစ်တို့သည် အကျွန်ုပ်ကို မှီကြပါပြီ၊၊ အကျွန်ုပ်ဆံပင်ထက်များပြားသည်ဖြစ်၍ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ၊၊
၁၃ အိုထာဝရဘုရား အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန်ပြုတော်မူပါ၊၊
၁၄ အကျွန်ုပ် အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော၊ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော၊၊
၁၅ အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေ ဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေသော၊၊
၁၆ ကိုယ်တော်ကို ရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကိုနှစ်သက်သော သူတို့သည် ထာဝရဘုရား ဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော၊၊
၁၇ အကျွန်ုပ်မူကား ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို အောက်မေ့ တော်မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ကယ်တင်သောသူဖြစ်တော်မူ၏၊၊ အကျွန်ုပ်၏ ဘုရားသခင် ဆိုင်းလင့်တော် မမူပါနှင့်၊၊

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၂ (Heb 12:1-4);

၁ ထိုကြောင့်၊ ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောက်ရှက်တတ်သော ဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲပြေးကြကုန်အံ့။
၂ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင် စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်အသောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။
၃ အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောက်ရှက်ခြင်း ကိုခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့။
၎ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြသေး။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၂ (Luke 12:49-53);

 ၄၉ မြေပေါ်၌ မီးလောင်းစေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင်ငါ၏ အလိုမပြည့်စုံ။ ဗတ္တိဇံ တခုကို လည်း ငါခံစရာရှိ၏။
၅၀ ထို ဗတ္တိဇံ ကိုမခံမှီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။
၅၁ မြေပေါ်၌ငြိမ်သက်ခြင်း ကိုပေး အံ့သောငှါငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှါငါလာသည် မဟုတ်။ အချင်းချင်းကွဲပြား စေခြင်းငှါ ငါလာသည်ဟု ငါဆို၏။
၅၂ အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍အိမ်တအိမ်၌နေသောလူငါးယောက်တို့သည် နှစ်ယောက်တစုသုံးယောက်တစု အချင်းချင်း ကွဲပြား လိမ့်မည်။
၅၃ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်းကွဲပြားလိမ့်မည် ဟု မိန့်တော်မူ၏။