Wednesday, 28 August 2019

28-AUG-2019 (READING -ORD21 -YC-C1)

Wed the 28th:     Memorial of Augustine, bishop and doctor.
1 Thess 2:9-13; Ps 139:7-12; 1 John 2:5; Matt 23:27-32

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Thess 2:9-13);

၉ ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာလုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ ငါတို့သည် နေ့ညဥ့်လုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိ တရားကို သင်တို့အား ဟောပြောကြ၏။
၁၀-၁၂ မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့ သင်တို့ကို ခေါ်သွင်းတော်မူ  သော ဘုရားသခင်နှင့် အထိုက်အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ၊ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြ သည်နှင့် အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့် နှင့်ကင်းလွတ်လျက် နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ၏။ ဘုရားသခင်သည်လည်း သက်သေဖြစ် တော်မူ၏။  ၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၃၉ (Ps 139:7-12);

၇ ဝိညာဉ်တော်နှင့် လွတ်ခြင်းအလို့ငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလို့ငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။
၈ ကောင်းကင် သို့ တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော် ရှိတော်မူ၏။ 
၉ နံနက် အတောင်တို့ကို ယူ၍ သမုဒ္ဒရာစွန်း၌နေလျှင်၊
၁၀ ထိုအရပ်၌ပင် ကိုယ်တော်၏ လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက်၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။
၁၁ အကယ်၍ မှောက်မိုက်သည် ငါကိုဖုံးလွှမ်းမည်ဟု တဖန်ဆိုလျှင်၊ ညဥ့်သည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။
၁၂ အကယ်စင်စစ် မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညဥ့်သည် နေ့ကဲ့သို့ လင်းပါ၏။ မှောင်မိုက်သဘောနှင့် အလင်းသဘောသည် တူပါ၏။

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 John 2:5);

၅ ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။





ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၃ (Matt 23:27-32);

၂၇ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။
၂၈ ထိုအတူ သင်တို့သည် အပြင်၌လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့်ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။
၂၉ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက် မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊
၃၀ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သတ်သည်အမှုကို လက်မခံပြီဟု ဆိုကြ၏။
၃၁ ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကို သတ်သောသူတို့၏အမျိုးအနွှယ်ဖြစ်သည်ကို ကိုယ်အဘို့ကိုယ် သက်သေခံကြ၏။
၃၂ သို့ဖြစ်၍ ဘိုးဘေးတို့၏အကျင့်ပမာဏကို မှီအောင်ကျင့်ကြလော့။