Friday, 17 October 2014

17-OCTOBER-2014-(READING)

Fri the 17th:        Memorial of Ignatius of Antioch, bishop and martyr.
Eph 1:11-14; Ps 33:1-13; Ps 33:22; Luke 12:1-7

ဧဖက်သြဝါဒစာ အခန်းကြီး ၁ (Eph 1:11-14);

၁၁ သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သောဧဝံဂေလိတရားတည်း ဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။
၁၂ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီ ကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စားရန်ဖြစ်တော်မူ၏။
၁၃ ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင်၊
၁၄ သင်တို့ကို အကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ၏။

ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:1-13);

၁ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏၊၊
၂ စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊
၃ ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊
၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊ 

ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:22);

၂၂ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၂ (Luke 12:1-7);

၁ ထိုအခါအတိုင်းမသိများစွာသောလူတို့သည် စုဝေး၍ အချင်းချင်း နင်းမိမတတ်နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အားမိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်း ဟူသောဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။
၂ ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ရှိသမျှ တို့သည်လည်း ထင်ရှားလိမ့် မည်။
၃ မှောင်မိုက်၌သင်တို့ပြောသမျှသောအရာများကို သူတပါးတို့သည် အလင်း၌နားကြားကြလိမ့်မည်။ သင်တို့ သည်အခန်းထဲမှာနားအပါး၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည်။
၎ ငါ့အဆွေတို့၊ သင်တို့အားငါဆိုသည်ကား၊ ကိုယ်ခန္ဓွာကိုသတ်၍ နောက်တဖန် အလျှင်းမပြုနိုင်သော သူတို့ကိုမကြောက်ကြနှင့်။
၅ အဘယ်သူကိုကြောက်ရမည်နည်း ဟူမူကား၊ ကိုယ်ခန္ဓွာ ကိုသတ်ပြီးမှ ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကိုကြောက်ကြလော့။
၆ စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည် မဟုတ်လော။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။
၇ သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြ၏။