Sun the 19th: Psalter I, Ordinary Time Week 29.
(Optional memorial of Paul of the Cross, priest.)
Isa 45:1-6; Ps 96:1-10; 1 Thess 1:1-5; Phil 2:15-16; Matt 22:15-21
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၅(Isa 45:1-6);
၁ အကြင်သူ၏ ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသောတံခါးကို ဖွင့်ခြင်းငှာ၊ အကြင်သူ၏ လက်ျာလက်ကို ငါထောက်မ၏။ ထိုသူတည်း ဟူသော ကုရုမင်း၊ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသော မင်းအား မိန့်တော်မူသည်ကား၊
၂ သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ် ကိုညီစေမည်။ ကြေးဝါတံခါးတို့ကိုချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
၃ မှောင်မိုက်၌ ရှိသောဘဏ္ဍာ၊ လုံခြုံစွာဝှက်ထားသော ဥစ္စာတို့ကိုသင့်အားငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းကိုသင်သိရ လိမ့်မည်။
၎ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလအတွက်၊ ငါသည်သင့်ကို နာမည်ဖြင့်ခေါ်၏။ သင်သည်ငါ့ကိုမသိသော်လည်း၊ သင်၌နာမည်သစ်ကို ထပ်၍ပေးမည်။
၅ ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါးအခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။
၆ သို့ဖြစ်၍ ငါမှတပါး အခြားသောဘုရားမရှိ၊ ငါတပါးတည်း သာ ထာဝရ ဘုရားဖြစ်ကြောင်းကို၊ နေထွက်ရာ အရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၉၆ (Ps 96:1-10);
၁ ထာဝရဘုရားအား အသစ်သော သီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရား အား သီချင်းဆိုကြလော့။
၂ ထာဝရဘုရားအား သီချင်းဆို၍၊ နာမတော်ကို ကောင်းကြီးပေးကြလော။့ ကယ်တင်တော်မူခြင်း တရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။
၃ ဘုန်းတော်ကို တပါးအမျိုးသား တို့၌၎င်း၊ အံ့ဘွယ်သော အမှု တော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၎င်းဖော်ပြကြလော့။
၎ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်းချီးမွမ်းဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။
၅ တပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
၆ ဘုန်းတန်ခိုး အာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာနတော်၌ ရှိ၏။
၇ လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးအစွမ်းသတ္တိ ရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူ သည်ဟု ဝန်ခံကြလော့။
၈ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် တန်တိုင်းတော်သို့ ဝင်ကြလော့။
၉ သန့်ရှင်းသော တန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြ လော့။ မြေကြီးသား အပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်းရှိကြလော့။
၁၀ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓါတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများ ကို ဖြောင့်မတ်စွာ တရားစီရင်တော်မူလိမ့်မည်။
သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Thess 1:1-5);
၁ ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာ လောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
၂-၄ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့် ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်း တို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ် ချီးမွမ်း၍ သင်တို့အဘို့အလိုငှါ ဆုတောင်းပဌနာပြုလျက် နေကြ၏။
၅ ငါတို့သည် သင်တို့နှင့်အတူ နေသောအခါ သင်တို့အတွက် အဘယ်သို့သောသူ ဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် သင်တို့၌ စကားသက်သက်ဖြစ်သည်မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်င်း ပြည့်စုံသောတရားဖြစ်၏။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:15-16);
၁၅-၁၆ သို့ပြုလျှင် အပြစ်တင်ခွင့် မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲ နေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သော လူမျိုးအထဲ၌ အဘယ်အပြစ်မျှ မပါသောဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့် ဆိုင်သော နှုတ်ကပတ်တရားတော်ကိုပြသ၍၊ စကြာဝဠာ၌နေ၊ လ၊ ကြယ်နက္ခတ် ကဲ့သို့ ထိုလူမျိုး အထဲ၌ထွန်းလင်းကြ၏။ သို့ပြုလျှင်ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲ လျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏ နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂ (Matt 22:15-21);
၁၅ ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည်သူ၏ စကားကိုချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊
၁၆ မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည်သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘရားသခင်၏ တရားလမ်းကိုဟုတ်မှန်စွာ ပြတော်မူသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။
၁၇ သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင် တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သလော၊ မဆက်အပ်သလော အကျွန်ုပ်တို့အားမိန့်တော်မူပါဟု မေးလျှောက်ကြ၏။
၁၈ ယေရှုသည် ထိုသူတို့၏ဆိုးညစ်သောသဘောကိုသိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ် ကြောင့်ငါ့ကိုစုံးစမ်း နှောင့်ရှက်ကြသနည်း။
၁၉ အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတပြားကို၏ယူခဲ့ကြ၏။
၂၀ ဤပုံဤလိပ်စာကားအဘယ်သူ၏ ပုံအဘယ်သူ၏ လိပ်စာဖြစ်သနည်းဟုမေးတော်မူလျှင်၊
၂၁ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟုလျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြ လော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။