Wednesday, 29 October 2014

29-OCTOBER-2014-(READING)

Wed the 29th:    Eph 6:1-9; Ps 145:10-14; 2 Thess 2:14; Luke 13:22-30

ဧဖက်သြဝါဒစာ အခန်းကြီး ၆(Eph 6:1-9);
၁ သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။
၂-၃ မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။
၎ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်၊ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန် သင်ခြင်း ကို ပြုလျက်ကျွေးမွေးကြလော့။
၅ အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။
၆ လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကိုစောင့်၍၊
၇ လူ၏ အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏အစေကို ခံသကဲ့သို့ ကြည်ညိုသောသဘောနှင့် အစေကို ခံကြလော့။
၈ ကောင်းသောအကျင့်ကို ကျင့်သောသူမည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကို ခံရလိမ့်မည်ဟု သိမှတ်ကြလော့။
၉ သခင်တို့၊ ခြိမ်းချောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်း တူပြုကြလော့။ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို၎င်း၊ ထိုသခင်သည် အဘယ်သူ၏မျက်နှာ ကို မှတ်တော်မမူသည်ကို၎င်း သိမှတ်ကြလော့။

ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:10-14);

၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို  ထောက်မတော်မူ၏၊၊
၁၄ နှိမ့်ချသော သူအပေါင်းတို့ကို ကြွပင့်တော်မူ၏။

သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Thess 2:14);

၁၄ ထိုသို့ အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည်အကြောင်းတည်း။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:22-30);

၂၂ ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမသြဝါဒပေးလျက်၊ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏၊
၂၃ လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊
၂၄ ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအား ထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြ ဟုငါဆို၏။
၂၅ အိမ်ရှင်သည် တခါထ၍ တံခါးကိုပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အား ဖွင့်ပါဟုတောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာ သည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။
၂၆ ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသောမြို့ရွာ၌ ကိုယ်တော်သည် ဆုံးမသြဝါဒပေးတော်မူပြီဟု လျှောက်ပြန် သော်လည်း၊
၂၇ သခင်က၊ သင်တို့သည် အဘယ်ကလာ သည်ကို ငါမသိဟုငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှဖယ်သွားကြဟု ပြောလိမ့်မည်။
၂၈ ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှ စသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့နှင်ထုတ်ခြင်းကိုခံရသောအခါ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။
၂၉ ထိုအခါ အရှေ့နောက်တောင် မြောက် အရပ်လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံထဲတွင် လျောင်းရကြလတံ့။
၃၀ နောက်ကျသော သူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့သည် နောက်ကျကြလိမ့် မည်ဟု မိန့်တော်မူ၏။