Sun the 5th: Psalter III, Ordinary Time Week 27.
Isa 5:1-7; Ps 80:9-20; Phil 4:6-9; John 15:16; Matt 21:33-43
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅(Isa 5:1-7);
၁ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍၊ မေတ္တာသီချင်းကိုရှေ့တော်၌ ဆိုပေအံ့၊၊ မြေကောင်း သော တောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်တဆူရှိ၏၊၊
၂ မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော်မူ၏၊၊ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက်၍၊ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏၊၊ ထိုအခါစပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီးကို သီးပါသည်တကား၊၊
၃ ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။
၎ ငါ့စပျစ်ဥယျာဉ်၍ ငါကျေးဇူးပြုနိုင်လျက်၊ မပြုသေးသော အရာတစုံတခုရှိသလော၊၊ စပျစ်သီးကို သီးမည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီးကို အဘယ်ကြောင့်သီးသနည်း၊၊
၅ ယခုနားထောင်ကြ၊၊ ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည်အမှုကို သင်တို့အား ငါဘော်ပြမည်၊၊ စောင်ရန်းကိုငါပယ်ရှင်းသဖြင့်၊ သူတပါးတို့သည် စားကြလိမ့်မည်၊၊ အုတ်ရိုးကို ငါဖျိုသဖြင့်၊ သူတပါးတို့သည် ကျော်နင်းကြလိမ့်မည်၊၊
၆ ဥယျာဉ်ကိုငါရှင်းရှင်း ဖျက်ဆီးမည်၊၊ အဘယ်သူမျှ မပြင်ဆင်ရ၊၊ အဘယ်မျှပတူးမဆွရ၊၊ ဆူးပင်အမျိုးမျိုးပေါက်ကြလိမ့်မည်၊၊ ထိုဥယျာဉ်အပေါ်မှာလည်း မိုဃ်းမရွာစေခြင်းငှါ ငါပညတ် မည်။
၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ် ကား၊ ဣသရလအမျိုးတည်း၊၊ နှစ်သက်တော်မူသော ပျိုးပင်ကား၊ ယုဒလူတည်း၊၊ တရားစီရင်ခြင်းကို မြော်လင့်တော်မူသည်ရှိသော်၊ အသေတ်ခြင်းကိုင်း၊ ဖြောင့်မတ် ခြင်းအရာ၌လည်း ငိုကြွေခြင်းကိုင်း တွေ့မြင်တော်မူ၏၊
ဆာလံကျမ်း အခန်းကြီး ၈၀ (Ps 80:9-20);
၉ သူ၏နေရာကို ပြုပြင်တော်မူသဖြင့်၊ သူသည်အမြစ်ကျ၍ တပြည်လုံးကိုနှံ့ပြားပါ၏။
၁၀ သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက်အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း လွှမ်းမိုးကြပါ၏။
၁၁ သူသည် အခက်အလက်တို့ကို ပင်လယ်တိုင်အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင် ၎င်း ပြန့်ပွားစေပါ၏။
၁၂ ယခုမူကား၊ လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည် ဆွတ်စေခြင်းငှာ၊ သူ၏ခြံကို အဘယ်ကြောင့်ချိုးဖျက် တော်မူသနည်း။
၁၃ တောဝက်သည် ထိုအပင်ကို ကိုက်ခဲ၍ တောသားရဲသည်လည်းစားပါ၏။
၁၄ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင်၊ တဖန်ကြွလာတော်မူမည် အကြောင်း တောင်းပန်ပါ၏။ ကောင်းကင်ကကြည့်ရှု့တော်မူပါ။ ထိုစပျစ် နွယ်ပင်ကို အကြည့်အရှု့ကြွလာ တော်မူပါ။
၁၅ လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော့်အဘို့ ခိုင်မာစေ တော်မူသော ပျိုးပင်ကိုကွယ်ကာတော်မူပါ။
၁၆ မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။
၁၇ လက်ျာလက်တော်နှင့် ဆိုင်သောလူ၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။
၁၈ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာ ပြု ကြပါမည်။
၁၉ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကိုပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၄ (Phil 4:6-9);
၆ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်ပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။
၇ ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။
၈ ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သော အကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သော အကျင့်၊ ချီးမွမ်းဘွယ်သော အကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသောသီတင်း တပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်း ကြလော့။
၉ သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:16);
၁၆ သင်တို့သည် ငါ့ကိုရွေး ကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကိုရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သော အသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ (Matt 21:33-43);
၃၃ အခြားသောဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍အခြားသောပြည်သို့သွားလေ၏။
၃၄ အသီးသီးချိန်ရောက်သော အခါ၊ အသီးကိုခံစေခြင်းငှါငယ်သား တို့ကိုဥယျာဉ်စောင့်တို့ရှိရာသို့စေလွှတ်လေ၏။
၃၅ ထိုသူတို့သည် ငယ်သားများကိုဘမ်းပြီးလျှင်တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကိုခဲနှင့်ပစ်ကြ၏။
၃၆ နောက်တဖန် အရင်ထက်များသောအခြားငယ်သားတို့ကိုစေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူပြုကြ၏။
၃၇ နောက်ဆုံးဥယျာဉ်ရှင်က၊ ထိုသူတို့သည် ငါ့သားကိုအားနာကြ လိမ့်မည် ဟုဆို၍မိမိသားကို စေလွှတ်လေ၏။
၃၈ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူကိုသတ်၍သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်း တိုင်ပင်၍၊
၃၉ ဥယျာဉ်၏ သားကိုဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။
၄၀ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ် သို့ပြုမည်နည်းဟု မေးတော်မူ၏။
၄၁ ပရိသတ်တို့ကလည်း၊ ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့် မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အားထို ဥယျာဉ်ကို ငှါးပါလိမ့်မည်ဟုလျှောက်ကြ၏။
၄၂ ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏ ငါတို့မျက်မှောက်၌လည်း အံ့သြဘွယ်ဖြစ်၏ ဟူသောစကားကိုကျမ်း စာ၌သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။
၄၃ ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို သင်တို့မှ နှုတ်၍နိုင်ငံတော်၏အသီးကိုသီးအံ့သောလူမျိုးအား ပေးရလတံ့။