Tuesday, 10 November 2015

10-NOVEMBER-2015 (READING)

Tue the 10th:        Memorial of Leo the Great, pope and doctor.
Wis 2:23-3:9; Ps 34:1-19; John 14:23; Luke 17:7-10

ပညာပါရမီကျမ်းအခန်းကြီး; (2) (Wis 2:23-3:9);

၂၃။ဆုလာဘ်ကိုလည်း သူတို့အထင်မကြီးကြချေ။အမှန် စင်စစ်ကား၊ ဘုရားသခင်သည် လူကိုမပျက်စီးမယို ယွင်းနိုင်ရန် ဖန်ဆင်းတော်မူခဲ့၏။ ကိုယ်တော်သည် မိမိ၏ ဇာတိ ပကတိ ရွှေပုံသဏ္ဍာန်တော်အတိုင်းဖန်
၂၄။ဆင်းတော်မူခဲ့၏။ သို့ရာတွင် နတ်ဆိုး၏ မနာလို ၀န်တိုမှုကြောင့် သေခြင်းတရားသည် ကမ္ဘာလောက
၂၅။ကြီးထဲသို့ဝင်ရောက်လာခဲ့၏။ နတ်ဆိုးဘက်တော် သားများသည်ထိုသေခြင်းတရားကိုခံစားကြကုန်၏။
၁။ဖြောင့်မတ်သော သူတို့၏ ၀ိညာဉ်တို့သည် ဘုရား သခင်၏လက်တော်တွင် ရှိကြ၍မည်သည့်ဘေးဒုက္ခ
၂။မျှသူတို့ကိုမထိရပေ။  အသိတရားမဲ့သူတို့၏အမြင် အရ ထိုသူတို့သည် သေကြဟန်ရှိ၍၊သူတို့၏ထွက်
ခွာသွားခြင်းကို ဆင်းရဲဒုက္ခဟု ထင်မြင်ကြ၏။
၃။ငါတို့ထံမှသူတို့ခွဲခွာသွားကြခြင်းသည်ဖျက်ဆီးခြင်း ခံရသကဲ့သို့ဖြစ်ပေ၏။သို့သော်သူတို့သည်အေးချမ်း သာယာသော အခြေအနေ၌ ရှိကြကုန်၏။
၎။လူတို့အမြင်အရမူ သူတို့သည် ဒဏ်ခံရဟန်ရှိသော် လည်းသူတို့၏ မျှော်လင့်ချက်သည် သေခြင်းတရား
၅။ကင်းမဲ့သောသဘော နှင့် ပြည့်လျက်ရှိ၏။ ဝေဒနာ အနည်းငယ်ခံရသော်လည်းသူတို့ရရှိမည့်ကောင်းချီး  မင်္ဂလာများသည် ကြီးမားလှပေ၏။ ဘုရားသခင် သည် သူတို့ကို စုံစမ်းတော်မူရာ၌ သူတို့သည်ကိုယ် တော်နှင့် ထိုက်တန်ကြောင်းတွေ့မြင်တော်မူ၏။
၆။မီးဖိုထဲမှာရွှေကိုသန့်စင်ရသကဲ့သို့သူတို့ကိုစမ်းသပ်တော်မူ၍၊ မီးရှို့ရာ ယဇ်ပူဇော်သက္ကာကဲ့သို့သူတို့ကို
၇။လက်ခံတော်မူ၏။ကိုယ်တော်သည်သူတို့ကိုအကြည့် အရှုဉပရန် <ကလာတော်မူမည့်အချိန်တွင်သူတို့သည် ရိုးပြတ်ငုတ်များကိုလောင်သောမီးတောက်မီးလျှံကဲ့
၈။သို့ ထွန်းလင်း တောက်ပကြလိမ့်မည်။ သူတို့သည် တိုင်းနိုင်ငံများကို တရားစီရင်၍ လူမျိုးတကာတို့ကို အုပ်ချုပ်ကြလိမ့်မည်။ ဘုရားသခင်သည် သူတို့၏ ဘုရင်အဖြစ် အစဉ်ထာဝရ အုပ်စိုးတော်မူလိမ့်မည်။
၉။ကိုယ်တော်ကို ယုံကြည်အားကိုးသော သူတို့သည် အမှန်တရားကို နားလည်ကြလိမ့်မည်။သစ္စာရှိသော သူတို့သည်ကိုယ်တော်နှင့်အတူချစ်ခြင်းမေတ္တာတော်၌ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကျေးဇူး တော်နှင့် ကရုဏာတော်တို့သည် ကိုယ်တော်ရွေး ကောက်တော်မူသော သူတော် သူမြတ်တို့အပေါ်မှာ သက်ရောက်လိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၃၄(Ps 34:1-19);

၁ ဒါဝိဒ်သည်အဘိမလက်မင်း ရှေ့မှာထူခြားသော အခြင်းအရာကို ပြုသဖြင့်နှင်ထုတ် ခြင်းကိုခံရ၍ထွက်သွားသောအခါ စပ်ဆိုသောဆာလံ၊၊ ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရ ဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ် မပြက် မြွက်ဆိုမည်။
၂ ငါ့ဝိညာဉ် သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေသော။
၃ ငါ့နှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်းချီး မြှောက်ကြကုန်အံ့။
၎ ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက် မက်ဖွယ်သော အကြောင်းအလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။ 
၅ ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
၆ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်း အသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွတ်တော်မူ၏။
၇ ထာဝရဘုရားကို ကြောက်ရွံ့သော  သူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။ 
၈ ထာဝရ ဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသော သူသည် မင်္ဂလာရှိ၏။
၉ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သော သူတို့၌ ဆင်းရဲခြင်းမရှိရာ။
၁၀ ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူ တို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာ။
၁၁ အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း တရားကို သင်တို့အားငါသွန်သင်မည်။
၁၂ ကောင်းမွန်သောအရာကို တွေ့မြင်မည်အကြောင်း၊ အသက်ရှင်ခြင်းနှင့် တကွ နေ့ရက်ကာလကို တောင့်တလိုချင်သောသူမည်ကား၊
၁၃ ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။
၁၄ ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတပါးနှင့်အသင့် အတင့်နေခြင်းကို ရှာ၍ မှီအောင်လိုက်လော့။
၁၅ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ ကိုကြည့်ရှု တော်မူ၏။ သူတို့ အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။
၁၆ ဒုစရိုက်ကို ပြုသော သူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှာပယ်ရှင်းမည်အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထား တော်မူ၏။
၁၇ ဖြောင့်မတ် သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲ ထဲကကယ်လွတ်တော်မူ၏။
၁၈ ထာဝရဘုရားသည် ကျိုးပဲ့သော စိတ်ရှိသောတို့နှင့် နှလုံးကြေကွဲ သော သူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသော သူတို့ကိုလည်း ကယ်တင်တော်မူ၏။
၁၉ ဖြောင့်မတ်သော သူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ် တော်မူ၏

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);

၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇ (Luke 17:7-10);

၇ အစေအပါးသည် လယ်ထွန်သော်၎င်း၊ သိုး၊ နွားကျောင်းသော်၎င်း၊ လယ်ပြင်မှလာ၍ အိမ်သို့ ဝင်သောအခါ၊ ထိုအစေအပါးကို၊ အသော့လာ၍ စားပွဲ၌လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။
၈ ထိုအစေအပါးကို၊ ငါစားစရာဘို့ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကိုလုပ်ကြွေးလော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။
၉ ထိုအစေအပါးသည် သခင်စီရင်သည်အတိုင်း ပြုသော ကြောင့်၊ သခင်၌ကျေး ဇူးတင်သလော။ ကျေးဇူးမတင်။
၁၀ ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ကျေးဇူးပြုသော အစေအပါဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ ဟုမိန့် တော်မူ၏။