Wed the 11th: Memorial of Martin of Tours, bishop.
Wis 6:1-11; Ps 82:3-7; 1 Thess 5:18; Luke 17:11-19
ပညာပါရမီကျမ်းအခန်းကြီး; (6) (Wis 6:1-11);
ဘာသာတရားနှင့်ဆိုင်သောသစ္စာသမာဓိ မရှိလျှင်Óဏ်ပညာမရှိချေ။
၁။ဘုရင်များတို့ နားထောင်ကြလော၊ နားလည်သဘော ပေါက်ကြလော့၊ ကမ္ဘာမြေကြီးစွန်းတိုင်အောင် တရား စီရင်ရသောတရားသူကြီးများတို့၊ သင်ယူကြလော့။
၂။လူမြောက်များစွာကို အုပ်ချုပ်ရ၍ နိုင်ငံများစွာတို့ကို အုပ်စိုးရသောသင်တို့၊ နားကိုစွင့်၍ သတိဉပကြလော့။
၃။အဘယ်ကြောင့်ဆိုသော် သင်တို့၏ သြဇာအာဏာ သည်ဘုရားသခင်ထံမှလာ၏။သင်တို့၏အချုပ်အခြာ အုပ်စိုးမှုသည်အမြင့်ဆုံးသောအရှင်သခင်ထံမှဖြစ်၏။ ကိုယ်တော်သည် သင်တို့ လုပ်ရပ်များကို စစ်ဆေး၍ သင်တို့၏အကြံအစည်များကို စီစစ်တော်မူလိမ့်မည်။
၎။သင်တို့သည် ကိုယ်တော်၏ နိုင်ငံတော်တွင်ကိုယ်စား လှယ် အကြီးအမှူးများဖြစ်ကြသော်လည်းဖြောင့်မတ် မှန်ကန်စွာတရားမစီရင်ကြ၊သင်တို့သည်တရားဥပဒေကို မလိုက်နာဘဲ ဘုရားသခင်၏အလိုတော်အတိုင်း လည်း မလျှောက်လှမ်းကြ။
၅။ကိုယ်တော်သည် သင်တို့ကို အပြစ်ပေးရန် ကြောက် မက်ဖွယ်ကောင်းစွာ အလျှင်အမြန်<ကလာမည်။အမြင့် မှာရှိသော သူတို့အပေါ်တွင် တရားစီရင်ခြင်းသည်
၆။ပြင်းထန်တင်းကြပ်လိမ့်မည်။ နိမ့်ကျသော သူတို့မှာမူ သနားကရုဏာတော်ကြောင့် အပြစ်ခွင့်လွှတ်ခြင်း ခံရ လိမ့်မည်။ သို့သော် ခွန်အားကြီးသော သူတို့ကို ပြင်း
၇။ထန်စွာ စစ်ဆေးမေးမြန်းလိမ့်မည်။အကြောင်းမူကား၊ လူခပ်သိမ်းတို့၏ အရှင်သခင်သည် မျက်နှာလိုက် ခြင်းမရှိ၊ ကြီးမားထည်ဝါခြင်းကိုလည်း ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည်ကြီးသူ၊ ငယ်သူ၊မခွဲခြားဘဲ တူညီစွာ
၈။ကြည့်ရှုစောင့်ရှောက် တော်မူသောကြောင့်တည်း။ သို့ သော် တန်ခိုးကြီးသူတို့အတွက် ကိုယ်တော်၏ စီရင်
၉။တော်မူခြင်းကိုတင်းကြပ်စွာထားလိမ့်မည်။ထို့ကြောင့် အသင်ဘုရင်များတို့၊ သင်တို့သည် Óဏ်ပညာကို သင်ယူလေ့လာပြီးလျှင် အပြစ်ကိုမကျူးလွန်ရအောင်
၁၀။ရည်ရွယ်၍၊ ငါပြောဆိုခြင်းဖြစ်ပါ၏။ သန့်ရှင်းမြင့် မြတ်သော ပညတ်ဥပဒေကို သန့်ရှင်း စင်ကြယ်စွာ ထိန်းသိမ်း လျှောက်လှမ်းသူတို့အား သူတော်စင်များ ဟု သတ်မှတ်လိမ့်မည်။ ဤသည်တို့ကို လေ့လာသင် ယူသော သူသည် မိမိအတွက် ခုခံကာကွယ်ပေးခြင်း
၁၁။ခံရလိမ့်မည်။ ထို့ကြောင့် ငါ၏စကားကိုကြားနာချင် သောဆန္ဒရှိကြလော့။ တမ်းတကြလော့။သင်တို့သည် လေ့လာဆည်းပူးခွင့်ရကြလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၈၂ (Ps 82:3-7);
၃ ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူတို့ဘက်၌ တရားစီရင်ကြလော့။
၎ ဆင်းရဲ သောသူနှင် ငတ်မွတ်သော သူတို့ကို မတရားသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။
၅ သူတို့သည် မသိ၊ နားမလည်ကြ။ မှောက်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ် အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။
၆ သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသောဘုရား၏ သားဖြစ်ကြ၏ဟု ငါဆိုသတည်း။
၇ သို့သော် လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသောမင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။
သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၅ (1 Thess 5:18);
၁၈ အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇ (Luke 17:11-19);
၁၁ ယေရုရှလင်မြို့သို့ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌ ရှောက်သွားတော်မူ၏။
၁၂ ရွာတရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊
၁၃ သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။
၁၄ ယေရှုသည်မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်း သို့ရောက်ကြ၏။
၁၅ ထိုသူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏။
၁၆ ခြေတော်ရင်း၌ ပြပ်ဝပ်၍ ကျေးဇူးတော်ကြီးလှ ပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူဖြစ်သတည်း။
၁၇ ယေရှုကလည်း၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။
၁၈ ဤတပါး အမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက်မျှမရှိသလောဟု မေးတော်မူပြီးမှ၊
၁၉ သင်ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကို ငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။