Tue the 17th: Memorial of Elizabeth of Hungary, religious.
2 Macc 6:18-31; Ps 3:1-7; 1 John 4:10; Luke 19:1-10
မက္ကဘေဦးသမိုင်း (ဒုတိယစောင်) အခန်းကြီး (၆) (2 Macc 6:18-31)း
ဧလိယာဇာသည် တရားတော်အတွက် အသေခံခြင်း
၁၈။ထင်ပေါ်ကျော်ကြားသော ကျမ်းတတ် ဆရာတစ်ဦး ဖြစ်ပြီး၊ အသက်အရွယ်ကြီးရင့်၍ ခန့်ညားလေးစား ဖွယ်ကောင်းသော ဧလိယာဇာ၏ ပါးစပ်ကိုအတင်း
၁၉။အဓမ္မဖွင့်ကာ ၀က်အသားကို စားစေ၏။ သို့သော် ဧလိယာဇာမူကား ညစ်ညူး၍ ဂုဏ်အသေရေပျက် လျက် အသက်ရှင်နေရသည်ထက် ဂုဏ်သိက္ခာနှင့် သေရန်ရွေးချယ်ပြီး ၀က်သားကို ထွေးပစ်လျက် မိမိကိုသေသည့်အထိ ရိုက်နှက်မည့်နေရာသို့ မိမိ ဆန္ဒအလျောက် တက်သွားခဲ့လေ၏။
၂၀။ ပညတ်ဥပဒေ က တားမြစ်ထားသော အရာများကိုဉပလုပ်ရန် ငြင်း ဆန်ဝံ့သော သူတို့သည် သဘာဝအားဖြင့် ငဲ့ညှာရ မည်ဖြစ်သော မိမိတို့ အသက်ကိုပင် စွန့်လွှတ်ခဲ့
၂၁။ကြ၏။ တရားတော်နှင့်မညီသော စားသောက်ပွဲကို ကြည့်ရှုသူတို့သည် သူနှင့်ကြာမြင့်စွာ ခင်မင်ရင်းနှီး ခဲ့ကြသောကြောင့် သူကိုယ်တိုင်တရားတော်နှင့်အညီ ပြင်ဆင်ထားသော အမဲသားကို ဘုရင်ကအမိန့် ထုတ်ထားသော ယဇ်ပူဇော်ခြင်း၏ အသားစားသည့် အသွင်ဖြင့် အများရှေ့မှာ ဟန်ဆောင် စားသုံးကြပါ ရန် သူအား တိတ်တဆိတ် တိုက်တွန်းကြ၏။
၂၂။ဤသို့ဉပခြင်းဖြင့် သူသည်မိမိ၏ အသက်ကိုကယ် ဆယ်ရာရောက်၍ ထိုသူတို့နှင့်ကြာမြင့်စွာ သိကျွမ်း ခဲ့ရသည့်အတွက်ကြောင့် သက်ညှာစွာ ဉပမူဆက်ဆံ
၂၃။ခြင်းကိုခံရမည်ဖြစ်၏။ သို့သော် မိမိအသက်တာ၏ ဂုဏ်သိက္ခာ၊ မိမိ၏ ကြီးရင့်သော အသက်အရွယ်၊ မိမိ၏ ဖြူဖွေးသောဆံပင်တို့က ထူးခြားထင်ပေါ်စေ သော အဆင့်အတန်းနှင့် မိမိငယ်ရွယ်စဉ်မှစ၍ ရရှိ ခံစားခဲ့သည့် ကောင်းမြတ် မှန်ကန်သော ဘ၀နှင့် ထိုက်တန်သည့် ဆုံးဖြတ်ချက်ချင်းချခဲ့၏။ ထိုမျှမက ဘုရားသခင် ကိုယ်တော်တိုင် ပေးတော်မူသောပညတ် တော်ကို ရိုသေလေးစားသောကြောင့် မိမိကိုသေမင်း နိုင်ငံသို့သာ ပို့ရန်ချက်ခြင်းထုတ်ဖော်ကြေငြာလေ၏။
၂၄။သူက ဤကဲ့သို့ ဟန်ဆောင်ခြင်းသည် ငါ့အသက် အရွယ်နှင့် မကိုက်ညီဘဲ ဧလိယာဇာသည် အသက်အရွယ်ကြီးရင့်မှ အခြားဘာသာအယူဝါဒသို့ ကူးပြောင်းသည်ဟု လူငယ်များက ထင်မှတ်ကြပေ
၂၅။လိမ့်မည်။ ဤသို့ ဟန်ဆောင်ခြင်းကြောင့် အနည်း ငယ်သာပို၍ အသက်ရှည်ရမည် ဖြစ်သော်လည်း ငါသည် ငါ့အသက်အရွယ်ကို သိက္ခာမဲ့ထိခိုက်လျက် ဉပသောကြောင့် သူတို့သည် လမ်းမှားသို့ ရောက်သွား
၂၆။ကြလိမ့်မည်။ အကြောင်းမူကား ယခုငါသည်လူတို့ ပေးသော အပြစ်ဒဏ်ကို ရှောင်တိမ်းနိုင်သော်လည်း ငါအသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရား သခင်၏ လက်တော်မှ လွတ်မြောက်နိုင်လိမ့်မည်
၂၇။မဟုတ်။ ထို့ကြောင့် ငါသည် ယခုငါ့အသက်ကိုစွန့် လွှတ်နိုင်သောသတ္တိရှိပါလျှင်ငါ့အသက်အရွယ်အိုမင်း ခြင်းနျင့်ထိုက်တန်သည်ကို သက်သေခံလျက်။
၂၈။လူငယ်များကိုလည်းဂုဏ်ယူဖွယ်ကောင်းသောစံနမူနာတစ်ခုထားရစ်ခဲ့ပြီး၊ သန့်ရှင်း ရိုသေအပ်သောဥပဒေ များအတွက် စိတ်အား ထက်သန်စွာကောင်းသောသေ ခြင်းကို သေနိုင်ကြောင်း ပြသရာရောက်ပေမည်ဟုဆို လေ၏။ဤသို့ပြောဆိုပြီးသောအခါသူသည်အရိုက်အ
၂၉။နှက်ခံရန် တုံးရှိရာသို့ချက်ချင်းသွားလေ၏။ စောစော က သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သောသူများ သည် ယခုချက်ချင်းပင်မကောင်းစိတ်သို့ပြောင်းသွား ကြ၏။ အဘယ်ကြောင့် ဆိုသော် သူတို့ အမြင်တွင် သူပြောခဲ့သောစကားများသည်ရူးမိုက်ခြင်းသက်သက်ဖြစ်သည်ဟု ထင်ကြသောကြောင့်တည်း။
၃၀။ရိုက်နှိက်ခံရခြင်းကြောင့်အသက်ထွက်လုဆဲဆဲတွင်သူသည် ကျယ်လောင်စွာ ညည်းတွားလျက် ဆိုသည်မှာ ငါသည်သေခြင်းမှလွတ်မြောက်ရန် မိမိကိုယ်ကိုကယ် တင်နိုင်ခွင့် ရရှိခဲ့သော်လည်း ဤပြင်းထန်သောရိုက် နှိက်ခြင်းကြောင့်နာကျင်ခြင်းဝေဒနာကိုခံထမ်းလျက်ရှိကြောင်းကိုယ်တော်၏သန့်ရှင်းသောÓဏ်ပညာတော်အားဖြင့် ကိုယ်တော်သည် သိတော်မူပါ၏။
၃၁။ဤသို့ဖြင့် သူ၏ သေခြင်းသည် လူငယ်များအတွက် သာမက မိမိလူမျိုး အားလုံးအတွက် သီလပါရမီနှင့် ဇွဲသတ္တိတို့၌ စံနမူနာ ယူထိုက်သော အသေခံခြင်းကို အမှတ်တရထားရစ်ခဲ့၏။
ဆာလံကျမ်း အခန်းကြီး ၃ (Ps 3:1-7);
၁ ဒါဝိဒ်သည် သားတော် အာဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသော ဆာလံ။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့သည် အလွန်တိုးပွား၍ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏၊၊
၂ သူသည် ဘုရားသခင်ကို အမှီပြု၍ ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင်၍ ပြောသူအများရှိကြပါ၏။
၃ သို့သော်လည်း အိုထာဝရဘုရားကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ်၏ ဘုန်းလည်းဖြစ်တော်မူ၏၊၊ အကျွန်ုပ်၏ ဦးခေါင်းကို ချီကြွသော သူလည်း ဖြစ်တော်မူ၏၊၊
၎ ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏၊၊
၅ ထာဝရဘုရားသည် ငါ့ကို မစတော်မူသောကြောင့် ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏၊၊
၆ ငါ့ကို ရန်ဘက်ပြု၍ ဝန်းရံသောသူအထောင်အသောင်းကို ငါမကြောက်ဘဲနေမည်၊၊
၇ ထိုထာဝရဘုရားထတော်မူပါ၊၊ အကျွန်ုပ်၏ ဘုရားသခင် အကျွန်ုပ်ကို ကယ်မတော်မူပါ၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍ မတရားသောသူတို့၏ သွားကိုချိုးတော်မူ၏၊၊
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 John 4:10);
၁၀ ငါတို့သည်ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:1-10);
၁ ယေရှုသည် ယေရိခေါမြို့သို့ဝင်၍ ရှောက်သွားတော်မူ၏။
၂ ထိုအခါ ဇက္ခဲ အမည်ရှိသောအခွန်ခေါင်း တယောက်ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။
၃ ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိအရပ်လည်း နိမ့်သည်ဖြစ်၍မမြင်နိုင်။
၎ ထိုကြောင့် ကြွတော်မူမည့် လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကိုမြင်အံ့သောငှါ သဖန်းပင်တပင်ကိုတက်လေ၏။
၅ ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကိုမြင်တော်မူလျှင်၊
၆ ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ယနေ့ ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျှင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိ အိမ်၌ဧည့်ခံလေ၏။
၇ ထိုအကြောင်းကို လူအပေါင်း တို့သည်မြင် လျှင်၊ ဆိုးသောသူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့ပြစ်တင်ကြ၏။
၈ ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံတယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ ပေးပါ၏ဟု သခင်ဘုရားကိုလျှောက်ဆို၏။
၉ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏ သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။
၁၀ လူသားသည် ပျောက်သော သူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။