Saturday, 14 November 2015

14-NOVEMBER-2015 (READING)

Sat the 14th:    Wis 18:14-16; 19:6-9; Ps 105:1-43; 2 Thess 2:14; Luke 18:1-8

ပညာပါရမီကျမ်းအခန်းကြီး (18) (Wis 18:14-16; 19:6-9);

၁၄။သူတို့ဝန်ခံအသိအမှတ်ဉပလာရလေ၏။အားလုံးအပေါ် မှာ တိတ်ဆိတ်ငြိမ်သက်ခြင်း လွှမ်းမိုးသည့်အခိုက်ည သည်လည်း လျှင်မြန်စွာတစ်ဝက်ကျိုးသွားလေ၏။
၁၅။ထိုအခါအားလုံးစုံကိုတတ်နိုင်တော်မူသောကိုယ်တော်၏နှုတ်ကပတ်တော်သည် ကောင်းကင်ရှိ ရာဇပလ’င် တော်မှ ကျိန်စာသင့်သော တိုင်းပြည်သို့ ရက်စက် ကြမ်းကြုတ်သော စစ်သူကြီးသဖွယ်ဆင်းသက်လာ၍ ကိုယ်တော်၏ကြောက်မက်ဖွယ် အမိန့်တော်ကို။
၁၆။ထက်မြက်သောဓားကဲ့သို့ကိုင်ဆောင်ထားလေ၏။သူသည် နိုင်ငံတစ်ဝှမ်းလုံးကို သေခြင်းနှင့် ပြည့်နှက်စေ လျက်သူသည်ကမ္ဘာမြေကြီးပေါ်မှာရပ်နေခိုက်ကောင်းကင်ကိုလည်း လှမ်းမီနိုင်လေ၏။
၆။ဖန်ဆင်းခြင်း တစ်ခုလုံးတွင် အမျိုးမျိုးသော ဖန်ဆင်းခံတို့သည်ကိုယ်တော်၏ဥပဒေများကိုနာခံကြပြီးဇာတိပကတိသဘောကိုအသစ်ဉပပြင်ပြောင်းလဲကြသည်ဖြစ်ရာ ကိုယ်တော်၏  လူမျိုးတော်သည်လည်း ဘေးမသီ ရန်မခအန္တရာယ် ကင်းစေရန်ဖြစ်၏။
၇။မိုးတိမ်သည် သူတို့တဲစခန်းပေါ်မှာဖုံးလွှမ်းလျက်ရေရှိ နေရာအရပ်မှာ ခြောက်သော ကုန်းမြေပေါ်လာ၍ပင် လယ်နီထဲတွင် အဆီးအတားမဲ့လမ်း ဖြစ်ပေါ်လာ၏။ ပြင်းထန်သောရေလှိုင်းများနေရာတွင်မြက်ခင်းပြင်ဖြစ်
၈။လာ၏။လူမျိုးစုတစ်ခုလုံးသည်ကိုယ်တော်၏လက်ရုံး တော်နှင့် ကာကွယ်စောင့်ရှောက်မှုအားဖြင့်အံ့သြဖွယ် ရာ အဖြစ်အပျက်များကို ငေးမောကြည့်ရှုယင်း ဖြတ်
၉။ကျော်ကူးသန်းခဲ့၏။ အကြောင်းမူကား၊ သူတို့သည် စားကျက်သို့ ခေါ်ဆောင်သွားခြင်းခံရသော မြင်းများ ကဲ့သို့ဖြစ်ပြီး သိုးများကဲ့သို့ခုန်ပေါက်ကြ၍၊ သူတို့၏ ကယ်ချွတ်ရှင် ကိုယ်တော်ကိုချီးမွမ်းထောပနာဉပကြပါ ၏သခင်ဘုရား။

ဆာလံကျမ်း အခန်းကြီး ၁၀၅(Ps 105:1-43);

၁ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကိုပဌာနပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။
၂ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြ လော့။အံ့ဘွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။
၃ သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက် ကြလော့။ ထာဝရ ဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။
၎ ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။
၅ စီရင်တော်မူသော အံ့သြဘွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၎င်း၊အောက်မေ့ကြလော့။
၆ ထာဝရဘုရား၏ ကျွန်အာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊
၇ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။
၈-၁၀ ငါသည်သင်တို့အမွေခံရာဘို့ ခါနာန်ပြည်ကိုသင်၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့် မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ် လျက်နေသောအခါ ၊ အာဗြဟံ၌ ဂတိထား၍၊ ဣဇာတ်ကို ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊လူမျိုး အဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်း ဟူသော ဝန်ခံခြင်းတရားကို အစဉ်အမြဲအောက်မေ့တော်မူ၏။
၁၃ သူတို့သည် တမြို့မှ တမြို့သို့၎င်း၊ တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊
၁၄ သူတို့ကို ညှင်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ၊ သူတို့အတွက်လည်း ရှင်ဘုရင်ကို  ဆုံးမလျက်၊
၁၅ ငါ့ထံ၌ ဘိတ်သိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖတ်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
၁၆ တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖြတ်တော်မူသောအခါ၊
၁၇ ကျွန်ဖြစ်စေဘို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာစေလွှတ်တော်မူ၏။
၁၈ သူ့ ကိုခြေချင်းခတ်၍ သံနှင့်ညှင်းဆဲကြသည်။
၁၉ သူ၏စကားမပြည့်စုံမီ တိုင်အောင်၊ ထာဝရဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။
၂၀ လူတို့ကိုအစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။
၂၁ သူသည်  မိမိအလိုရှိသည့် အတိုင်းမင်းအရာရှိတို့ကို ချည်နှောင်၍၊ မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင်သော
၂၂ အခွင့်နှင့်နန်းတော်အုပ်  ၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
၂၃ ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက်လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာ ပြည်၌ တည်းခို၏။
၂၄ ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြားစေ၍၊ ရန်သူတို့ထက်အားကြီးစေတော်မူ၏။
၂၅ မိမိလူတို့ကို ရန်သူတို့သည် မုန်း၍၊မိမိကျွန်တို့ကို ပရိယာယ်ပြုမည်အကြောင်း၊ ထိုသူတို့စိတ်နှလုံးကို ပြောင်းလဲစေ တော်မူ၏။
၂၆ တဖန်မိမိကျွန်မောရှေနှင့် ရွေးကောက်တော်မူသောအာရုန်ကို စေလွတ်တော်မူ၏။
၂၇ အဲဂုတ္တုပြည်သား တို့တွင် လက္ခဏာသက်သေတော်တို့ကို  ပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။
၂၈ မှောင်မိုက်ကို စေလွှတ်၍၊ မိုက်မဲစေတော်မူ၏။သူတို့ သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရ။
၂၉ သူတို့ရေများ ကို အသွေးဖြစ်စေ၍၊ ငါးများကိုသေစေတော်မူ၏။
၃၀ သူတို့  မြေသည်များစွာသောဘားတို့ကို မင်းအိပ်ရာ အခန်းတို့၌ ပင်ဘွားလေ၏။
၃၁ အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည်လုံးကို  နှံပြားကြ၏။
၃၂ မိုဃ်းရေအစားမိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ်မှာ မီးလျှံကို၎င်း ပေးတော်မူ၏။
၃၃ သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘော သဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ ရှိသောသစ်ပင်များကို ချိုးတော်မူ၏။
၃၄ အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့ သည် လာ၍၊
၃၅ သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေသြဇာအသီး အနှံတို့ကို၎င်းကိုက်စားကြ၏။
၃၆ သူတို့အစွမ်းသတ္တိ အထွဋိအမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူသည်။
၃၇ မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော်မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတစ်ယောက်မျှ မရှိ။
၃၈ အဲဂုတ္တုပြည်   သည်သူတို့ကိုကြောက်သောကြောင့်၊ သူတို့သည်ထွက်သွားသော အခါ တပြည်လုံးဝမ်းမြောက် ၏။
၃၉ သူတို့အပေါ်မှာ မိုဃ်းတိမ်ကို ဖြန့်မိုး၍ညဥ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။
၄၀ သူတို့သည် တောင်းသောအခါ ငုံးများကိုဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲစေတော်မူ၏။
၄၁ ကျောက်ကို လည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ ခြောက်သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။
၄၂ အကြောင်းမူ ကား၊ မိမိကျွန်အာဗြဟံ၌ ထားခဲ့ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော်မူ၏။
၄၃ ရွေးကောက်တော် မူသော မိမိလူတို့ကို ဝမ်းမြောက်ရွင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။
၄၄ သူတို့သည်အထုံးအဖွဲ့တော်တို့ အတိုင်းကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည့်အကြောင်း တပါးအမျိုးသားတို့၏ မြေကိုပေးတော်မူသဖြင့်၊ သူတို့သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားကြရ၏။ ဟာလေလုယ။

သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Thess 2:14);

၁၄ ထိုသို့ အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည်အကြောင်းတည်း။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၈(Luke 18:1-8);

၁ လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော် မူသည်ကား၊
၂ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကိုအားမနာတတ်သော တရားသူကြီးတယောက်ရှိ၏။ 
၃ ထိုမြို့၌နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက် အောင် အပြစ်အလျောက် ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း၊
၎ တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကိုမကြောက်ရွံ့၊ လူကိုအားမနာတတ်သောသူဖြစ်သော်လည်း၊
၅ ဤမုတ်ဆိုးမ သည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကိုပင်ပန်းစေလိမ့်မည် ဟု စိတ်ထဲ၌အကြံရှိ၏။
၆ မတရားသော ထိုတရားသူကြီး၏အကြံကို မှတ်ကြလော့။
၇ ဘုရားသခင်ရွေးကောက် တော်မူသောသူတို့သည် ညဥ့်နေ့မပြတ် အော်ဟစ်၍တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။
၈ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီး ပေါ်မှာတွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။