Monday, 16 November 2015

16-NOVEMBER-2015 (READING)

Mon the 16th:        Optional memorial of Margaret of Scotland.
                            Optional memorial of Gertrude, virgin.
1 Macc 1:10-63; Ps 119:53-158; John 8:12; Luke 18:35-43

မက္ကဘေဦးသမိုင်း (ပထမတွဲ)အခန်းကြီး (၁) (1 Macc 1:10-63)း

၁၀။အလက်ဇန္ဒားနတ်ရွာ စံပြီးနောက်ထိုသူအားလုံးတို့သည် သရဖူများဆောင်း ကြ၍သူတို့၏သားများသည်လည်း သူတို့နောက်တွင် နှစ်ပေါင်းများစွာထိုသို့ဉပခဲ့ကြ၏။ သူတို့သည်ကမ္ဘာ 
၁၁။ပေါ်တွင် မကောင်းမှုများကို ပိုမိုတိုးပွားစေခဲ့ကြ၏။ ထိုသူတို့၏ အမျိုးအနွယ်မှ အပြစ်မကောင်းမှုနှင့် ပြည့်နှက်နေသော အစွယ်အပွားတစ်ခု ပေါ်ပေါက် လာ၏။ ယင်းကား ရောမဉမိ့တွင် ချုပ်နှောင်ခံနေရ သောဘုရင်အန္တီယော့ကု၏သား အန္တီယော့ကုဧပီ ဖားနစ်ပေတည်း။ သူသည် ဂရိနိုင်ငံတော်၏ ခုနှစ် သက္ကရာဇ် တစ်ရာ့သုံးဆယ်ခုနှစ်နှစ် (ဘီစီ၁၇၅ခုနှစ်) တွင်စတင်အုပ်စိုးလေ၏။
၁၂။ထိုနေ့ရက်တို့၌ ဘုရားတရားမဲ့ကြသော လူတို့သည် အစ္စရေးလ်မှ လာကြလျက်လူများစွာတို့အား လမ်း မှားသို့ခေါ်ဆောင်ကြပြီး ငါတို့သည် သွားကြ၍ ဘာသာခြားလူမျိုးတို့နှင့် မိတ်ဖွဲ့ကြစို့။ အဘယ် ကြောင့်ဆိုသော် ငါတို့သည်သူတို့နှင့် ကွဲပြားခြားနား နေသောကြောင့် ငါတို့အပေါ်တွင် များစွာသော ဘေး
၁၃။ဒုက္ခများကျရောက်လျက်ရှိ၏ဟု ဆိုကြ၏။ ဤအကြံ
၁၄။ဉပချက်ကို များစွာသောသူတို့က နှစ်သက်လက်ခံခဲ့ ကြ၏။ ထို့ကြောင့် အချို့သောသူတို့သည် စိတ်အား ထက်သန်စွာဘုရင်ထံသို့ ချဉ်းကပ်ကြ၏။ သူသည် လည်း၎င်းင်းတို့အား ဘာသာခြားတို့၏ ဓလေ့ထုံးစံတို့
၁၅။ကိုလိုက်နာရန် အခွင့်ဉပလေ၏။ ထိုသူတို့သည် ဂျေရုဆလင်ဉမိ့၌ ဘာသာခြားထုံးစံအတိုင်း အား ကစားဉပိင်ကွင်းတစ်ခုကို တည်ဆောက်ကြလေ၏။
၁၆။ထို့နောက် အရေဖျားလှီးခြင်းကို ပြန်လည် အစားထိုး ကြ၍ သန့်ရှင်းသောပဋိညာဉ်တော်ကို စွန့်လွှတ်ကြ ကုန်၏။ ရုပ်တုကိုးကွယ်သော သူတို့နှင့်ပူးပေါင်း ကြ၍ မကောင်းမှုများစွာကို ဉပကြ၏။
အန္တီယော့ကုသည် ဗိမာန်တော်ကိုဖျက်ဆီးလုယူခြင်း
၁၇။အန္တီယော့ကုသည် မိမိနိုင်ငံ အခြေခိုင်မာလာသည် ကိုမြင်သောအခါ အီဂျစ်ပြည်၏ ဘုရင်ဖြစ်လာရန် စိတ်ဆုံးဖြတ်လေ၏။ ဤသို့ဖြင့် သူသည် နိုင်ငံတော်   
၁၈။နှစ်ခု၏ဘုရင်ဖြစ်လာရန် ရည်ရွယ်၏။ ထို့ကြောင့် သူသည် များပြားသော စစ်အင်အားကို စုစည်းကာ စစ်ရထားများ၊ ဆင်တပ်၊ မြင်းတပ်များနှင့် ကြီးမား သောသဘောင်္တပ်များဖြင့် အီဂျစ်ပြည်ကို ၀င်ရောက် တိုက်ခိုက်လေ၏။
၁၉။သူသည် အီဂျစ်ဘုရင် ပတိုလေမိအား စစ်ပွဲတွင် ရင်ဆိုင်တိုက်ခိုက်သောအခါ ပတိုလေမိ သည်
၂၀။ကြောက်ရွံ့၍ ထွက်ပြေးလေ၏။ လူပေါင်းများစွာ ဒဏ်ရာရ၍သေကြေပျက်စီးကြလေ၏။ စစ်နိုင်သူတို့ သည်အီဂျစ်ပြည်ရှိခံတပ်ရဲတိုက်များကို သိမ်းယူရရှိ၍ အီဂျစ်ပြည်တစ်ပြည်လုံးကို လုယူဖျက်ဆီးလေ၏။
၂၁။အီဂျစ်ပြည်ကိုသိမ်းယူပြီးနောက် အန္တီယော့ကုသည် တစ်ရာလေးဆယ့်သုံးခုနှစ် (ဘီစီ၁၆၉)တွင် ပြန်လာ လေကာအစ္စရေးလ်နှင့် ဂျေရုဆလင်ဉမိ့သို့ အင်အား ကြီးမားသောတပ်ဖြင့် ချီတက်တိုက်ခိုက်လေ၏။
၂၂။သူသည် ဗိမာန်တော်ထဲသို့ ရိုင်းပြစွာ ၀င်ရောက်၍ ရွှေပလ’င်တော်၊ အလင်းရောင်ရရန်ထားသောမီးတင်ခုံ နှင့်အားလုံးသော  ခွက်ဖလားတော်တို့ကို  သိမ်းယူ
၂၃။လေ၏။ ထို့ပြင် ရှေ့တော်တင်မုန့် ဆက်ကပ်တင်ပူ ဇော်သောစားပွဲ၊ စပျစ်ရည်လောင်းထည့်ရသောခွက် ဖလားတော်များ၊ လော်ဗန်အမွှေးနံ့သာပူဇော်ရသော ရွှေခွက်တော်၊ ကန့်လန့်ကာ၊ သရဖူများ၊ ဗိမာန်တော် ရှေ့မျက်နှာစာကို  အလှဆင်သော  ရွှေထည်များအား
၂၄။လုံးကို ဉဖတ်ယူသိမ်းပိုက်လိုက်လေ၏။ သူသည် ရွှေ၊ ငွေနှင့်အဖိုးတန်ခွက်ဖလားများကိုယူဆောင်၍ တွေ့ရှိ သမျှသော လျှို့ဝှက်ဘဏ္ဍာတော်များကိုလည်း လုယူ
၂၅။သိမ်းပိုက်လေ၏။ သူသည် လူများစွာတို့ကို သတ် ဖြတ်ခဲ့၍ <ကားဝါးထောင်လွှားသော စကားတို့ကို ပြောဆိုကာ ရှိသမျှအားလုံးကို ယူဆောင်ပြီးနောက်
၂၆။မိမိတိုင်းပြည်သို့ ပြန်သွားလေ၏။ အစ္စရေးလ်ပြည် တစ်ဝှမ်းလုံးတွင် ပြင်းထန်စွာ ငိုေ<ကးခြင်းရှိလေ၏။
၂၇။အုပ်ချုပ်သူများနှင့် သက်ကြီးဝါကြီးများသည်ငိုေ<ကး ညည်းတွားကြ၍ အမျိုးသမီးငယ်များနှင့် လူငယ်များ သည် စိတ်ပျက်အားလျော့ကြလျက် မိန်းမများ၏ အဆင်းလှပခြင်းသည်မှေးမှိန်လျက်ရှိ၏။ သတို့သား
၂၈။တိုင်းသည် ငိုချင်းချနေကြ၍ သတို့သမီးတိုင်းမင်္ဂလာ အိပ်ရာထက်မှာ ထိုင်ရင်းငိုေ<ကးကြရ၏။
၂၉။မြေပြင်သည်လည်း မိမိတိုင်းသူပြည်သားများအတွက် တုန်လှုပ်ခဲ့ပြီး ယာကုပ်အမျိုးအနွယ် တစ်ခုလုံးသည်  ရှက်ကြောက်ခြင်းဖြင့် ဖုံးလွှမ်းခံခဲ့ရ၏။
၃၀။နှစ်နှစ်ကြာသောအခါ ဘုရင်သည် အခွန်ကောက်ခံ သောအရာရှိတစ်ဦးကို ဂျုဒပြည်ရှိ ဉမိ့ရွာများသို့ စေလွှတ်သဖြင့် ထိုသူသည် ကြီးမားသော စစ်တပ် အင်အားနှင့် ဂျေရုဆလင်ဉမိ့သို့ ချီတက်လာလေ၏။
၃၁။သူသည် ငြိမ်းချမ်းရေးစကားများကို လှည့်ဖြားသော ပရိယာယ်ဖြင့် သူတို့အားပြောဆိုသောအခါ သူတို့ သည်သူ့ကိုယုံကြည်ကြ၏။ သို့သော် သူသည်ဉမိ့ကို ရုတ်တရက် ပြင်းထန်စွာတိုက်ခိုက်၍ အစ္စရေးလ် လူမျိုးမြောက်များစွာတို့ကို သေကြေပျက်စီးစေ၏။
၃၂။သူသည် ဉမိ့ကို လုယက်သိမ်းယူ၍ မီးရှို့ဖျက်ဆီးပြီးမှ အဆောက်အဦးများနှင့် ကာရံထားသော ဉမိ့ရိုးများကို
၃၃။ဉဖိချလေ၏။ မိန်းမနှင့် ကလေးများကို ဖမ်းဆီးခေါ် ဆောင်လျက် တိရစ္ဆာန်များကိုလည်း  ယူဆောင်သွား
၃၄။လေ၏။ ထို့နောက် သူတို့သည်ဒေးဗစ်၏ဉမိ့တော်ကို ခိုင်မာသောဉမိ့ရိုးနှင့် မျှော်စင်များဖြင့် တည်ဆောက်၍ ၎င်းင်းကို သူတို့၏ ခံတပ်ရဲတိုက် ဖြစ်စေခဲ့၏။
၃၅။ထိုအရပ်မှာ သူတို့သည် လူဆိုးလူမိုက်များနှင့် ဘာ သာတရားကို စွန့်ပစ်သူများကိုတပ်ချ၍ အင်အား
၃၆။ဖြည့်တင်းထားလေ၏။ သူတို့သည် လက်နက်နှင့် ရိက္ခာများကို သိုလှောင်ထားလျက် ဂျေရုဆလင်ဉမိ့မှ လုယူထားသော  ပစ္စည်းများကိုလည်း ထိုနေရာမှာ စုဆောင်းထားသဖြင့် အမြဲတမ်း ခြိမ်းခြောက်နေသော
၃၇။အန္တရာယ်တစ်ခုသဖွယ် ဖြစ်လာ၏။ ယင်းသည် သန့်ရှင်းရာဋ္ဌာနကို ချောင်းမြောင်းလုပ်ကြံသည့်နေရာ ဖြစ်လာ၍အစ္စရေးလ်လူမျိုးကို ဒုက္ခပေးသော ရန်သူ
၃၈။အဖြစ် ဆက်လက်တည်ရှိနေလေ၏။ သူတို့သည် သန့်ရှင်းသောဋ္ဌာန၏ ပတ်ဝန်းကျင်တွင် အပြစ်မဲ့သူ တို့၏သွေးကိုချောင်းစီးစေလျက် သန့်ရှင်းသောနေရာ ကိုပင်ညစ်ညူးစေကြ၏။
၃၉။သူတို့ အတွက်ကြောင့် ဂျေရုဆလင် ဉမိ့သူဉမိ့သားတို့ သည်ထွက်ပြေးတိမ်းရှောင်သွားကြသောအခါဉမိ့တော်သည် လူမျိုးခြားတို့နေထိုင်ရာဋ္ဌာနဖြစ်လာခဲ့၏။ သူမ ကို စွန့်ခွာ သွားကြရသော သူမ၏သား၊သမီးများ အတွက် သူမသည် စိမ်းကားသောအရပ်ဖြစ်လာခဲ့၏။
၄၀။သူမ၏သန့်ရှင်းသောနေရာဋ္ဌာနသည်လူသူကင်းမဲ့ပြီးခြောက်သွေ့သော တောကန္တာရဖြစ်လာ၍ သူမ၏ ပွဲ တော်နေ့များသည်ငိုေ<ကးမြည်တမ်းခြင်းသို့ပြောင်းလဲခဲ့ရလေ၏။သူမ၏ဥပုသ်နေ့များသည်ပြောင်လှောင်စရာဖြစ်လာ၍ သူမဂုဏ်ယူစရာများသည်ကဲ့ရဲ့စရာများ
၄၁။ဖြစ်လာ၏။ သူမ၏ အရှက်တကွဲဖြစ်ခြင်းသည်ယခင် ကရှိခဲ့သော ဘုန်းဂုဏ်တော်နှင့်ထပ်တူထပ်မျှယခုဖြစ် လာပြီး သူမ၏ချီးမြှောက်ခံရခြင်းသည်ငိုေ<ကးပူဆွေး ခြင်းသို့ ပြောင်းလဲခဲ့ရ၏။
ဘာသာတရားကိုညှဉ်းပန်းနှိပ်စက်ခြင်း
၄၂။ထို့နောက် ဘုရင်သည် မိမိနိုင်ငံတော်တစ်ဝှမ်းလုံးမှာ ရှိသောလူမျိုးအားလုံးကို လူမျိုးတစ်မျိုးတည်းဖြစ်လာ
၄၃။စေရေးအတွက် လူမျိုးတိုင်းသည် မိမိတို့ဓလေ့ထုံးစံ များကိုစွန့်လွှတ်ကြရမည့်အကြောင်း အမိန့်ထုတ်ပြန်
၄၄။ခဲ့လေ၏။ ရုပ်တုကိုးကွယ်သော ဘာသာခြားအားလုံး တို့သည် ဘုရင်၏အမိန့်တော်ကို လက်ခံကြ၏။ အစ္စရေးလ် လူမျိုးများစွာတို့ပင်လျှင် ဘုရင်၏ဘာ သာအယူဝါဒကို လက်ခံကြလျက် ရုပ်တုများရှေ့တွင်
၄၅။ဥပုသ်နေ့များကို ချိုးဖောက်ကြ၏။ ဘုရင်သည် စ်သားများဖြင့် ဂျေရုဆလင်ဉမိ့နှင့်ဂျူးပြည် ဉမိ့ရွာများ သို့စာချွန်တော်များပေးပို့လျက် ဂျူးတို့နှင့် မအပ်စပ် သောဓလေ့ထုံးစံများကို လိုက်နာကြရန် ညွှန်ကြား လေ၏။
၄၆။မီးရှို့ယဇ်ပူဇော်ခြင်း၊ ပူဇော်သက္ကာများနှင့် သွန်း လောင်းသော ပူဇော်ခြင်းများကို ပိတ်ပင်၍ ဥပုသ်နေ့ နှင့်ပွဲနေ့များကို ချိုးဖောက်စေ၏။
၄၇။သန့်ရှင်းသောဋ္ဌာနတော်နှင့် ရဟန်းတော်များကို သန့် ရှင်းရာများဟုမသတ်မှတ်စေရန်အမိန့်ထုတ်ပြန်ခဲ့၏။
၄၈။ရုပ်တုများအတွက် ပလ’င်များနှင့်ဗိမာန်များ ဆောက် လုပ်စေခဲ့ပြီး ၀က်နှင့် မသန့်ရှင်းသောတိရစ္ဆာန်များကို 
၄၉။ယဇ်ပူဇော်စေခဲ့၏။ သူတို့၏သားများကိုအရေဖျားလှီး ခြင်းမခံစေဘဲ သူတို့သည် မသန့်ရှင်းညစ်ညူးရာ အားလုံးတို့၌မိမိတို့ကိုယ်ကို စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်စေ
၅၀။ခဲ့ကြ၏။ ဤသို့ဖြင့် သူတို့အား ပညတ်ဥပဒေများကို မေ့ပျောက်စေ၍ဓလေ့ထုံးစံများကို ပြောင်းလဲစေခဲ့၏။
၅၁။ဘုရင်၏အမိန့်တော်ကို မနာခံသောသူသည် သေစေ
၅၂။ရမည်}}ဟူ၍ အမိန့်ထုတ်ပြန်ထားလေ၏။ ဤစကား များဖြင့် ဘုရင်သည်သူ၏ နိုင်ငံတော်တစ်ဝှမ်းလုံးကို အမိန့်တော် ရေးသားထုတ်ပြန်ခဲ့ပြီး လူမျိုးအားလုံး တို့ကိုကြည့်ရှုရန် စစ်ဆေးသူများခန့်ထားလျက် ဂျုဒ ပြည်ရှိဉမိ့ရွာတိုင်းတွင် တစ်ဉမိ့ပြီးတစ်ဉမိ့ ယဇ်ပူဇော်ကြ
၅၃။ရန်အမိန့်ပေးလေ၏။ များစွာသောဂျူးလူမျိုးတို့သည် ပညတ်ဥပဒေတို့ကို ပစ်ပယ်စွန့်ခွါကြကာ သူတို့နှင့် ပူးပေါင်းကြသဖြင့် တိုင်းပြည်အတွင်း၌ မကောင်းမှု များကိုဉပလုပ်ကြ၏။
၅၄။သစ္စာရှိသော အစ္စရေးလ်လူမျိုးတို့ကိုမူကား တိမ်း ရှောင်ပုန်းအောင်းရာ ရှိသမျှနေရာများသို့မောင်းထုတ်  
၅၅။သကဲ့သို့ဖြစ်လေ၏။ သက္ကရာဇ်တစ်ရာလေးဆယ်ငါး ခုနှစ်(ဘီစီ၁၆၇ခုနှစ်) ချိစလက်လ၏ တစ်ဆယ့် ငါးရက်မြောက်နေ့၌ သူတို့သည် ဗိမာန်တော်၏ မီးရှို့ရာ ယဇ်ပလ’င်ပေါ်တွင် စက်ဆုပ်ရွံရှာဖွယ်ရာ ရုပ်တုပလ’င်ကို တည်ဆောက်လေ၏။ ထိုနည်းတူပင် ဂျုဒပြည်ရှိ အခြားဉမိ့ရွာများတွင်လည်း ပလ’င်များကို
၅၆။ဆောက်ကြ၍ အိမ်တံခါးဝများနှင့်လမ်းမများပေါ်တွင် လော်ဗန်နံ့သာမွှေးကို မီးရှို့ပူဇော်စေ၏။
၅၇။သူတို့တွေ့ရှိသော ပညတ်ဥပဒေကျမ်းများကို ဆုတ်ဖြဲ
၅၈။ပစ်၍မီးရှို့ကြ၏။ ပဋိညာဉ်တော်နှင့်ဆိုင်သော ကျမ်း စာများကို ပိုင်ဆိုင်သောသူတို့နှင့်ပညတ်ဥပဒေကို စောင့်ထိန်းသူကို ဘုရင်၏အမိန့်အရ သေဒဏ်စီရင် စေကြ၏။
၅၉။သူတို့သည် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းကို အသုံးဉပလျက် ၎င်းင်းတို့၏ဥပဒေကို မလိုက်နာသူများ အား ဉမိ့ရွာများတွင် တစ်လပြီးတစ်လ ရှာဖွေလျက် နှိပ်စက်ညှဉ်းပန်းကြ၏။
၆၀။ လ၏ နှစ်ဆယ့်ငါးရက် မြောက်သောနေ့၌ ဗိမာန်တော်၏ မီးရှို့ရာယဇ်ပလ’င် ပေါ်တွင်သူတို့၏ ယဇ်ကိုပူဇော်ကြ၏။
၆၁။ သူတို့သည် မိမိသားကို အရေဖျားလှီးခြင်းဉပစေသော မိန်းမများ ကိုဘုရင်၏အမိန့်အရ အသေသတ်ကြ၍ ကလေးများ ကိုသူတို့မိခင်များ၏လည်ပင်းမှာ ချိတ်ဆွဲထားကြ၏
၆၂။ထိုမိန်းမတို့၏ မိသားစုများနှင့် အရေးဖျားလှီးခြင်း ဉပလုပ်ပေးသောသူများကိုလည်း သေဒဏ်စီရင်ကြ၏
၆၃။သို့သော် အစ္စရေးလ်ပြည်တွင် သစ္စာရှိသူ များစွာရှိ ကြပြီးသူတို့သည် မသန့်ရှင်းသောအစာကို မစားကြ
၆၄။ရန်ခိုင်မာသောဆုံးဖြတ်ချက် ချထားကြ၏။ ထိုသူတို့ သည်မသန့်ရှင်းသော အစားအစာဖြင့် ညစ်ညမ်းစေ ခြင်း သို့မဟုတ် သန့်ရှင်းသောပဋိညာဉ်တော်ကို ထိ ခိုက်စေခြင်းထက် အသက်ကိုအသေခံရန် ရွေးချယ် ခဲ့ကြ၍ အမှန်တကယ်လည်း အသေခံခဲ့ကြ၏။ 
၆၅။အလွန်ပြင်းထန်သော အမျက်တော်သည် အစ္စရေးလ် လူမျိုးအပေါ်မှာ ကျရောက်ခဲ့ခြင်းဖြစ်၏။

 ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:53-158);

 ၅၃ တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ကြောင့် အကျွန်ုပ် ၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏၊၊
၅၄ အကျွန်ုပ်ဧည့်သည်နေရာအိမ်တွင် အထုံးအဖွဲ့တော် တို့သည် အကျွန်ုပ်သီချင်းဆိုရာ အကြောင်းဖြစ်၏၊၊
၅၅ အိုထာဝရဘုရား ညဥ့်အချိန်၌ နာမတော်ကို အကျွန်ုပ်အောက်မေ့၍ တရားတော်ကို စောင့်ပါ၏၊၊
၅၆ ပေးတော်မူသော သြဝါဒများကို နားထောင်သောအားဖြင့် အားရပါ၏။
၅၇ အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ အဘို့ ဖြစ်တော်မူ၏၊၊ နှုတ်ကပတ်စကားတော်တို့ ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ၊၊
၅၈ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့တောင်းပန်ပါ၏၊၊ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ၊၊
၅၉ ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သော အခါ သက်သေခံတော်မူချက်တို့သို့ လှည့်၍ လိုက်ပါ၏၊၊
၆၀ ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွဲ့ အလျင်အမြန်ပြု ပါ၏၊
၆၁ မတရားသောသူအစည်းအဝေးတို့သည် အကျွန်ုပ်ကို ဝိုင်းကြသော်လည်း အကျွန်ုပ်သည် တရားတော်ကို မမေ့မလျော့ပါ၊
၆၂ တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက်၍ ၊ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ၊သန်းခေါင်အချိန်၌ အကျွန်ုပ်ထတက်ပါသည်။
၆၃ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူသောသြဝါဒကို နားထောင်သောသူရှိသမျှ  တို့နှင့် အကျွန်ုပ် ပေါင်းဘော်တတ်ပါ၏။
၆၄ အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
၆၅ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း  ကိုယ်တော်၏ ကျွန်၌ ကျေးဇူးပြုတော်မူ၏။
၆၆ ပညတ်တော် တို့ကို အကျွန်ုပ် ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။
၆၇ အကျွန်ုပ် သည်  ဆင်းရဲမခံမီ လမ်းလွှဲပါ၏။ ယခုမူကား ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။
၆၈ ကိုယ်တော်သည်  ကောင်းသောသဘော  ကျေးဇူးပြုတက်သောသဘော ရှိတော်မူ၏။အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
၆၉ မာနကြီးသော  သူတို့သည် အကျွန်ုပ်တဘက် ၌မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ ကျင့်ပါ၏။
၇၀ သူတို့နှလုံးသည် ဆီဥကဲ့သို့   ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။ 
၇၁ အထုံးအ ဖွဲ့တော်တို့ကို  သွန်သင်စေခြင်းငှာ၊ အကျွန်ုပ် ဆင်းရဲခံရသော ကျေးဇူးသည် ကြီးမားပါ၏။
၇၂ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်၊အသောင်း ထက်မက၊ အကျွန်ုပ်၌သာ၍ကောင်းပါ၏။
၇၃ ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ် သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေတော်မူပါ။
၇၄ နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သောကြောင့်၊  ကိုယ်တော်ကို  ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါ လိမ့်မည်။
၇၅ အိုထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲတော်မူစေကြောင်းကို၎င်း၊ အကျွန်ုပ်သိပါသည်။
၇၆ ကိုယ်တော်၏ကျွန်၌ မိန့်တော်မူချက် အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကိုချမ်းသာပေးပါ စေသောဟု ဆုတောင်းပါ၏။
၇၇ ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။ ထို့ကြောင့် အကျွန်ုပ် အသက်ရှင်မည်အကြောင်း သနားစုံမက် တော်မူခြင်းသည် သက်ရောက်ပါစေသော။
၇၈ မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင် အောက်မေ့ပါသည်။
၇၉ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။
၈၀ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော၊၊
၈၁ အကျွန်ုပ်ဝိညာဉ်သည် ကယ်တင်တော်မူခြင်းကျေးဇူးကို  တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော်ကို မြော်လင့်ပါ၏။
၈၂ အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေးတော်မူ မည်နည်း ဟူ၍၊ အကျွန်ုပ် မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
၈၃ မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။  သို့သော်လည်း အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။
၈၄ ကိုယ်တော်၏ ကျွန်နေရသော နေ့ရက် ကာလအဘယ်မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ်ကိုညှင်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။
၈၅ မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို  လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့ တွင်းများကို တူးကြပါပြီ။
၈၆ အလုံးစုံးသော ပညတ်တော်တို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသည်ဖြစ်၍၊မစတော်မူပါ။
၈၇ သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ် ကသုတ်သင် ပယ်ရှင်းလုပါပြီ။ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ် မစွန့်ပါ။
၈၈ ဂရုဏာ တော်ရှိသည့်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက်  ဗျာဒိတ်တော်ကို စောင့်ပါမည်။
၈၉ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏။
၉၀ သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကိုတည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။
၉၁ ခပ်သိမ်းသော အရာတို့ သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
၉၂ အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ်ပျက်စီးပါပြီ။
၉၃ ကိုယ်တော်၏  ဥပဒေများကို အစဉ်မမေ့လျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
၉၄ အကျွန်ုပ်သည်ကိုယ်တော်၏  ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေများကို ရှာဖွေလိုက်စစ်သောကြောင့်အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
၉၅ အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။
၉၆ ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ်မြင်ပါပြီ၊၊ ပညတ်တရား တော်မူ ကား အလွန်ကျယ်ဝန်းပါ၏၊၊
၉၇ ကိုယ်တော်၏ တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏၊၊ တနေ့လုံး ဆင်ခြင်အောက်မ့ လျက်နေပါ၏၊
၉၈ ပညတ်တရားတော်သည် အကျွန်ုပ်ရန်သူတို့ထက် အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏၊၊ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏၊၊
၉၉ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ ဆရာအပေါင်းတို့ ထက်သာ၍ နားလည်ပါ၏၊၊
၁၀၀ ဝကိုယ်တော်၏ ဥပဒေသများကို စောင့်သောကြောင့် အသက် ကြီးသူတို့ထက် သာ၍ ဥာဏ်ကောင်းပါ၏၊၊
၁၀၁ နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ မကောင်းသောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏၊၊
၁၀၂ ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့် စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ၊၊
၁၀၃ မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏၊၊ ခံတွင်းထဲမှာ ပျားရည်ထက် သာ၍ ချိုကြပါ၏၊၊ 
၁၀၄ ကိုယ်တော်၏ ဥပဒေသများအားဖြင့်  အကျွန်ုပ် သည် ဥာဏ်တိုးပွား၍ မိစ္ဆြွာလမ်းရှိသမျှ တို့ကို မုန်းပါ၏၊၊
၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊
၁၀၆ ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု  အကျွန်ုပ်ကျိန်ဆိုသည်အတိုင်း ပြုပါမည်၊၊
၁၀၇ အိုထာဝရဘုရား အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကို ခံရပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက် ရှင်စေတော်မူပါ၊၊
၁၀၈ အိုထာဝရဘုရား အကျွန်ုပ်သည် စေတနာစိတ်ရှိ၍ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၊၊ စီရင်တော် မူချက်တို့ကိုလည်း အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏၊၊
၁၀၉ အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိပါ၏၊၊  သို့သော်လည်း    တရားတော်ကို မမေ့မလျော့ပါ၊၊
၁၁၀ မတရားသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ကွင်းကို ထောင်ထားကြပါ၏၊ သို့ သော်လည်း ကိုယ်တော်၏ ဥပဒေသများမှလွဲ၍ မသွားပါ၊၊ 
၁၁၁ သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ်နှလုံး ရွှင်လန်းရာဖြစ်၍ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲခံယူပါ၏၊၊ 
၁၁၂ အထုံးအဖွဲ့ တော်တို့ကို အဆုံးတိုင်အောင် အစဉ်လိုက်ခြင်းအလိုငှါ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏၊၊
၁၁၃ အကျွန်ုပ်သည် အဓမ္မလူတိုကိုမုန်း၍ ကိုယ်တော်၏တရားကိုနှစ်သက်ပါ၏။
၁၁၄ ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏၊၊  နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊ 
၁၁၅ ဒုစရိုက်ကိုပြုသော သူတို့ ငါ့ထံမှ ဖယ်သွားကြ၊၊ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်၊၊ 
၁၁၆ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ်မြော်လင့်ခြင်း အကြောင်းမှ မရှက်မကြောက်ပါစေနှင့်။
၁၁၇ အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ်အမြဲ ထောက်ရှုပါမည်။
၁၁၈ အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ကို ပယ်တော် မူ၏။သူတို့ပရိယာယ်သည် မုသာ ဖြစ်ပါ၏။
၁၁၉ မတရားသော မြေသားအပေါင်းတို့ကိုချော်ကဲ့သို့ မှတ်တော်မူ၏။ ထို့ကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။
၁၂၀ ကိုယ်တော်ကို ထိန့်လန့်သဖြင့် အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှ ကြောက်ပါ၏။
၁၂၁ အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာစီရင်ခြင်းကို ပြုပါပြီ၊၊ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်၊၊
၁၂၂ ကိုယ်တော်၏ ကျွန်အဖို့ငှါ အာမခံတော်မူပါ၊၊ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်၊၊
၁၂၃ ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့်မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ၊၊
၁၂၄ ကရုဏာတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်၌ ပြု၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ၊၊
၁၂၅ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏၊၊ သက်သေခံ တော်မူချက် တို့ကို  နားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၂၆ အို ထာဝရဘုရား စီရင်တော်မူချိန်ရောက်ပါ ပြီ။ သူတပါး များတို့သည် တရားတော်ကို ပယ်ကြပါ၏၊၊
၁၂၇ အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက်သာ၍ နှစ်သက်ပါ၏၊၊
၁၂၈ သို့ဖြစ်လျှင် ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့သည် ဖြောင့်ကြသည်ဟု ထင်မှတ် လျက် မိစ္ဆြွာလမ်း ရှိသမျှ တို့ကို မုန်းပါ၏၊
၁၂၉ သက်သေခံတော်မူချက်တို့သည် အံ့သြဘွယ် ဖြစ်၍ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ် ပါ၏၊
၁၃၀ နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏၊၊
၁၃၁ ပညတ်တော်တို့ကို အကျွန်ုပ်တောင့်တအားကြီးသဖြင့် နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏၊၊
၁၃၂ နာမတော်ကို  ချစ်သောသူတို့၌ ပြုတော်မူတတ်သည်အတိုင်း အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနားတော်မူပါ၊၊
၁၃၃ မိန့်တ်ာမူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်း တို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်၊၊
၁၃၄ လူတို့၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ်တော်မူပါ။ ကိုယ်တော်၏ ဥပဒေသများကို စောင့်ပါမည်။
၁၃၅ မျက်နှာ တော်၏အလင်း ကို ကိုယ်တော်၏ ကျွန်ပေါ်မှာ ထွန်းလင်းစေ၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
၁၃၆ သူတပါးများတို့သည် တရားတော်ကို မစောင့်သောကြောင့် အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေကဲ့သို့ စီးပါ၏။
၁၃၇ အိုထာဝရဘုရား ကိုယ်တော်ဖြောင့်မတ်တော်မူ၏၊၊ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြပါ၏၊၊
၁၃၈ ထားတော်မူသောသက်သေခံတော်မူချက်တို့သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏၊၊
၁၃၉ ရန်သူတို့သည် စကား တော်တို့ကို မေ့လျော့သောကြောင့် စွဲလန်းပူပန်ခြင်း စိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲပါ၏၊၊
၁၄၀ နှုတ်ကပတ် တော်သည် အလွန်စင်ကြယ်သည်ဖြစ်၍ ကိုယ်တော်၏ ကျွန်သည် နှစ်သက်ပါ၏၊၊
၁၄၁ အကျွန်ုပ်သည် ငယ်သောသူ မထီမဲ့မြင် ပြုခြင်းကို ခံရသောသူဖြစ်ပါ၏၊၊ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ၊
၁၄၂ ဖြောင့်မတ် တော်မူ ခြင်းသည် နိစ္စထာဝရဖြောင့်မတ်ခြင်း ဖြစ်ပါ၏၊၊ ကိုယ်တော်၏ တရားသည် သစ္စာတရား ဖြစ်ပါ၏၊၊
၁၄၃ ဆင်းရဲည‡ိုး ငယ်ခြင်းသို့ ရောက်သော်လည်း ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏၊၊
၁၄၄ သက်သေခံတော်မူချက်တို့ သည် အစဉ်အမြဲ ဖြောင့်ကြပါ၏၊၊ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၄၅ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ်ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ၊၊ အထုံးအဖွဲ့ တော်တို့ကို စောင့်ပါမည်၊၊
၁၄၆ ကိုယ်တော်ကို အော်ဟစ်ပါ၏၊ ကယ်တင်တော်မူပါ၊ သက်သေခံတော် မူချက်တို့ကို စောင့်ပါမည်၊၊
၁၄၇ မိုဃ်းမလင်းမှီ အကျွန်ုပ်အော်ဟစ်တတ်ပါ၏၊၊ နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊ 
၁၄၈ ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသောငှါ ညဥ့်ယံမလွန်မှီ အကျွန်ုပ်နိုး တတ်ပါ၏၊၊ 
၁၄၉ အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ၊၊ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊ 
၁၅၀ မကောင်းသော အကြံအစည်၌ ကျင်လည်သောသူတို့သည် အနီးသို့ ချဉ်းကပ်ကြပါ။၊ သူတို့သည် ကိုယ်တော်၏ တရားနှင့် ဝေးကြပါ၏၊၊ 
၁၅၁ အိုထာဝရဘုရား ကိုယ်တော်သည် နီးတော်မူ၏၊၊ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြပါ၏၊၊
၁၅၂ သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲ ထားတော်မူကြောင်းကို ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။
၁၅၃ အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု၍ ကယ်နှုတ်တော်မူပါ၊၊ ကိုယ်တော်၏ တရားကို မမေ့မလျော့ ပါ၊၊
၁၅၄ အကျွန်ုပ်အမှုကို စောင့်၍ အကျွန်ုပ်ကို ရွေးနှုတ်တော်မူပါ၊၊ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော်မူပါ၊၊
၁၅၅ မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့် ကယ်တင်ခြင်းနှင့် ဝေးကြပါ၏၊၊
၁၅၆ အိုထာ ဝရဘုရား သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏၊ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူပါ၊၊
၁၅၇ အကျွန်ုပ်ကို ညှင်းဆဲသောသူနှင့် ရန်ဘက်ပြုသော သူတို့သည် များကြပါ၏၊၊ သို့သော်လည်း အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှလွှဲ၍ မသွားပါ၊၊
၁၅၈ သစ္စာမရှိသော သူတို့ကို အကျွန်ုပ်သည် မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား သူတို့သည် ဗျာဒိတ်တော်စကားကို နားမထောင်ဘဲ နေကြပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:12);

၁၂ တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၈ (Luke 18:35-43);

၃၅ ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။
၃၆ ထိုလူကန်းသည် လမ်း၌ လူများသွားသံကိုကြားလျှင် အဘယ်သို့ဖြစ်သနည်းဟု မေး၏။
၃၇ နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင်၊
၃၈ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။
၃၉ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော်၌သွား သောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်လေ၏။
၄၀ ယေရှု သည်လည်း ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ချဉ်းကပ်ပြီးမှ၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊
၄၁ သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လျှောက်လေသော်၊
၄၂ ယေရှုက၊ မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟု မိန့်တော်မူ၏။
၄၃ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ ဂုတ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့သြချီးမွမ်းကြ၏။