Thu the 19th: 1 Macc 2:15-29; Ps 50:1-15; Ps 95:8; Luke 19:41-44
မက္ကဘေဦးသမိုင်း (ပထမတွဲ) အခန်းကြီး (၂) (1 Macc 2:15-29)း
၁၅။ထိုအချိန်တွင် ဘာသာဓလေ့ထုံးစံကို စွန့်ပစ်ရန် လိုက် လံစစ်ဆေးကြသောဘုရင်၏ အရာရှိများသည် မိုဒိန်းဉမိ့သို့ ရောက်လာကြ၍ သူတို့အားပူဇော်ခြင်း များကိုဉပစေကြ၏။
၁၆။အစ္စရေးလ်လူမျိုးများစွာတို့သည် သူတို့ထံသို့ လာကြသော်လည်း မာတာသိယနှင့်
၁၇။သူ၏သားများသည်သီးခြားစုဝေးနေကြ၏။ ဘုရင်၏ အရာရှိများက မာတာသိယအား ဤသို့ပြောဆို လေ၏။ ]]သင်သည် ဤဉမိ့တွင် လေးစားခြင်းခံရပြီး၊ ကြီးမြတ်သော ခေါင်းဆောင်တစ်ဦးဖြစ်၍ သင်၏ သားများနှင့် ညီအစ်ကိုများ၏ ထောက်ခံမှုကိုလည်း ရ၏။
၁၈။ထို့ကြောင့် သင်သည် ဘုရင်၏အမိန့်တော် အတိုင်း အခြားသောဘာသာခြား လူမျိုးများ ဂျုဒ ပြည်မှလူများနှင့် ဂျေရုဆလင်ဉမိ့တွင် ကျန်ရစ်ခဲ့ သောသူများကဲ့သို့ ပထမဦးဆုံးလာ၍ ဉပလုပ်ပါ လော့။ ထိုသို့ဉပလျှင် သင်နှင့် သင်၏သားများသည် ဘုရင်မင်းမြတ်၏ မိတ်ဆွေများအဖြစ် သတ်မှတ်ခြင်း ခံရ၍ရွှေ၊ ငွေနှင့်များစွာသော လက်ဆောင်ပဏ္ဍာများ ဖြင့်ဂုဏ်ဉပမြှောက်စားခြင်း ခံရလိမ့်မည်ဟုဆို၏။
၁၉။သို့သော်မာတာသိယပ်ကကျယ်လောင်သောအသံဖြင့် ပြန်ပြောသည်မှာ ဘုရင်၏ အုပ်ချုပ်မှုအောက်ရှိတိုင်း
၂၀။နိုင်ငံအားလုံးတို့သည်သူ့ကိုနာခံကြလျက်မိမိတို့ဘိုးဘေးများ၏ဘာသာတရားကိုစွန့်ပစ်ကြသော်လည်းငါနှင့် ငါ၏သားများသည်ငါတို့ဘိုးဘေးတို့၏ပဋိညာဉ် တော်၌ အသက်ရှင်ကြလိမ့်မည်။
၂၁။ပညတ်ဥပဒေနှင့် တရားစောင့်ထိန်းခြင်းကို စွန့်ပစ်ခြင်းသည် ငါတို့နှင့် ဝေးပါစေ။
၂၂။ ငါတို့သည် ဘုရင်၏ စကားများကို နား ထောင်ကြလိမ့်မည်မဟုတ်။ငါတို့၏ဘာသာအယူဝါဒကိုစွန့်ပယ်၍ လက်ျာဘက်သို့လည်းကောင်း၊ လက်ဝဲ ဘက်သို့လည်းကောင်း ယိမ်းယိုင်ကြလိမ့်မည်မဟုတ် ဟုဆိုလေ၏။
၂၃။သူသည် ထိုစကားများကိုပြောဆို၍ ပြီးသည်နှင့်တဉပိင်နက် ဂျူးလူမျိုးတစ်ယောက်သည် အားလုံးရှေ့မှာထွက်လာ၍ မိုဒိန်းဉမိ့၌ ဘုရင့်အမိန့် အရတည်ဆောက်ထားသော ပလ’င်ပေါ်တွင် ပူဇော် သက္ကာကို ဆက်ကပ်လေ၏။
၂၄။မာတာသိယသည် ဤအချင်းအရာကိုမြင်လျှင် ဘာသာတရားတော် အတွက်စိတ်အားထက်သန်မှု ပြင်းထန် တောက် လောင်လာကာ သူ၏နှလုံးသည် ဆတ်ဆတ်ခါ အောင်နာကျင်ခံစားရသဖြင့် မိမိ၏ ဖြောင့်မှန်သော အမျက် ဒေါသမီးကိုလေပင့်ပေးသကဲ့သို့ ဖြစ်စေ၏။ သူသည် ချက်ခြင်းပြေးသွားကာ ထိုသူကိုပလ’င်ပေါ် တွင်ပင်သတ်လိုက်လေ၏။
၂၅။တစ်ချိန်တည်းမှာပင် သူတို့ကို ပူဇော်ခြင်းဉပရန် အတင်းအဓမ္မစေခိုင်းသော ဘုရင်၏ အရာရှိကိုပါ
၂၆။သတ်၍ပလ’င်ကို ဉဖိချလိုက်လေ၏။ ဤသို့ဖြင့် မာတာသိယသည် ပညတ်ဥပဒေအတွက် စိတ်အား ထက်သန်မှုကိုပြသရာ တွင် ဖိနေဟက ဆာလု၏ သား ဇင်ရီကို ဉပခဲ့သည့်တိုင်း ဖြစ်၏။
၂၇။ ထို့နောက်မာတာသိယသည် ဉမိ့ထဲတွင် ကျယ် လောင်စွာေ<ကးကြော်၍ဆိုသည်ကား ]]ပညတ် ဥပဒေအတွက် စိတ်အားထက်သန်၍ ပဋိညာဉ်တော် ဘက်တွင် ရပ်တည်သောသူတိုင်း ငါနှင့်အတူလိုက်ခဲ့ ကြလော့ဟုဆို၏။
၂၈။သူနှင့်သူ၏သားများသည်တောင် ကုန်းများဆီသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီသူတို့ ပိုင်ဆိုင်သမျှပစ္စည်းများကိုဉမိ့တွင်း၌ချန်ထားခဲ့ကြ၏။
၂၉။ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကိုရှာဖွေကြသော ဂျူးလူမျိုးများတို့သည်တောကန္တာရသို့ ထွက်သွားကြ ၍ ထိုအရပ်မှာနေကြ၏။
၃၀။သူတို့သည် မိမိတို့၏သား မယားများနှင့် သိုး၊နွားတိရစ္ဆာန်များကိုယူဆောင်ခဲ့ကြ ၏။အဘယ်ကြောင့်ဆိုသော်သူတို့သည် များစွာသော ဆင်းရဲဒုက္ခဖိစီးခြင်းကိုခံရကြရသောကြောင့်တည်း။
ဆာလံကျမ်း အခန်းကြီး ၅၀(Ps 50:1-15);
၁ တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏၊၊ နေထွက်ရာမှ သည် နေဝင်ရာတိုင်အောင် မြေကြီးကို ခေါ်တော်မူ၏၊၊
၂ အသရေတင့်တယ်ခြင်း ပြည့်စုံရာ ဇိအုန်တောင်ပေါ်မှာ ဘုရားသခင်၏ ရောင်ခြည်တော်သည် ထွန်းပ၏၊၊
၃ ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏၊၊ တိတ်ဆိတ်စွာ နေတော်မမူ၊ ရှေ့တော်၌ မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုဃ်းသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏၊၊
၎ မိမိလူတို့ကို စစ်ကြောစီရင်ခြင်း အလိုငှါ အထက်ကောင်းကင်ကို၎င်း မြေကြီးကို၎င်း ခေါ်တော်မူလျက်
၅ ယဇ်ပူဇော်သောအားဖြင့် ငါ့နှင့် ပဋ္ဋိညာဉ်ဖွဲ့ သော ငါ၏ သန့်ရှင်းသောသူတို့ကို ငါ့ထံသို့ စုဝေးစေကြဟု မိန့်တော်မူ၏၊၊
၆ ဘုရားသခင်သည် ကိုယ်တော်တိုင် ဆုံးဖြတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာပြကြ လိမ့်မည်၊၊
၇ ငါ၏လူများတို့နားထောင်ကြ၊၊ ငါပြောမည်၊၊ အိုဣသရေလအမျိုး သင့်တဘက်၌ ငါသက်သေ ခံမည်၊၊ ငါသည်ဘုရားသခင်ဖြစ်၏၊၊ သင်၏ဘုရားသခင်ဖြစ်၏၊၊
၈ မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်၊၊ ထိုယဇ်တို့သည် ငါ့ရှေ့မှာအစဉ်ရှိကြ၏၊၊
၉ သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ၊၊
၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာ ရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏၊၊
၁၁ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ ကို ငါသိ၏၊၊
၁၂ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျင် သင့်ကိုမပြော၊၊ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏၊၊
၁၃ နွားသားကို ငါစားမည်လော၊၊ ဆိတ်သွေးကို ငါသောက်မည်လော၊၊
၁၄ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အားပူဇော်လော့၊၊ သစ္စာကတိ ထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့၊၊
၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာ ပြုလော့၊၊ ငါသည်ကယ်လွှတ်မည်၊၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်၊၊
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:41-44);
၄၁ ယေရုရှလင်မြို့အနီးသို့ရောက်၍ ကြည့်မြင်လျှက် ငိုကြွေးတော်မူ၍၊
၄၂ အချင်းမြို့၊ သင်၏ငြိမ် သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာ တို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထားလျက်ရှိ၏။
၄၃ အကြောင်းမူကား၊ သင့်ကိုကြည့်ရှုပြုစု တော်မူသော ကျေးဇူးကို သင်သည်မသိ မမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊
၄၄ သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့် တညီတည်းညှိသဖြင့်၊ သင်၌ ကျောက်တခုပေါ်မှာ တခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလ သည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။