Friday, 13 November 2015

13-NOVEMBER-2015 (READING)

Fri the 13th:        Memorial of Frances Xavier Cabrini, virgin (Americas).
Wis 13:1-9; Ps 19:1-5; Luke 21:28; Luke 17:26-37

ပညာပါရမီကျမ်းအခန်းကြီး (၁၃) (ွှWis 13:1-9)း

ရုပ်တုဆင်းတုများကိုကိုးကွယ်သူများအားဆန့်ကျင်ပြောဆိုခြင်း

၁။ဘုရားသခင်ကို မသိကြသော လူသားများအားလုံး သည် ပင်ကိုယ်သဘာဝအားဖြင့်ရူးမိုက်ကြသူများဖြစ် ကြ၏။ သူတို့သည် အသက်ရှင်တော်မူသောဘုရား သခင်ကို မိမိတို့မြင်တွေ့နေရသည့်ကောင်းမြတ်သော အရာများမှတဆင့် မသိကြချေ။ ကိုယ်တော်ဉပတော်မူ သော အံ့သြဖွယ်ရာများကို လေ့လာခြင်းဖြင့်လည်း ဉပလုပ်သူ ကိုယ်တော်ကို အသိအမှတ်မဉပကြပေ။ 
၂။မီး၊ လေ၊ လေပြင်း၊ကြယ်နက္ခတ်တာရာတို့၏လှုပ်ရှား သွားလာမှု၊ စီးဆင်းနေသော ရေနှင့် ကောင်းကင်မှာ အလင်းပေးနေသော နေနှင့်လစသည်တို့ကို ကမ္ဘာမြေ ကြီး၏အရှင်သခင်များဘုရားများဟုထင်မှတ်ခဲ့ကြ၏၊
၃။အကယ်၍ ဤအရာများ၏ လှပမှုကိုနှစ်သက်ကျေနပ် ပြီး၊ ၎င်းင်းတို့ကိုဘုရားများဟုထင်မှတ်ကြလျှင်ဤအရာ ခပ်သိမ်းတို့၏ အရှင်သခင်သည် မည်မျှပို၍သာလွန် ကောင်းမြတ် မည်ကို သူတို့ နားလည်သင့်၏။ အကြောင်းမူကား၊လှပတင့်တယ်မှုအားလုံး၏အစမူလဖြစ်သောအရှင်သခင်သည်ဤအရာများကို ဉပလုပ်ဖန်
၎။ဆင်းတော်မူ၏။ အကယ်၍သူတို့၏စွမ်းအားနှင့်လှုပ် ရှားမှုတို့ကို အားရနှစ်သက်ကြပါလျှင်ဤအရာများကို ဉပလုပ်ဖန်ဆင်းတော်မူသောသူသည် ၎င်းင်းတို့ထက်ပို၍ အင်အားကြီးတော်မူမည်ကို အသိအမှတ် ဉပသင့်၏။
၅။ အကြောင်းမူကား၊ဖန်ဆင်းခံအရာတို့၏ကြီးမြတ်ခြင်းနှင့်လှပခြင်းတို့မှတစ်ဆင့်သူတို့၏မူလပထမဖန်ဆင်းသူ၏ သဘောသဘာဝကိုမြင်နိုင်ရလိမ့်မည်။
၆။သို့ရာတွင်ထိုသူများကိုအပြစ်မဆိုသာပေ။သူတို့သည် ဘုရားသခင်ကို ရှာဖွေရင်း ကိုယ်တော်အားအမှန်တွေ့ လိုသော ဆန္ဒရှိလျက်နှင့်ပင် လမ်းမှားသို့ရောက်သွား
၇။ကြခြင်းဖြစ်တန်ရာ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်ဉပတော် မူသမျှအရာများအလယ်တွင် ရှာဖွေရင်း သူတို့မြင်ရသော အရာများ၏  ကောင်းမြတ်ခြင်းနှင့် လှပခြင်းတို့ဆွဲဆောင်မှုနောက်တွင် ပါသွားကြ၏။
၈။သို့ရာတွင် ဤသူတို့ကားအပြစ်အခွင့်လွှတ်ခံထိုက်သူ များမဟုတ်ကြချေ။
၉။အကြောင်းမူကား၊လုံလောက်သောနားလည်မှုဖြင့် ကြိုးစား ရှာဖွေ၍ ကမ္ဘာလောက အကြောင်းကို ဝေဖန်ဆုံးဖြတ်နိုင်ခဲ့ကြပါလျှင်အဘယ် ကြောင့်ဘုရားသခင်ကိုပို၍လျှင်မြန်စွာမတွေ့ဘဲနေကြ သနည်း။

ဆာလံကျမ်း အခန်းကြီး ၁၉(Ps 19:1-5);

၁ မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။
၂ တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။
၃ နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊
၎ သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊
၅ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။
၆ မိုဃ်းကောင်းကင် တစွန်းမှထွက်လာ၍ တစွန်းတိုင်အောင်လှည့်ပတ် သောအားဖြင့် သူ၏အပူအရှိန်မှ ကွယ်လွတ်သော အရာတစုံတခုမျှမရှိ။
၇ ထာဝရဘုရား၏ တရားတော်သည်စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။
၈ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏၊၊
၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:28);

၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇ (Luke 17:26-37);

၂၆ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။
၂၇ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်နေ့တိုင်အောင် လူများတို့သည် စားသောက် လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။
၂၈ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်း ဝယ်လျက်၊  စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊
၂၉ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူအပေါင်း တို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊
၃၀ လူသား ပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။
၃၁ ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိအိမ်ထဲမှာရှိသော ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။
၃၂ လောတ၏မယားကို အောက်မေ့ကြလော့။
၃၃ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ ရှာကြံ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။
၃၄ ငါဆိုသည်ကား၊ ထိုနေ့ညဥ့်တွင် အိပ်ယာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
၃၅ ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
၃၆ လယ်၌ရှိသောသူနှစ်ယောက် တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊
၃၇ သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။