Mon the 11th: Psalter I, Ordinary Time Week 1.
1 Sam 1:1-8; Ps 116:12-19; Mark 1:14-20
ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁(1 Sam 1:1-8);
၁ ဧဖရတ်မြို‹မိသားဇုဖ၊ တောဟူ၊ ဧလိဟူ၊ ယေရောဟံမှဆင်းသက်၍ ဧဖရိမ်တောင်ပေါ်မှာ ရာမသိမ်ဇုဖိမ်မြို‹၌ နေသော ဧလကာနအမည်ရှိသော သူတယောက်ရှိ၏။
၂ ထိုသူသည်မယားနှစ်ယောက်ရှိ၏။ တယောက်ကား ဟန္န၊ တယောက် ကားပေနိန္နအမည်ရှိ၏။ ပေနိန္န၌သားသမီးရှိ၏။ ဟန္န၌မရှိ၊
၃ ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ကိုးကွယ်၍ယဇ်ပူဇော်ခြင်းငှာ၊ မိမိနေရာမြို‹မှ ရှိလော မြို‹သို‹နှစ်တိုင်းသွားမြဲရှိ၏။ ထာဝရဘုရား၏ ယစ်ပုရောဟိတ် ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို‹၌နေသတည်း။
၎ ဧလကာနသည် ယစ်ပူဇော်အချိန်ရောက်သောအခါ၊ မယားပေနိန္နနှင့် သူ၏သားသမီး အပေါင်းတို‹အား ဝေမျှ၏။
၅ ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဘို‹ကိုပေး၏။ သို‹ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဘွားသောအခွင့်ကို ပေးတော်မမူ။
၆ ထိုသို‹ထာဝရဘုရားသည် အခွင့်ကိုပေးတော်မမူသောကြောင့်၊ ဟန္နစိတ်ဆိုးညစ်အောင်ရန်သူသည် အလွန်နှောင့်ရှက်တတ်၏။
၇ နှစ်စဉ် မပြတ်ထာဝရဘုရား၏ အိမ်တော်သို‹ သွားသောအခါ၊ ရန်သူနှောင့်သဖြင့် ဟန္နသည် အစာမစားနိုင်၊ ငိုလျက်နေတတ်၏။
၈ သူ၏ခင်ပွန်းဧလကာနက၊ ဟန္နအဘယ်ကြောင့်ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညိုးငယ်သနည်း။ သားတကျိပ်ထက် သင်၌ငါသာ၍ ကောင်းသည်မဟုတ်လောဟုဆို၏။
ဆာလံကျမ်း အခန်းကြီး ၁၁၆ (Ps 116:12-19);
၁၂ ငါ၌ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးအလုံးစုံ တို့ကို အဘယ်သို့ ဆပ်ရမည်နည်း၊၊
၁၃ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုမည်၊၊
၁၄ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်၊
၁၅ ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသောသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏၊၊
၁၆ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏ ကျွန်မတွင်မြင်သောသားလည်း မှန်ပါ၏၊၊ အကျွန်ုပ်၌ ချည်အနှောင်ကို လွှတ်တော်မူပြီ၊၊
၁၇ ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍ ထာဝရ ဘုရား၏ နာမတော်ကို ပဌနာပြုမည်၊၊
၁၈ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း အိုယေရုရှလင်မြို့ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင် ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်၊၊ ဟာလေလုယ၊၊
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:14-20)
၁၄ ယောဟန်သည် ထောင်ထဲသို့ရောက်သည် နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ကြွတော်မူလျှင်၊
၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။
၁၆ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အနြေ္ဒညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
၁၇ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည်ဟု အမိန့်တော်ရှိသော်၊
၁၈ ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
၁၉ ထိုမှအနည်းငယ်လွန်ပြန်လျှင်၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ညီအစ်ကို နှစ်ယောက်တို့သည် လှေပေါ်မှာပိုက်ကွန်ပြင်နေသည်ကိုမြင်၍ ချက်ခြင်းခေါ်တော်မူ၏။
၂၀ ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကို စွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။