Tue the 12th: 1 Sam 1:9-20; 1 Sam 2:1-8; 1 Thess 2:13; Mark 1:21-28
ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁ (1 Sam 1:9-20);
၉ ရှိလောမြို‹၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ်ဧလိသည် ထာဝရဘုရား၏ အိမ်တော်
၁၀ တိုင်နားမှာ ထိုင်စဉ်၊ ဟန္နသည် ညိုးငယ်သောစိတ်နှင့်ထ၍မျက်ရည်များစွာကျလျက် ထာဝရဘုရားကို
၁၁ ဆုတောင်းသည်ကား၊ အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်ဿကíန်မကို မေ့လျော့တော် မမူဘဲ၊ ကိုယ်တော်ကíန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှု၍အောက်မေ့သဖြင့်၊ သားယောက်ျားကိုပေးသနားတော်မူလျှင်၊ သူ၏ဆံပင်ရိတ်ခြင်းကိုအလျဉ်းမပြု။ တသက်လုံး ထာဝရဘုရား၏ကíန်ဖြစ်စေခြင်းငှာ ကíန်မအပ်ပါမည်ဟု သစ္စာဂတိပြုလေ၏။
၁၂ ဟန္နသည် ထာဝရ ဘုရားရှေ‹တော်၌ကြာမြင့်စွာဆုတောင်းစဉ်၊ ဧလိသည်သူ၏ နှုတ်ကို ကြည့်မှတ်လေ၏။
၁၃ စိတ်နှလုံးနှင့်ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံမထွက်သောကြောင့်၊ ယစ်မူးသည်ဟုဧလိထင်လျက်၊
၁၄ သင်သည်အဘယ်မျှ ကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏စပျစ်ရည်ကို ပယ်ရှောင်လော့ဟု ဆို၏။
၁၅ ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကíန်မသည် စိတ်ညိုးငယ်သောမိန်းမဖြစ်၏။ စပျစ်ရည်ကိုမသောက်ပါ။ သေရည်သေရက်ကိုမသောက်ပါ။ ထာဝရဘုရား ရှေ‹တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက်နေပါ၏။
၁၆ ကိုယ်တော်၏ကíန်မကို အဓမ္မမိန်းမဟူ၍မမှတ်ပါနှင့်။ မြည်တမ်း စရာအကြောင်း၊ ဝမ်းနည်းစရာအကြောင်းများသည် ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော်၊ ဧလိကငြိမ်ဝပ်စွာသွားလော့။
၁၇ ယခုဆုတောင်သည်အတိုင်း၊ ဣသရေလအမျိုး၏ဘုရားသခင် ပေးသနား တော်မူပါစေသောဟု မြွက်ဆို၏။
၁၈ ဟန္နကလည်း၊ ကိုယ်တော်၏ကíန်မသည် ရှေ‹တော်၌မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနားသော မျက်နှာနှင့်သွား၍ အစာ စားလေ၏။
၁၉ ထိုသူတို‹သည် နံနက်စောစောထ၍ ထာဝရဘုရား ရှေ‹တော်၌ ကိုးကွယ်ပြီးလျှင်၊ ရာမမြို‹မှာရှိသော မိမိတို‹အိမ်သို‹ပြန်သွားကြ၏။ ထိုအခါဧလကာန သည် မယားဟန္နနှင့် ဆက်ဆံ၍ထာဝရဘုရားအောက်မေ့တော်မူသဖြင့်၊
၂၀ ဟန္နသည် ပဋိသန္ဓြေွယူ၍ကာလ အချိန်စေ့သောအခါ၊ သားယောက်ျားကိုဘွားမြင်ပြီးလျှင် ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။
ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၂ (1 Sam 2:1-8);
၁ တဖန်ဟန္နသည် ပဌနာစကားကို မြွတ်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ရìင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျှက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို‹အား ဝါကြွားသော စကားကို ပြောရ၏။
၂ ထာဝရဘုရားသန်‹ရှင်းတော်မူသကဲ့သို‹ အဘယ်သူမျှမသန်‹ရှင်း ကိုယ်တော် မှတပါးအခြားသော ဘုရားမရှိ။
၃ ငါတို‹ဘုရားသခင်ကဲ့သို‹သော ခိုလှုံစရာမရှိ။ ကိုယ့်ကို ကိုယ်မမြှောက်ကြနှင့်။ ဝါကြွားစော်ကားသောစကားကိုမပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲကမထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရားဖြစ်တော်မူ၏။ အမူအရာ တို‹ကို ညီညွတ်တော်မူ၏။
၎ သူရဲတို‹ကိုင်သော လေးများ ကျိုးလျက်၊ လဲတတ်သောသူတို‹သည် ခွန်အားနှင့်ပြည့်စုံလျက်ရှိကြ၏။
၅ စွာစားသော သူတို‹သည် စားစရာကို ရခြင်းငှါ၊ သူငှါးလုပ်ရကြပြီ၊ ငတ်မွတ်သောသူတို‹မူကား၊ တဖန်အားလျော့ပြီး
၆ ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏနိုင်ငံသို‹နှိမ့်ချသောအခွင့်၊
၇ ထမြောက်စေသော အခွင့်ရှိတော်မူ၏။ ဆင်းရဲစေ ခြင်းငှါင်း၊ ရတတ်စေခြင်းငှါင်း၊ ထာဝရဘုရားပြု၍နှိမ့်ချသော အခွင့်၊ ချီးမြောက်သောအခွင့် ရှိတော်မူ၏၊
၈ ဆင်းရဲသောသူကို မြေမှုန်‹ထဲကင်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက င်း၊ မြှောက်၍၊ မင်းသားတို‹နှင့်ထိုင်ရ သောအခွင့်၊ ဘုန်းကြီးသော ပလ္လင်ကို အမွေခံ ရသောအခွင့်ကိုပေး တော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို‹ကို ထာဝရဘုရားပိုင်၏၊ ထိုတိုင်တို‹အပေါ်မှာ လောက ဓါတ်ကိုတည်တော်မူပြီ။
သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Thess 2:13);
၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:21-28)
၂၁ ကပေရနောင်မြို့သို့သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ်သို့ဝင်၍ ဆုံးမ သြဝါဒပေးတော်မူ၏။
၂၂ ပရိသတ်တို့သည်လည်း ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။
၂၃ ထိုသူတို့၏ တရားစရပ်၌ ညစ်ညူး သောနတ်စွဲသောသူရှိ၍၊
၂၄ သြော် နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါလာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရား သခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။
၂၅ ယေရှုကလည်း၊တိတ်ဆိတ်စွာနေလော့။ ထိုသူ၏ အထဲကထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊
၂၆ ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသော အသံနှင့်အော်ဟစ်၍ ထွက်သွား၏။
၂၇ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကား ဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
၂၈ သိတင်းတော်သည်လည်း ဂါလိလဲပြည် အရပ်ရပ် တို့၌ ချက်ခြင်းနှံ့ပြား ကျော်စောလေ၏။