Wed the 6th: Solemnity of Epiphany.
Isa 60:1-6; Ps 72:1-13; Eph 3:1-6; Matt 2:1-12
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၀(Isa 60:1-6);
၁ သင်ထလော့၊၊ လင်းလော့၊၊ သင်၏အလင်းရောက်လာပြီ၊၊ ထာဝရဘုရား၏ ဘုန်းတော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏၊၊
၂ ကြည့်ရှုလော့၊၊ မှောက်မိုက်သည် မြေကြီကို ဖုံးလွှမ်းလိမ့်မည်၊၊ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်၊၊
၃ တပါးအမျိုးသား တို့သည် သင်၏အလင်းသို့င်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းမည်အရောင်သို့င်း လာကြလိမ့်မည်။
၎ အရပ်ရပ် သို့ မြော်ကြလော့၊၊ ခပ်သိမ်းသောသူတို့သည် စုဝေး၍ သင်ထံသို့လာကြ၏၊၊ သင်၏သားသမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစားခြင်းကို ခံရကြလိမ့်မည်၊၊
၅ ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်းခြင်းရှိလိမ့်မည်၊၊ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ ကြွယ်ဝခြင်းသည် သင့်ဘက်သို့ ပြောင်းလဲ၍ တပါးအမျိုးသားတို့၏ စည်းစိမ်သည် သင့်လက်သို့ရောက်လိမ့်မည်၊၊
၆ ကုလားအုပ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကိုနှံ့ပြားကြလိမ့်မည်။ ရှေဘပြည်သားအပေါင်းတို့သည် လာကြလိမ့်မည်၊၊ ရွှေနှင့်လောဗန်ကိုဆောင်ခဲ့ကြ၊၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်၊၊
ဆာလံကျမ်း အခန်းကြီး ၇၂ (Ps 72:1-13);
၁ ရှောလမုန်ကို ရည်ဆောင်၍ စပ်ဆိုသောဆာလံ။ အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့်ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသားဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
၂ ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။
၃ တောင်ကြီးတောင်ငယ် တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့ အားချမ်းသာပေးကြလိမ့်မည်။
၎ ထိုမင်းသည် ကိုယ်တော်၏ လူတို့ တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ် သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကို လည်း နှိပ်စက်ပါလိမ့်မည်။
၅ နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူအစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြပါလိမ့်မည်။
၆ ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကိုစိုစေသော မိုဃ်း ပေါက်များကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။
၇ လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရား သောသူသည် ပွင့်လန်း၍ ချမ်းသာ များပြားလိမ့်မည်။
၈ ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေစွန်းတိုင် အောင်၎င်း၊ အစိုးရတော်မူလိမ့်မည်။
၉ တောတွင်းသား တို့သည်ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
၁၀ တာရှုမင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏာများကို ဆက်ကြလိမ့်မည်။
၁၁ ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်တို့ကို ထမ်းကြလိမ့်မည်။
၁၂ အကြောင်းမူကား၊ ငတ်မွတ်သောသူ၊ အော်ဟစ်သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။
၁၃ ဆင်း ရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။
ဧဖက်သြဝါဒစာ အခန်းကြီး ၃ (Eph 3:1-6);
၁ ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။
၂ သင်တို့အကျိုး ကိုထောက်၍ ငါ့အား အပ်ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် သာသနာကို သင်တို့ကြားသိရသည် နှင့်အညီ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ၏။
၃ ကျေးဇူးတော် သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ်ရေးထားသည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော် အားဖြင့် နက်နဲသောအရာအရာကို ငါ့အားးပြတော်မူ၏။
၎ ထိုစကားကို ဘတ်ရွတ်လျှင်၊ ခရစ်တော်၏နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရကြမည်။
၅ ထိုနက်နဲသောအရာကို သန့်ရှင်းသောတမန်တော်တို့နှင့် ပရော ဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ်တော် အားဖြင့် ဖွင့်လှစ်တော်မူသည် နည်းတူ၊ အခြားသောကာလတို့၌ လူမျိုး တို့အား ပြတော်မမူ။
၆ ထိုနက်နဲသော အရာ ဟူမူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုး သားတို့နှင့် အမွေခံ၍၊ တလုံးတဝတကိုယ်တည်း ဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သော ဂတိတော်ကို ဆက်ဆံရကြသတည်း။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂ (Matt 2:1-12)
၁ ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည်ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိ တို့သည် အရှေ့ပြည်ကယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊
၂ ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟုမေးမြန်း ပြောဆိုကြ၏။
၃ ထိုစကားကိုကြားလျှင်၊ ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ရောက်သဖြင့်၊
၎ ယဇ်ပုရောဟိတ်အကြီး တို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍၊ ခရစ်တော်ကိုအဘယ်အရပ်မှာဘွားမြင် လိမ့်မည်နည်းဟုမေးမြန်းတော်မူ၏။
၅ ထိုဆရာတို့ကလည်း၊ ပရောဖက်တဦးရေးထား သောအချက်ဟူမူကား၊
၆ အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည်မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစုဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့်ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအားပြန်ကြားလျှောက် ထားကြ၏။
၇ ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍၊ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊
၈ သင်တို့သွား၍ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင်ငါ့ထံသို့ ပြန်လာ၍ ငါလည်းထိုသူငယ် ကိုဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟုမှာထားတော်မူလျက်၊ ဗက်လင်မြို့သို့စေလွှတ်လေ၏။
၉ ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍၊ အရှေ့ပြည်၌ မြင်ရသောကြယ်သည် သူတို့ရှေ့ကသွားသဖြင့်၊ သူငယ် တော်ရှိရာအရပ်ပေါ်သို့ရောက်၍တည်လျက်နေ၏။
၁၀ ထိုကြယ်ကိုမြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊
၁၁ အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့် တကွ သူငယ်တော်ကိုတွေ့မြင်လျှင်ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ဘဏ္ဍာ ဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။
၁၂ နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့အခြားသောလမ်းဖြင့် ပြန်သွားကြ၏။