(The Most Holy Name of Jesus.)
Sir 24:1-16; Ps 147:12-20; Eph 1:3-18; John 1:1-18
ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး (၂၄) (ှSir 24:1-16)း
၁။Óဏ်ပညာသည် မိမိကိုယ်ကို ချီးမွမ်း ထောပနာဉပ လျက်သူမ၏ လူမျိုးရှေ့မှာ မိမိ၏ ဘုန်း ဂုဏ်ကျက်
၂။သရေကို ဂုဏ်ယူ ချီးမွမ်းလိမ့်မည်။၂၁ အမြင့်ဆုံးဖြစ် တော်မူသော အရှင်သခင်၏ အစုအဝေးတော်၌ သူမ သည်မိမိနှုတ်ကိုဖွင့်ဟ၍အားလုံးစုံကိုတတ်နိုင်တော်မူသောသခင်ဘုရားရှေ့တော်တွင်မိမိကိုယ်ကိုဂုဏ်ယူချီး
၃။မွမ်းလေ၏။ အမြင့်ဆုံးသော အရှင်သခင်၏ ရွှေနှုတ် တော်မှ ငါသည်ထွက်လာ၏။ နှင်းမြူတို့ကဲ့သို့ ကမ္ဘာ
၎။မြေပြင်ကို ဖုံးလွှမ်းထားလျက်ရှိ၏။ ငါသည် ကောင်း ကင်၏ အမြင့်ဆုံးအရပ်၌နေထိုင်၍ ငါ၏ ရာဇပလ’င်
၅။သည်တိမ်တောင်၏ ထိပ်မှာဖြစ်၏။ ငါတစ်ဦးတည်း ကောင်းကင်ယံ၌ လည့်ပတ်သွားလာလျက် ချိုင့်ဝှမ်း တို့၏အနက်ရှိုင်းဆုံးအရပ်များတွင်ခရီးသွားလာခဲ့၏။
၆။ပင်လယ်လှိုင်းတံပိုးများပေါ်ကိုလည်းကောင်း၊မြေကြီးတစ်ပြင်လုံးပေါ်ကိုလည်းကောင်း၊လူမျိုးအသီးသီးနှင့်နိုင်ငံအသီးသီးတို့ကိုလည်းကောင်းငါစိုးပိုင်ခဲ့၏။
၇။ဤအရာအားလုံးတို့တွင်ငါနားနေစရာအရပ်ကိုရှာဖွေလျက်မည်သည့် နယ်နိမိတ်တွင် ငါအခြေချရမည်ကို
၈။ကြည့်ခဲ့၏။ ထို့နောက် ငါ၏ဖန်ဆင်းရှင်သည် ငါ့အ တွက်နေရာကိုရွေးချယ်ပေးတော်မူပြီးအားလုံးစုံကိုဖန်ဆင်းတော်မူသော သခင်သည်ငါ့ကိုအမိန့်ပေးတော်မူ သည်ကား ယာကုပ်၏အမျိုးအနွယ်တွင်သင့်အတွက် နေစရာတဲကိုတည်ဆောက်လော့။အစ္စရေးလ်၌သင်၏ အမွေအနှစ်ကို ဖြစ်စေလော့ဟူ၍တည်း။
၉။အစဦး၌ ကမ္ဘာ မတည်မီကပင် ငါ့ကို ဖန်ဆင်းထား တော်မူ၏။ ငါသည်ကာလအဆက်ဆက် အစဉ်တည်
၁၀။နေမည်။သန့်ရှင်းသောတဲဗိမာန်တော်၌ ကိုယ်တော်၏
မျက်မှောက်တော်တွင် အစေခံခဲ့၍ဇီအုန်အရပ်၌အခြေ စိုက်နေထိုင်ခဲ့၏။
၁၁။ကိုယ်တော်သည်ရွေးကောက်တော်မူသော ဉမိ့တော်တွင် ငါ့ကို နားခိုခွင့် ပေးတော်မူပြီ။ ဂျေရုဆလင်ဉမိ့တော်တွင် ငါ၏ သြဇာ တန်ခိုးသက်
ရောက်၏။
၁၂။ကိုယ်တော်၏ အမွေအနှစ်ကို ရရှိသည့်ဂုဏ်သရေရှိသောလူမျိုးတော်အလယ်မှာငါ့အားအမြစ် စွဲခဲ့၏။
၁၃။ငါသည် လက်ဘနွန်တွင် ပေါက်ရောက်သော ဆီဒါထင်းရှူးမွှေးပင်နှင့်ဟာမုန်တောင်ပေါ်မှာပေါက် သောဆိုက်ပရက်ထင်းရှူးစိမ်းတို့ကဲ့သို့ကြီးပြင်းခဲ့ရ
၁၄။၏အင်ဂေဒီအရပ်မှစွန်ပလွန်ပင်ကဲ့သို့လည်းကောင်း၊ ဂျေရီခိုမှ နှင်းဆီကဲ့သို့လည်းကောင်း၊ ကွင်းပြင်မှာ ပေါက်သောသံလွင်ပင်ကဲ့သို့လည်းကောင်း၊ရေစပ်နားမှာပေါက်သော ရွက်လှပင်များကဲ့သို့ လည်းကောင်း၊ ငါသည်ကြီးပြင်းခဲ့ရ၏။
၁၅။ငါသည် သစ်ကြမ်းပိုး၊မွှေးသောသစ်မွှေးဆီ၊အဖိုးတန် သောနံ့သာမျိုးများကဲ့သို့အမွှေးရနံ့ကိုပေး၏။ ဂါလ ဗန်အစေး၊ မွှေးသော ခရုငါးခွံနှင့် ထုံသင်းသော အမွှေးအကြိုင်များကဲ့သို့လည်းကောင်း၊သန့်ရှင်းသောနေရာမှလော ဗန်နံ့သာမီးခိုးငွေ့ကဲ့သို့လည်းကောင်း ငါသည် သင်းပျံ့မွှေးကြိုင်စေ၏။
၁၆။ငါသည် ၀က်သစ်ချပင်ကဲ့သို့ငါ၏အကိုင်းအခက်များ ကို ဖြန့်ကား၍ ၎င်းင်းတို့သည် တင့်တယ် ဝေဆာလျက်ရှိ၏။
ဆာလံကျမ်း အခန်းကြီး ၁၄၇ (Ps 147:12-20);
၁၂ အိုယေရုရှလင်မြို့ ထာဝရဘုရားကို ချီးမွမ်းလော့၊၊ အိုဇိအုန်မြို့၊ သင်၏ ဘုရားသခင်ကို ချီးမွမ်းလော့၊၊
၁၃ အကြောင်းမူကား၊ သင်၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍ သင်၏ အထဲမှာ သားသမီးများကို ကောင်းကြီးပေး တော်မူ၏၊၊
၁၄ သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်းစေ၍ အကောင်ဆုံးသော စပါးနှင့်သင့်ကို ဝစွာကျွေးမွေး တော်မူ၏၊၊
၁၅ မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကို လွှတ်တော်မူ၏၊၊ နှုတ်ကပတ်တော်သည် အလျှင်အမြန်ပြေးတတ်ပါ၏။
၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏၊၊ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏၊၊
၁၇ မိမိမိုဃ်းသီးကို စားနုတ် စားပေါက်ကဲ့သို့ လွှတ်တော်မူ၍ ချမ်းစေတော်မူခြင်းကို အဘယ်သူ ခံနိုင်သနည်း၊၊
၁၈ တဖန် နှုတ်ကပတ်တော်ကို လွှတ်၍ ထိုမိုဃ်းပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏၊၊ မိမိလေကို လာစေတော်မူသဖြင့် ရေတို့သည် စီးကြ၏၊
၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို သူတို့မသိရကြ၊၊ ဟာလေလုယ။
ဧဖက်သြဝါဒစာ အခန်းကြီး ၁ (Eph 1:3-18);
၃ ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊
၎ ဤကမ္ဘာ မတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
၅ ထိုဘုရားသခင်သည် ချစ်တော် မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။
၆ ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော် သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရကြ၏။
၇ ဘုရားသခင်သည် နှလုံးသွင်တော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသောအရာကို ငါတို့အား ပြတော်မူ၏။
၈ ထိုနက်နဲသော အရာဟူမူကား၊ ကာလ အချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်ကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို ပေါင်း၍ခရစ်တော်၌ ချုပ်ခြာစေတော် မူလိမ့်သတည်း။
၉ မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည် ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သား တော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံ ဖြစ်ကြ၏။
၁၀ အကြောင်းမူကား၊ ခရစ်တော်ကို မြော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်းအကြောင်း ဖြစ်သတည်း။
၁၁ သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သောဧဝံဂေလိတရားတည်း ဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။
၁၂ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီ ကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စားရန်ဖြစ်တော်မူ၏။
၁၃ ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင်၊
၁၄ သင်တို့ကို အကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ၏။
၁၅ ဆုတောင်းသောအချက် ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော ဘုန်းကြီးသောအဘ ခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှါ ပညာကို၎င်း၊ ထိုးထွင်း သောဥာဏ်ကို၎င်း၊ သင်တို့အားပေးပါမည်အကြောင်း၊
၁၆ ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကိုင်း၊ သန့်ရှင်းသူတို့သည် ခံရသော အမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊
၁၇ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
၁၈ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁ (John 1:1-18);
၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။
၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။
၎ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။
၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။
၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။
၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။
၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။
၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။
၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။
၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။
၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။
၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
၁၅ ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသောသူသည် ငါမရှိမှီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ကြီး မြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။
၁၆ ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူး တပါး၌ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ရှိသမျှသည် ခံရကြပြီ။
၁၇ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင်ပေးတော်မူ၏။ ကျေးဇူး တရားနှင့်သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
၁၈ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။