Mon the 1st: 2 Sam 15:13-30, 16:5-13; Ps 3:1-7; Luke 7:16; Mark 5:1-20
ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၁၅ (2 Sam 15:13-30,16:5-13);
၁၃ သိတင်းပြောသော သူတယောက်သည် ဒါဝိဒ်ထံသို‹လာ၍၊ ဣသရေလ အမျိုးသား တို‹၏ စိတ်နှလုံးသည် အဗရှလုံဘက်သို‹ပါသွားပြီဟု ကြားလျောက်လေ၏။
၁၄ ဒါဝိဒ်ကလည်း၊ ငါတို‹သည်ထ၍ ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင် အမြန် ထွက်ကြကုန်အံ့။ သို‹မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့်၊ ငါတို‹ကို ဘေးပြု၍ မြို‹ကိုလည်းထားနှင့် လုပ်ကြံလိမ်မည်ဟု ယေရုရှလင်မြို‹တွင် အထံတော်၌ ရှိသောကျွန်အပေါင်း တို‹အားမိန်‹တော်မူ၏။
၁၅ ရှင်ဘုရင်၏ ကျွန်တို‹ကလည်း၊အရှင်မင်းကြီး စီရင်တော်မူသမျှတို‹ကို ကိုယ်တော်ကျွန်တို‹ သည်ပြုပါမည်ဟု လျှောက်ကြလျှင်၊
၁၆ ရှင်ဘုရင်သည်နန်းတော်သားအပေါင်းတို‹နှင့်တကွ ထွက်သွား၏ သို‹ရာတွင် နန်းတော်ကိုစောင့်စေခြင်းငှါ၊ ကိုယ်လုပ်သောမိန်းမတကျိပ်တို‹ကို ထားခဲ့လေ၏။
၁၇ ထိုသို‹ရှင်ဘုရင်နှင့် ကိုယ်တော်၌ ပါသော သူအပေါင်းတို‹သည်ထွက်သွား၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ၏။
၁၈ ကျွန်တော်မျိုးအပေါင်းတို‹ သည်ခြံရံချက်လိုက်ကြ၏။ ဂါသမြို‹မှ လိုက်လာသော သူခြောက်ရာတည်းဟူသော ဂိတ္တိလူအပေါင်းနှင့်ခေရသိလူ၊ ပေလသိလူအပေါင်းသည်ရှေ့တော်၌ ချီသွားကြ၏။
၁၉ ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို‹နှင့် အဘယ်ကြောင့် လိုက်သနည်း။ ရှင်ဘုရင်ထံသို‹ ပြန်၍နေလော့။ သင်သည်တပါးအမျိုးသား၊ နေရာမကျသော ဧည့်သည်ဖြစ်၏။
၂၀ မနေ‹ကသာရောက်လာသည်ဖြစ်၍၊ ယနေ‹ ငါတို‹နှင့်အတူ အရပ်ရပ် လှည့်လည်ရမည်လော။ ငါသည်သွားရသောအခွင့်ရှိသည်အတိုင်း သွားရသော ကြောင့်၊ သင်သည် အမျိုးသားချင်း တို့ကိုခေါ်၍ပြန်လော့။ ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။
၂၁ အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင်မင်းကြီး အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသက်တော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာ အရပ်၌ကိုယ်တော် ကျွန်ရှိပါလိမ့်မည်ဟုရှင်ဘုရင် အား ပြန်လျှောက်သော်၊
၂၂ ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူ အိတ္တဲသည် မိမိ၌ ပါသောလူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ၏။
၂၃ ပြည်သူပြည်သား အပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူ အပေါင်းတို့သည် ချီသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင်ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည် ကူး၍တောလမ်းသို့ လိုက်သွားကြ၏။
၂၄ ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မှီတိုင်အောင် အဗျာသာ သည် ယဇ်ပူဇော်လျက်နေ၏။
၂၅ ရှင်ဘုရင်သည် ဇာဒုတ်ကို ခေါ်၍၊ ဘုရားသခင်၏ သေတ္တာတော်ကိုမြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကို စိတ်တော်နှင့် တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကိုင်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကိုင်း ပြတော်မူမည်။
၂၆ သို့မဟုတ်သင့်ကို ငါအလိုမရှိဟု ငါ့အား မိန့်တော်မူလျှင် ငါရှိပါ။ အလိုတော်ရှိသည် အတိုင်းပြုတော်မူစေသတည်းဟူ၍င်း၊
၂၇ ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း၊ သင်သည်ပရောဖတ်ဖြစ်သည် မဟုတ်လော။ သင်၏ သားအဟိမတ်နှင့် အဗျာသာ၏ သားယောနသန်၊ ထိုသားနှစ်ယောက်ကို ခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။
၂၈ သင်တို့ကြား လျှောက်စေသော စကားမရောက်မှီ ငါသည်တောလွင်ပြင်၌ ဆိုင်းလင့်၍ နေမည်ဟု မိန့်တော်မူသည်အတိုင်း၊
၂၉ ဇာဒုတ်နှင့်အဗျာသာတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ပြန် ပို့၍ ထိုမြို့၌နေကြ၏။
၃၀ ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကိုခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တက်ကြ၏။
၅ ဒါဝိဒ်မင်းကြီးသည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသားရှိမိ အမည် ရှိသောသူသည်ကျိန်ဆဲလျက်ထွက်လာ၏။
၆ ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်း တို့ကိုကျောက်ခဲနှင့် ပစ်လေ၏။ လူများအပေါင်းနှင့် မှူးတော်မက်တော်အပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရှိကြ၏။
၇ ရှိမိ ကျိန်ဆဲသောစကားဟူမူ ကား၊ သွားဟဲ့၊ သွားဟဲ့။
၈ လူအသက်ကိုသတ်သောအဓမ္မလူ၊ ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကိုသတ်သော အပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရဘုရားသက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သားအဗရှလုံလက်၌ အပ်တော်မူပြီ။ သင်သည် လူအသက်ကိုသတ်သောသူဖြစ်သောကြောင့်ကြည့်ပါ။ အမှုကြီးရောက်လေပြီဟုဆို၏။
၉ ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကိုဖြတ်ပါရစေဟု နားထောင်လျှောက်လျှင်၊
၁၀ ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည်ငါနှင့်အ ဘယ်သို့ဆိုင်သနည်း။ ထိုသူသည်ကျိန်ဆဲပါလေစေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရားမှာထားတော်မူပြီ။ သို့ဖြစ်၍သင်သည်အဘယ်ကြောင့်ဤသို့ပြုသနည်းဟု အဘယ်သူ ဆိုရမည်နည်းဟူ၍င်း၊
၁၁ ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက် သောငါ့သားအရင်းသည် ငါ့အသက်ကိုရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည်ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကိုရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ဒါဝိဒ်ကို ကျိန်ဆိုလော့ဟု ထာဝရဘုရားမှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည်အဘယ်ကြောင့် အသို့ပြုသနည်းဟု အဘယ်သူဆိုရ မည်နည်း ဟူ၍င်း၊
၁၂ ထာဝရဘုရား သည်ငါ၏ဒုက္ခကိုကြည့်ရှု၍ ယနေ့ထိုသူကျိန်ဆဲသည် အတွက် ကောင်းသောအကျိုးကိုပြန်ပေး ကောင်းပေးတော်မူ လိမ့်မည်ဟူ၍င်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။
၁၃ ဒါဝိဒ်သည် နောက်တော်လိုက် သူတို့နှင့်တကွလမ်း၌ သွားစဉ်တွင်၊ ရှိမိသည်ဒါဝိဒ်တဘက်တချက်၊ တောင်ခါးပန်းနားမှာ ရှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့်ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။
ဆာလံကျမ်း အခန်းကြီး ၃ (Ps 3:1-7);
၁ ဒါဝိဒ်သည် သားတော် အာဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသော ဆာလံ။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့သည် အလွန်တိုးပွား၍ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏၊၊
၂ သူသည် ဘုရားသခင်ကို အမှီပြု၍ ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင်၍ ပြောသူအများရှိကြပါ၏။
၃ သို့သော်လည်း အိုထာဝရဘုရားကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ်၏ ဘုန်းလည်းဖြစ်တော်မူ၏၊၊ အကျွန်ုပ်၏ ဦးခေါင်းကို ချီကြွသော သူလည်း ဖြစ်တော်မူ၏၊၊
၎ ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏၊၊
၅ ထာဝရဘုရားသည် ငါ့ကို မစတော်မူသောကြောင့် ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏၊၊
၆ ငါ့ကို ရန်ဘက်ပြု၍ ဝန်းရံသောသူအထောင်အသောင်းကို ငါမကြောက်ဘဲနေမည်၊၊
၇ ထိုထာဝရဘုရားထတော်မူပါ၊၊ အကျွန်ုပ်၏ ဘုရားသခင် အကျွန်ုပ်ကို ကယ်မတော်မူပါ၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍ မတရားသောသူတို့၏ သွားကိုချိုးတော်မူ၏၊၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:16);
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၅(Mark 5:1-20)
၁ အိုင်တဘက်၊ ဂါဒရ ပြည်သို့ရောက်ကြ၍၊
၂ ယေရှုသည် လှေထဲကထွက်တော်မူသည်ခဏခြင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။
၃ ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင်အဘယ်သူမျှ ချည်၍မနိုင်။
၎ ခြေချင်း၊ သံကြိုးနှင့်အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်၊
၅ နေ့ညဥ့်မပြတ် သင်္ချိုင်းတစပြင်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့်ကိုယ်ကို ရှစေလျက်နေတတ်၏။
၆ ယေရှုကိုအဝေးကမြင်လျှင်၊ အထံတော်သို့ပြေးလာ၍ ပြပ်ဝပ်လျက်၊
၇ အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း၊ အကျွန်ုပ်ကို ညှင်းဆဲတော် မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်၍ လျှောက်လေ၏။
၈ လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
၉ ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊
၁၀ ထိုပြည်ထဲက အခြားသို့ မနှင်ပါမည် အကြောင်း များစွာတောင်းပန်လေ၏။
၁၁ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။
၁၂ နတ်ဆိုး အပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါဟု တောင်းပန်ပြန်လျှင်၊
၁၃ ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်း စောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက် ရှိ၏။
၁၄ ၀က်ကျောင်းသောသူတို့သည် ပြေး၍ မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှါထွက်လာကြ၏။
၁၅ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုးလေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကိုမြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
၁၆ နတ်ဆိုးစွဲသောသူ၌၎င်း၊ ဝက်တို့၌၎င်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊
၁၇ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
၁၈ လှေထဲသို့ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူရှိပါမည်အကြောင်း တောင်းပန်လျှင်၊
၁၉ ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊
၂၀ ထိုသူသည်သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော် မူသည်ကို၊ ဒေကာပေါလိပြည်တွင် သိတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့သြခြင်းရှိကြ၏။