Wednesday, 3 February 2016

3-FEB-2016 (READING ORD4-YC-C2)

Wed the 3rd:        Optional memorial of Blase, bishop and martyr.
    Optional memorial of Ansgar, bishop.
2 Sam 24:1-17; Ps 32:1-7; John 10:27; Mark 6:1-6

ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၂၄ (2 Sam 24:1-17);

 ၁ နောက်တဖန် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်တော်မူလျင်၊ စာတန်သည် ရန်ဘက်ပြု ၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက်စေခြင်းငှာ ဒါဝိဒ်ကို တိုက်တွန်းလေ၏။
၂ ရှင်ဘုရင် ကလည်း၊ လူပေါင်းမည်မျှ ရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား၍၊ လူတို့ကို ရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ်မင်းယွာဘအား မိန့်တော်မူ၏။
၃ ယွာဘကလည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတရာတိုးပွားစေသဖြင့်၊ ကျွန်တော်သခင်အရှင် မင်းကြီးမြင်မည်အကြောင်း ပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်သခင်အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ၏။
၎ သို့သော်လည်း အမိန့်တော်သည် ယွာဘစကားနှင့် ဗိုလ်များစကားကို နိုင်သဖြင့်၊  ယွာဘနှင့် ဗိုလ်များတို‹သည် လူတို‹ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက်သွားကြ၏။
၅ ယော်ဒန်မြစ်ကို ကူး၍ဂဒ်ချိုင့်၌ရှိသော အာရော်မြို‹အရှေ့ဘက်၊ ယာဇာမြို‹အနားမှာ တပ်ချကြ၏၊
၆ ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန်ပြည်တို‹ကိုလွန်ပြီးမှ ဇိဒုန်ပြည်သို‹ဝိုင်းသွား၍၊
၇ တုရုရဲတိုက်သို‹င်း၊ ဟိဝိမြို‹များ၊ ခါနာနိမြို‹များအလုံးစုံတို‹သို‹င်းရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရရှေဘမြို‹လက်စသတ်ကြ၏။
၈ ထို‹သိုတပြည်လုံးရှောက်သွား၍ကိုလနှင့် အရက် နှစ်ဆယ်လွန်မှ ယေရုရှလင်မြို‹သို‹ရောက်ကြ၏။
၉ ယွာဘသည်လည်း လူပေါင်းစာရင်းကို ရှင်ဘုရင်အားဆက်၍၊ ဣသရေလအမျိုး၌ထားကိုင် သူရဲရှစ်သိန်း၊ ယုဒအမျိုး၌ ငါသိန်းရှိကြ၏။
၁၀ ဒါဝိဒ်သည်လူတို‹ကို ရေတွက်ပြီးမှ နောင်တရ၍၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၏ အပြစ်ကိုဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည်အလွန်မိုက်သော အမှုကိုပြုမိပါပြီဟု ထာဝရဘုရားအားတောင်းပန်လေ၏။
၁၁ ဒါဝိဒ်သည် နံနက်အချိန်၌ထသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ဒါဝိဒ်၏ပရောဖက်ဂဒ်သို‹ ရောက်လာ၍၊
၁၂ ဒါဝိဒ်ထံသို‹သွားလော့။ အရာသုံးပါးကိုသင့်အားငါပြ၏။ သင်၌ ငါပြုစရာတို‹ တပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား၏ အမိန့်တော် ကိုဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊ 
၁၃ ဂဒ်သည်ဒါဝိဒ်ထံသို‹သွား၍၊ ပြည်တော်၌သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို‹မဟုတ် ရန်သူတို‹သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို‹မဟုတ်ပြည်တော်၌ သုံးရက်ပတ်လုံးကာလနာရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသော သူအား အကျွန်ုပ်သည် အဘယ်သို‹ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟုလျှောက်လေ၏။
၁၄ ဒါဝိဒ်ကလည်း၊ ငါသည်ကျဉ်းမြောင်းရာသို‹ ရောက်လေပြီ တကား။ ထာဝရဘုရား၏ လက်တော်သို‹ ရောက်ပါစေ။ ကရုဏာတော်ကြီး လှ၏ လူလက်သို‹ မရောက်ပါစေနှင့်ဟုဂဒ်အားပြန်ပြော၏။
၁၅ ထိုနေ့နံနက်မှစ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ကာလနာကို လွတ်လိုက်တော်မူ၍၊ ဒန်မြို‹မှသည်ဗေရရှေဘမြို‹ တိုင်အောင် လူခုနစ်သောင်းသေကြ၏။
၁၆ ကောင်းကင်တမန်သည် ယေရုရှလင်မြို‹ကို ဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရားသည် ထိုဘေးကြောင့်နောင်တရတော်မူ၍တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို‹ကိုဖျက်ဆီးသော ကောင်းကင်တမန်အားမိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယေဗုသိလူ အရောန၏ ကောက်နယ်တလင်းအနားမှာရှိ၏။
၁၇ လူတို‹ကိုဒဏ်ခတ် သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို‹မူကား အဘယ်သို‹ ပြုမိပါသနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။

ဆာလံကျမ်း အခန်းကြီး ၃၂ (Ps 32:1-7);

၁ အပြစ်မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည်မင်္ဂလာရှိ၏၊၊
၂ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍လှည့်စားတတ်သော စိတ်သဘောထားနှင့် ကင်းစင်သောသူသည် မဂ်လာရှိ၏၊၊
၃ ငါသည်အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ ခြင်းသို့ရောက်ရ၏၊၊
၎ နေ့ညဥ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်ပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးသည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏၊၊
၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ် တော်သည်အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကိုလွှတ်တော် မူ၏၊၊
၆ ထို့ကြောင့်ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌ တောင်းလျှောက် ကြပါလိမ့်မည်၊၊ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့မချဉ်းရပါ၊၊
၇ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို ဘေးလွတ်စေ ခြင်းငှါ ကွယ်ကာစောင့်မ တော်မူ၏၊၊ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:1-6)

၁ ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ရောက်တော်မူ၏။
၂ ဥပုသ်နေ့ ရောက်လျှင် တရားစရပ်၌ ဆုံးမသြဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကိုအဘယ်မှာရသနည်း။ သူရသောပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။
၃ သူသည် လက်သမားမဟုတ်လော။ မာရိ၏ သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။
၎ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ၏။
၅ မကျန်းမာသော သူအချို့တို့အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။
၆ ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့သြခြင်းရှိတော်မူ၏။ ပတ်လည်၌ရှိသော မြို့ရွာများသို့ ဒေသစာရီလှည့်လည်၍ ဆုံးမသြဝါဒပေးတော်မူ၏။