Sun the 28th: Psalter III, Lent Week 3.
Exod 3:1-15; Ps 103:1-11; 1 Cor 10:1-12; Luke 13:1-9
Optional readings for any daily Mass this week: Exod 17:1-7; Ps 95:1-9; John 4:5-42
ဝတ်ပြုရာကျမ်း အခန်းကြီး ၃(Exod 3:1-15);
၁ နွားကို မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို၊ ထာဝရ ဘုရားရှေ့ တော်၌ဆက်ရမည်။
၂ ပူဇော်သောနွား၏ ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်ဝေးရာ တဲတော်တံခါးနားမှာ သတ်ပြီးလျှင်၊ အာရုန်၏ သားယဇ်ပုရောဟိတ်တို့သည်၊ အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
၃ အအူကိုဖုံးသောဆီဥ၊
၎ အအူနှင့်ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့်ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့် တကွအသည်းပေါ်၌ရှိသော အမြေ‡းတို့ကို၊ မိဿဟာယယဇ်ကောင်ထဲကယူ၍ ထာဝရဘုရား အားမီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ပြီးမှ၊
၅ အာရုန်၏သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာ တင်သောယဇ်ကောင်နှင့် အတူမီးရှို့ရမည်။ ထာဝရဘုရားအားမီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သောပူဇော် သက္ကာဖြစ်သတည်း။
၆ ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင် ကိုဆက်ရမည်။
၇ သိုးသငယ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ပြီးမှ၊
၈ ပူဇော်သောသိုး၏ ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှာ သတ်ပြီးလျင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
၉ အကောင်ဆီဥ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှအအူကို ဖုံးသောဆီဥ၊ အအူနှင့်ဆိုင်သမျှသောဆီဥ၊
၁၀ ခါးအတွင်းနား၌ ရှိသောကျောက်ကပ်နှင့် တကွအသည်းပေါ်၌ရှိသောအမြေ‡းတို့ကို၊ မိဿဟာယယဇ်ကောင်ထဲကယူ၍ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ပြီးမှ၊
၁၁ ယဇ်ပုရောဟိတ် သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့ ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာအစားအာဟာရဖြစ်သတည်း။
၁၂ ဆိတ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ဆက်ပြီးမှ၊
၁၃ ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ် စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏သားတို့သည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
၁၄ အအူကိုဖုံးသောဆီဥ၊ အအူနှင့်ဆိုင်သမျှသောဆီဥ၊
၁၅ ခါးအတွင်းနား၌ ရှိသောကျောက် ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသောအမြေ‡းတို့ကို၊ မိမိပူဇော်သက္ကာ ထဲကယူ၍ ထာဝရ ဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊
၁၆ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
ဆာလံကျမ်း အခန်းကြီး ၁၀၃ (Ps 103:1-11);
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။
၂ အိုငါ့ဝိညာဉ်၊ထာဝရဘုရားကိုကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။
၃ သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို လည်း ပျောက်စေတော်မူ၏။
၎ သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူးတော် ကရုဏာတော်များနှင့် သင်၏ ခေါင်းကို ရစ်ပတ်တော်မူ၏။
၅ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
၆ ထာဝရဘုရားသည် ညှင်းဆဲခြင်းကိုခံရသမျှ သော သူတို့အဘို့တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
၇ ဘာသာဓလေ့တော်တို့ကိုမောရှေ၌၎င်း၊ စီရင်တော်မူသောအရာတို့ကို ဣသရေလအမျိုးသားတို့၌၎င်း ပြတော်မူပြီ။
၈ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
၉ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
၁၀ ငါတို့ပစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။
၁၁ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကိုကြောက်ရွံသောသူတို့၌ ဂရုဏာတော်သည် အားကြီးပေ၏၊၊
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၀ (1 Cor 10:1-12);
၁ ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ ရှောက်သွား ကြသည်ဟူ၍၎င်း၊
၂ မိုဃ်းတိမ်နှင့်ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံ ကိုခံကြသည်ဟူ၍၎င်း၊
၃ ဓမ္မအစာကို အတူစား ကြသည်ဟူ၍၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း သင်တို့မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။
၎ ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ် သတည်း။
၅ သို့သော်လည်း ထိုသူတို့တွင် များစွာသောသူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကြေပျက်ဆီးခြင်းသို့ ရောက်ကြ၏။
၆ ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှါ၊ ထိုအ ကြောင်းအရာတို့သည် ငါတို့အဘို့ ပုံသက်သေဖြစ်ကြ၏။
၇ လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက် တဖန် ကခုန်မြူးတူးခြင်းငှါ ထကြ၏။ ဟု ကျမ်းစာလာသည်အတိုင်း၊
၈ ထိုသူအချို့တို့သည် ရုတ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှု ကိုပြု၍ တနေ့ချင်းတွင် လူနှစ်သောင်းသုံးထောင်လဲ၍ သေသကဲ့သို့မပြုဘဲ၊ မတရားသောမေထုန်ကို ရှောင်ကြကုန်အံ့။
၉ ထိုသူအချို့ တို့သည် စုံစမ်းနှောင့်ရှက်ခြင်းကိုပြု၍၊ မြွေဖြင့် ပျက်ဆီးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော်ကို မစုံစမ်း မနှောင့်ရှက်ဘဲ နေကြကုန်အံ့။
၁၀ ထိုသူအချို့တို့သည် မြည်တမ်းခြင်းကို ပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်ဆီး သကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။
၁၁ ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ် အံ့သောငှါ ထိုသူတို့၌ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ရေးထား လျက်ရှိသတည်း။
၁၂ ထိုကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါသတိပြုစေ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:1-9)
၁ ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏ အသွေးကို မိမိတို့ပူဇော်သောယဇ် ကောင်တို့နှင့် ရောနှောကြောင်းကိုလျှောက်ကြလျှင်၊
၂ ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
၃ သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဟု ငါဆို၏။
၎ ထိုမှတပါး၊ ရှိလောင်ပြ အိုးလဲ၍ ပိသောသူတကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သား အပေါင်းတို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
၅ သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တမရလျှင် ပျက်ဆီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
၆ တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင် တပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကိုရှာသော်လည်း မတွေ့။
၇ ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကိုရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့်မြေကို နှောက်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ် ရှိပါစေဦး။
၈ အကျွန်ုပ်သည် အပင်နား ပတ်လည်ကို တူးဆွ၍ နောက်ချေးကိုဖို့ပါမည်။
၉ အသီးသီးကောင်းသီးပါ လိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့်တော်မူ၏။
Optional readings for any daily Mass this week:
ဝတ်ပြုရာကျမ်း အခန်းကြီး ၁၇(Exod 17:1-7);
၁-၂ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့် သူ၏သား၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆိုရမည်မှာ၊
၃ ဣသရေလအမျိုးသား တစုံတယောက်သည်၊ သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာသတ်သည်ဖြစ်စေ၊
၎ ထာဝရဘုရား၏တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ ပရိသတ် စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ် သောအပြစ်ရှိသည်ဟု မှတ်ရမည်။ အသက် သတ်သောထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
၅ ဣသရေလ အမျိုးသားတို့သည် တော၌ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့တွင် ထာဝရ ဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့၍၊ ထာဝရ ဘုရားအား မိဿဟာယယဇ်ပူဇော်စေခြင်းငှါ ထိုသို့စီရင်ရသတည်း။
၆ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင် အသွေးကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား၌ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည်။
၇ သူတို့သည် အထက်ကမှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုး တို့အား ယဇ်မပူဇော်ရ။ ဤပညတ်သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော် ဖြစ်သတည်း။
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:1-9);
၁ လာကြ။ ထာဝရဘုရားအား ရွှင်လန်းသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။
၂ ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသောအသံကို ပြုကြကုန်အံ့။
၃ ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ် သောဘုရင်ဖြစ်တော်မူ၏။
၎ မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။
၅ ပင်လယ်ကို လည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။
၆ လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။
၇ ထာဝရဘုရားသည် ငါတို့၏ ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော် အောက်၌ နေသောသိုးစု ဖြစ်ကြ၏။
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
၉ သင်တို့အဘများ သည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက် ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၄ (John 4:5-42)
၅ ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့် အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ရောက်တော်မူ၏။
၆ ထိုအရပ်၌ ယာကုပ်၏ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။
၇ ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါလာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။
၈ အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွား ကြသည် အခိုက် ဖြစ်သတည်း။
၉ ထိုမိန်းမကလည်း၊ သင်သည် ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမ ဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဘို့ တောင်းသနည်းဟု ဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဘော် ခြင်းမရှိ။
၁၀ ယေရှုကလည်း၊ ဘုရားသခင့်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ ရေပေးပါဟု ဆိုသောသူကား အဘယ် သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်း လိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍မိန့်တော်မူသော်၊
၁၁ မိန်းမက၊ သခင်၌ ရေခပ်စရာမရှိ ရေတွင်းလည်းနက်သည်ဖြစ်၍ အသက်ရေကို အဘယ်သို့ ရပါမည်နည်း။
၁၂ ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အားပေး၏။ သူ့ကိုယ်တိုင်မှစ၍ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ်သလောဟု ဆို၏။
၁၃ ယေရှုကလည်း၊ ဤရေကိုသောက်သော သူသည် နောက်တဖန်ရေငတ်ဦးမည်။
၁၄ ငါပေးသောရေကို သောက်သော သူမူကား၊ ရေငတ်ခြင်း နှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်း အလိုငှါ ထွက်သောစမ်းရေ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
၁၅ မိန်းမကလည်း၊ သခင်၊ အကျွန်ုပ်သည် ရေငတ်ခြင်းနှင့်၎င်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်၎င်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊
၁၆ ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။
၁၇ မိန်းမကလည်း၊ အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည် မှန်၏။
၁၈ အကြောင်းမူကား၊ သင်၌ လင်ငါး ယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည် မှန်သောစကားကို ပြောပြီဟု မိန့်တော်မူ၏။
၁၉ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။
၂၀ အကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊
၂၁ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့မလာ၊ ယေရှုရှလင် မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည်အချိန်ကာလ ရောက်ဆဲ ရှိ၏။
၂၂ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်း အကြောင်းရှိ၏။
၂၃ ကိုးကွယ်သောသူ မှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူ တို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။
၂၄ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ် သောသူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
၂၅ မိန်းမကလည်း၊ မေရှိကြွလာ တော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဘော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟုဆိုလိုသတည်း။
၂၆ ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။
၂၇ ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြော တော်မူသည်ကို အံ့သြခြင်းရှိကြ၏။ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြော တော်မူသနည်းဟု အဘယ်သူမျှ မလျှောက်ကြ။
၂၈ ထိုမိန်းမသည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲသို့သွား ပြီးလျှင်၊
၂၉ အကျွန်ုပ်ပြုဘူး သမျှသော အမှုအရာတို့ကို ထုတ်ဘော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊
၃၀ သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့သွားကြ၏။
၃၁ မရောက်မှီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကို သုံးဆောင်တော်မူပါ ဟု တောင်းပန်ကြလျှင်၊
၃၂ သင်တို့မသိသော စားစရာသည် ငါ၌ရှိသည်ဟု မိန့်တော်မူ၏။
၃၃ ထိုကြောင့် တပည့်တော်တို့က၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလော ဟု အချင်းချင်းမေးမြန်းကြလျှင်၊
၃၄ ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှု တော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။
၃၅ ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်း ရှိသည်ကိုမျှော်၍ ကြည့်ကြလော့။
၃၆ စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရ အသက်ရှင်ခြင်းအလိုငှါ အသီးအနှံ ကိုစုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြ လိမ့်မည်။
၃၇ တဦးကား ပျိုးကြဲ၏။ တဦးကား စပါးရိတ်၏ ဟူသောစကားသည် ဤအရာ၌ အမှန်ကျသတည်း။
၃၈ သင်တို့သည် လယ်မလုပ် သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကို ငါစေလွှတ်၏။ အခြားသောသူတို့ သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။
၃၉ ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည် ထုတ်ဘော်ပြီဟု သက်သေ ခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကို ယုံကြည်ကြ၏။
၄၀ ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက်နေ တော်မူ၏။
၄၁ အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊
၄၂ ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော်အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။