Monday, 8 February 2016

8-FEB-2016 (READING ORD4-YC-C2)

Mon the 8th:        Optional memorial of Jerome Emiliani.
    Optional memorial of Josephine Bakhita, virgin.
1 Kgs 8:1-13; Ps 132:6-10; Matt 4:23; Mark 6:53-56

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၈ (1 Kgs 8:1-13);

၁ ထိုအခါ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့လိုသောငှါ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုးအသီးသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကိုယေရုရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊
၂ ဣသရေလလူအပေါင်းတို့သည် ဧသနိမ် အမည်ရှိသော သတ္တမလ၌ လုပ်သောပွဲအတွင်းတွင် ရှောလမုန်မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။
၃ ဣသ ရေလအမျိုးတွင် အသက်ကြီးသူအပေါင်းတို့ သည်လာ၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းလျက်၊
၎ ပရိသတ်စည်းဝေးရာ တဲတော်၊ တဲတော်နှင့်ဆိုင်၍ သန့်ရှင်းသောတန်ဆာအလုံးစုံတို့ကို ယဇ် ပုရောဟိတ်များနှင့်လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။
၅ ရှောလမုန် မင်းကြီးမှစ၍ စည်းဝေးသော ဣသရေလ  ပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်။ အတိုင်းမသိ များစွာသောသိုးနွားတို့ကို သေတ္တာတော်ရှေ့မှာယဇ်ပူဇော်ကြ၏။
၆ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုအိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာဌာနတည်း ဟူသောဗျာဒိတ်ဌာန တော်ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ထားကြ၏။ 
၇ ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကိုသေတ္တာတော်နေရာအပေါ်မှာဖြန့်၍၊ သေတ္တာတော်နှင့်ထမ်းဘိုးတို့ကို လွှမ်းမိုးလျက် ရှိကြ၏။
၈ ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့သည်ပြင်ခန်း၌မထင်။ သန့်ရှင်းရာဌာန၊ ဗျာ ဒိတ်ဌာနတော်၌သာထင်၍ ယနေ့တိုင်အောင်ရှိကြ၏။
၉ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည်သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ ရှိစဉ်သွင်းထားသော ကျောက်ပြားနှစ်ပြားမှ တပါးသေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။
၁၀ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲ ကထွက်ကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
၁၁ ထိုသို့ထာဝရဘုရား၏ အိမ်တော် သည် ဘုန်းတော်နှင့် ပြည့်လျက်၊ မိုဃ်းတိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည်အမှုတော်ကိုဆောင်ရွက်လျက်ရပ် ၍ မနေနိုင်ကြ။
၁၂ ရှောလမုန်ကလည်း၊ ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကားတော်ရှိ၏။
၁၃ အကယ်စင်စစ်ကိုယ်တော် ကျိန်းဝပ်တော်မူရာ အိမ်၊ အစဉ်အမြဲနေတော်မူရာဌာနတော်ကို အကျွန်ုပ်တည်ဆောက်ပါပြီဟုမြွတ်ဆို၏။

ဆာလံကျမ်း အခန်းကြီး ၁၃၂ (Ps 132:6-10);

၆ တဲ တော်သည် ဧဖရိမ်ပြည်မှာ ရှိကြောင်းကို ငါတို့သည် ကြားရပြီ။ ယာရိမ်တော၌ တွေ့ကြပြီ။
၇ ဘုံဗိမာန်တော်သို့ ဝင်၍၊ ခြေတော် တင်ရာ ခုံအောက်၌  ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
၈ အိုထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်းတော်နှင့် ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။
၉ ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ် ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
၁၀ ကိုယ်တော်၏ ကျွန်ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသော သူကို ငြင်းပယ်တော်မမူပါနှင့်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:23);

၂၃  ယေရှုသည် တရားစရပ်တို့၌ဆုံးမသြဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေလျက်၊ ဂါလိလဲပြည်တပြည်လုံးကို ဒေသစာရီလှည့်လည်တော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:53-56)

၅၃ လှေမှဆင်းသောအခါ လူများတို့သည် မျက်နှာတော်ကို ချက်ခြင်းမှတ်မိလျှင်၊
၅၄ ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ပြေးသွား၍ မည်သည် အရပ်၌ ရှိတော်မူသည်ဟု ကြားလျှင်၊ ထိုအရပ်သို့ လူနာများကို အိပ်ရာနှင့်ဆောင်ခဲ့ကြ၏။
၅၅ မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား၍ အဝတ်တော်၏ပန်းပွားကိုမျှ တို့ရပါမည် အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသောသူတို့သည်လည်း ချမ်းသာရကြ၏။