Thursday, 4 February 2016

4-FEB-2016 (READING ORD4-YC-C2)

Thu the 4th:    1 Kgs 2:1-12; 1 Chr 29:10-12; Mark 1:15; Mark 6:7-13

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၂ (1 Kgs 2:1-12);

၁ ဒါဝိဒ်သည် အနိစ္စရောက်ရသော အချိန်နီးသောအခါ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူ သည်ကား၊
၂ မြေကြီးသားအပေါင်းတို့၏သွားရာလမ်းသို့ငါသွားရမည်။ သို့ဖြစ်၍အားယူလော့။ ယောက်ျား၏ ဂုဏ်သတ္တိရှိလော့။
၃ ထာဝရဘုရားသည်ငါ့အားဗျာဒိတ်ပေးတော်မူသည်ကား၊
၎ သင်၏သားမြေးတို့ သည်စိတ်နှလုံးအကြွင်းမဲ့ငါရှေ့မှာ သမ္မာတရား၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာလမ်းကိုသတိပြုလျှင်၊ ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာထိုင်ရသောသင်၏အမျိုး မင်းရိုးမပြတ်ရာမိန့်တော်မူသော စကားတော်တည်၍၊ သင်သည်ပြုလေရာရာ၊ သွားလေရာရာ၌အောင်မြင်မည်အကြောင်း သင်၏ဘုရားသခင် ထာဝရဘုရား၏ လမ်းတော်သို့လိုက်၍၊ မောရှေ၏ပညတ္တိကျမ်း၌ပါသောစီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော် တို့ကိုစောင့်ရှောက်စေခြင်းငှါ မှာထားတော်မူသောစကားကိုနားထောင်လော့။
၅ ဇေရုယာသားယွာဘသည်ငါ၌ ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ၏သားအာဗနာ၊ ယေသာ၏သား အာမသ၌ ပြုသောအမှုတည်း ဟူသောသူတို့ကိုသတ်၍ စစ်မတိုက်ဘဲစစ်အသွေးကိုသွန်းလောင်းသဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသော ခြေနင်းတို့ကိုစစ်အသွေးနှင့်လူးသောအမှုကိုသင်သိသည်ဖြစ်၍၊
၆ သင်၌ပညာရှိသည်အတိုင်းစီရင်လျက်၊ ဆံပင်ဖြူသောထိုသူ၏ ဦးခေါင်းကိုမရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့်။
၇ ဂိလဒ်ပြည်သားဗာဇိလဲ၏သားတို့ ကိုကားကျေးဇူးပြု၍ စားပွဲတော်၌စားသော လူစုထဲသို့ဝင်စေလော့။ သင့်အစ်ကို အဗရှလုံကြောင့်ငါပြေးရသောအခါ၊ သူတို့သည်ထိုသို့သော ကျေးဇူးကိုပြု၍ငါ့ထံသို့လာကြ၏။
၈ ငါသည်မဟာနိမ်မြို့သို့သွားသော နေ့၌ ငါ့ကိုကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုးဗာဟုရိမ်ရွာသား၊ ဂေရ၏သားရှိမိသည် သင့်လက်၌ရှိ၏။ သူသည်ငါ့ကို ခရီးဦးကြိုပြု အံ့သောငှါယော်ဒန်မြစ်နားသို့လာသောအခါ၊ သင့်ကိုငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း၊
၉ ထိုသူကိုအပြစ်မရှိသောသူကဲ့သို့မမှတ်ရဘဲ၊ သင်သည်လိမ္မာသော သူဖြစ်၍ သူ၌အဘယ်သို့စီရင်သင့်သည်ကို သိသည်နှင့်အညီ၊ ဆံပင်ဖြူသောထိုသူ၏ခေါင်းကို အသေသတ်ခြင်းအား ဖြင့်မရဏာနိုင်ငံသို့ ဆင်းစေလော့ဟုမှာထား တော်မူပြီးမှ၊
၁၀ ဒါဝိဒ်သည်ဘိုးတော် ဘေးတော်တို့နှင့်အိပ်ပျော်၍ဒါဝိဒ်မြို့၌သဂြိုလ်ခြင်းကိုခံတော်မူ၏။
၁၁ ဟေဗြုန်မြို့ ၌ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံးဆယ်သုံးနှစ်မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ်လေးဆယ်စိုးစံတော်မူ၏။
၁၂ ရှောလမုန် သည်ခမည်းတော်ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာထိုင်တော်မူ၍၊ အာဏာတော်သည်အမြဲတည်၏။

ရာဇဝင်ချုပ်ပဌမစောင် အခန်းကြီး ၂၉ (1 Chr 29:10-12);

၁၀ ထိုအခါ ဒါဝိဒ်က၊ အကျွန်ုပ်တို့အဘ ဣသရေလ၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက် မင်္ဂလာရှိစေတော်မူသတည်း။
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတံခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထဋိ၊ မြင့်မြတ်တော်မူ၏။
၁၂ ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာဖြစ်၏။ ကိုယ်တော်သည် ခပ်သိမ်းသောသူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အားအစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ်သောအခွင့်နှင့် ခိုင်ခန့်သောအခွင့်ကို ပေးပိုင်တော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:15);

၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:7-13)

၇ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှါ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၍၊
၈ သင်တို့သည်တောင်ဝေးတခုမှတပါး လမ်းခရီးဘို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့်မုန့်မှစ၍ ခါးပန်း၌ကြေးငွေကို မယူကြနှင့်။
၉ ခြေနင်းကိုစီးကြလော့။ အင်္ကျီနှစ်ထပ်မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။
၁၀ ထိုမှတပါး၊ သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင်၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင်နေကြလော့။
၁၁ အကြင်သူတို့သည် သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကို နားမထောင်ဘဲနေ၏၊ ထိုသူတို့နေရာအရပ်မှထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ သင်တို့၏ ခြေဘဝါးမှ မြေမှုန့်ကိုခါလိုက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက် သာ၍ခံရလတံ့ဟု မိန့်တော်မူ၏။
၁၂ တပည့်တော်တို့သည် ထွက်သွား၍ နောင်တတရားကို ဟောကြ၏။
၁၃ နတ်ဆိုးများကို နှင်ထုတ်ကြ၏။ မကျန်းမမာသောသူများတို့ကို ဆီနှင့်လူး၍ အနာကိုငြိမ်းစေကြ၏။