Sunday, 14 February 2016

14-FEB-2016 (READING LENT-YC-C2)

Sun the 14th:    Psalter I, Lent Week 1.
(Optional memorial of Cyril, monk, and Methodius, bishop.)
Deut 26:4-10 ; Ps 91:1-15; Rom 10:8-13; Luke 4:1-13

တရားဟောရာကျမ်း အခန်းကြီး ၂၆ (Deut 26:4-10) ;

 ၄ ယဇ်ပုရောဟိတ်သည်လည်းခြင်တောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင်ထာဝရ ဘုရား၏ ယဇ်ပလ္လင် ရှေ့မှာ ချထားရမည်။
၅ သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘဖြစ်ပါ၏။ သူသည် အဲဂုတ္တုပြည်သို့သွား၍ လူအနည်းငယ်နှင့်တ ကွ တည်းခိုစဉ်တွင် ကြီးမား များပြားသော လူမျိုးဖြစ်ပါ၏။
၆ အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ်စက်၍ ကျပ်တည်းစွာကျွန်ခံစေကြ၏။
၇ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားကို အော်ဟစ်၍ လျှောက်ကြ သောအခါ၊ ထာဝရဘုရားသည်နားထောင်တော်မူသဖြင့်၊ အကျွန်ုပ်တို့ ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ ကိုကြည့်တော်ရှုတော်မူ၏။
၈ ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးမားသော လက်ရုံးတော်ကိုဆန့်၍ ကြောက်မက်ဘွယ် သော နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ဖြင့် အကျွနု်ပ်တို့ကို အဲဂုတ္တုပြည်မှနှုတ်ပြီးလျှင်၊
၉ နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။
၁၀ ယခုမှာအိုထာဝရဘုရား၊ ကိုယ်တော်ပေးသနားတော်မူသောပြည်၌ အဦးသီးသော အသီးကို အကျွန်ုပ်ဆောင်ခဲ့ပါပြီဟု သင်၏ဘုရားသခင်ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီး ကိုသင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကိုပြုရမည်။

ဆာလံကျမ်း အခန်းကြီး ၉၁ (Ps 91:1-15);

၁ အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာ ဌာနတော်၌် နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။ 
၂ ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။
၃ အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကိုကင်းလွတ် စေတော်မူမည်။
၎ အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည် လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော် သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့်မည်။
၅ ညဥ့်အခါ ဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြ‡ားကို၎င်း၊
၆ မှောင်မိုက်   ထဲမှာ လည်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည် မကြောက်ရ။ 
၇ သင်၏အနားမှာ လူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်း လဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။
၈ သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရားသော သူတို့၌ ရောက်ရသောအပြစ် ကို မြင်ရုံမျှသာရှိလိမ့်မည်။
၉ ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသောကြောင့်၊
၁၀ သင်၌ မကောင်းသော အနိဌရုပ်မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
၁၁ သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊
၁၂ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
၁၃ သင် သည်ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာ ကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
၁၄ သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကိုငါကယ်နှုတ်မည်။ ငါ့၏နာမကိုသိသောကြောင့်၊ သူ့ကိုငါ မြှောက်မည်။
၁၅ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာ ငါနေ၍ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။
၁၆ ရှည်သောအသက်နှင့် သူ့ကို ရောင့်ရဲစေ၍၊ ငါ၏ကယ်တင် ခြင်းကျေးဇူးကို သူ့အားပြမည်။

ရောမသြဝါဒစာ အခန်းကြီး ၁၀ (Rom 10:8-13);

၈ တဖန်ဆိုသည် ကား တရားတော်သည် သင်နှင့်နီး၏။ သင်၏နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်း ရှိသည်ဟုဆို၏၊ ထိုသို့ဆိုသော်၊ ငါတို့ဟောသော ယုံကြည်ခြင်းတရားကို ဆိုလိုသတည်း၊ 
၉ အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
၁၀ ဖြောင့်မတ်ရာ သို့ရောက်ခြင်းငှါ စိတ်နှလုံးနှင့်ယုံကြည်ရ၏။
၁၁ ကယ်တင်ခြင်း သို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသောသူမည်သည်ကား၊ ရှက် ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
၁၂ ယုဒအမျိုး၊ ဟေလသအမျိုးကို မရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကို ပဌနာပြုသောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။
၁၃ အကြောင်း မူကား၊ ထာဝရဘုရား ကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၄ (Luke 4:1-13)

၁ ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ပို့ဆောင်တော်မူ၏။
၂ အရက်လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံးအစာအာဟာရကိုသုံးဆောင်တော်မမူ။ ထိုကာလ လွန်ပြီးမှ မွတ်သိပ် တော်မူ၏။
၃ မာရ်နတ်က လည်း၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
၎ ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ၌လာ သည်ဟု ပြန်ပြောတော်မူ၏။
၅ တဖန် မာရ်နတ်သည် ယေရှုကိုမြင့်လှသောတော်ပေါ်သို့ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင်ပြညွှန်၍၊
၆ ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည်ပေး လိုသောသူ အားပေးရသည်ဖြစ်၍ကိုယ်တော်အားပေးပါမည်။
၇ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာဖြစ် လိမ့်မည်ဟု လျှောက်လေ၏။
၈ ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏။
၉ တဖန်မာရ်နတ်သည် ယေရှုကိုယေရုရှလင်မြို့သို့ဆောင်သွား၍၊ ဗိမာန်တော်၏ အထွဋ်၌တင်ထား ပြီးလျှင်၊
၁၀ ကျမ်းစာလာသည်ကား၊ သင့်ကိုစောင့်ရှောက်စေခြင်းငှါ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည် ဖြစ်၍၊
၁၁ သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကိုလက်နှင့် မစချီပင့်ကြလိမ့်မည် ဟုလာ၏။ ထိုကြောင့်ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွဋိမှ ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါ ဟုလျှောက်လေ၏။
၁၂ ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာကားရှိသည်ဟု ပြန်ပြောတော်မူ၏။
၁၃ ထိုသို့ မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကိုအကုန်အစင် ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာနေလေ၏။