Sun the 3rd: Psalter II, Ordinary Time Week 14.
(Feast of Thomas, apostle.)
Isa 66:10-14; Ps 66:1-20; Gal 6:14-18; Col 3:15-16; Luke 10:1-20
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၆ (Isa 66:10-14);
၁၀ ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူဝမ်းမြောက်ကြလော့။ ယေရုရှလင်မြို့အတွက် စိတ်မသာ ညည်းတွားသောသူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။
၁၁ သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်၊၊ သူ၏စည်းစိမ် ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။
၁၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကိုင်း၊ စီးသောရေကဲ့သို့တပါးအမျိုးသားတို့၏ စည်းစိမ်ကိုင်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည်သားမြတ်ကို စို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြ‡ူခြင်းကို ခံစားရကြလိမ့်မည်။
၁၃ အမိသည်သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကိုငါနှစ်သိမ့်မည်။ ယေရုရှလင်မြို့ ၌ ချမ်းသာ ရကြ လိမ့်မည်။
၁၄ ထိုသို့တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍ ၊ အရိုးတို့သည် စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား လက်တော်သည် လည်း ကျွန်တော်တို့အားင်း၊ အမျက်တော်သည် ရန်သူတို့အား င်း ထင်ရှားလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၆၆(Ps 66:1-20);
၁ မြေကြီးသားအပေါင်းတို့ ဘုရားသခင်ရှေ့တော်၌ ကျူးဧသောအသံကိုပြု၍၊
၂ နာမတော်၏ဂုဏ်ကို သီချင်း ဆိုကြလော့၊၊ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကို ပြကြလော့၊၊
၃ ကိုယ်တော်စီရင်သောအမူတို့သည် အလွန်အံ့သြဘွယ် ဖြစ်ကြ ပါ၏၊၊ တန်ခိုးတော်ကြီးသောကြောင့် ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြလိမ့်မည်။
၎ မြေကြီးသားအပေါင်း တို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား သီချင်းဆိုကြ ပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့၊၊
၅ ဘုရားသခင် စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြ လော့၊ လူသားတို့တွင် စီရင်တော်မူသောအမှုတို့သည် အံ့သြဘွယ် ဖြစ်ကြ၏၊၊
၆ ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာ အရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ်၍ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
၇ တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏၊၊ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည်ဖြစ်၍ ငြင်းဆန်သော သူတို့သည် မဝါကြွားကြစေနှင့်၊၊
၈ အချင်းလူစုတို့ ငါတို့ဘုရား သခင်ကို ကောင်းကြီးပေးကြလော့၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသောစကားသံနှင့် ကြွေးကြော်ကြလော့၊၊
၉ ငါတို့အသက်ကို မသေစေမည် အကြောင်းနှင့် ခြေကိုလည်း မချော်စေမည့်အကြောင်း စောင့်မတော်မူ၏၊၊
၁၀ အိုဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ၊၊ ငွေကိုစစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ၊၊
၁၁ ကျော့ကွင်းထဲမှာ ကျော့မိစေ၍ ကျောက်ကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ၊၊
၁၂ အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ၊၊ မီး၌၎င်း၊ ရေ၌၎င်းသွားရသော်လည်း ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏၊၊
၁၃ မီးရှို့ရသောယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်၊၊
၁၄ ဆင်းရဲခံရစဉ်အခါ အကျွန်ုပ် သည် နှုတ်ကို ဖွင့်၍ မြွက်ဆိုသည့်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်၊၊
၁၅ ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ပါမည်၊၊ နွားနှင့်ဆိတ်တို့ကိုလည်း စီရင်ပါမည်၊၊
၁၆ ဘုရားသခင်ကို ကြောက်ရွံ့သောလူအပေါင်းတို့ လာ၍ နားထောင်ကြလော့၊၊ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်၊၊
၁၇ ငါသည်ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ၊၊
၁၈ ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။
၁၉ ယခုမူကား၊ ဘုရားသခင်လည်း နားထောင်၍ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ၊၊
၂၀ ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ ကျေးဇူးတော်ကို ငါမှရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
ဂလာတိသြဝါဒစာ အခန်းကြီး ၆ (Gal 6:14-18);
၁၄ ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါး အဘယ်အရာ၌မျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင် တော်မှာ ဤလောကသည်ငါ့အဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။
၁၅ အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။
၁၆ ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေအမျိုးအပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့် သနားတော်မူခြင်းသက်ရောက်ပါစေသော။
၁၇ ယခုမှစ၍ အဘယ်သူမျှ ငါ့ကိုမနှောင့်ရှက်စေနှင့်။ ငါကိုယ်၌သခင်ယေရှု၏ ဒဏ်ချက်ရာကို ငါဆောင်၏။
၁၈ ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။
ကောလောသဲသြဝါဒစာ အခန်းကြီး ၃ (Col 3:15-16);
၁၅ သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ် စိုးစေ။ ထိုသို့အလိုငှါ သင်တို့သည် တလုံးတကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍၊ ကျေးဇူးတော် ကိုသိသောစိတ်ရှိကြလော့။
၁၆ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့ သည်ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်း ကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:1-20);
၁ ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကိုခန့်ထားတော်မူ၍၊ ကိုယ်တိုင် ကြွလေအံ့သောမြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၏။
၂ သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။
၃ သင်တို့သွားလေ သည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကိုငါ စေလွှတ်၏။
၎ ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။
၅ မည်သည့်အိမ်သို့ဝင်သောအခါ၊ ဤအိမ်၌မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြ လော့။
၆ ထိုအိမ်၌ မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည်။
၇ သို့မဟုတ် သင်တို့ထံသို့ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေသည်။ တအိမ်မှတအိမ်သို့ လှည့်လည်၍ မသွားကြနှင့်။
၈ အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏၊ ထိုမြို့၌ သင်တို့ရှေ့မှာထည့် သမျှကိုစားကြလော့။
၉ လူနာများကိုချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည် ထောင် သောအချိန်နီးပြီဟု သူတို့အားဟောပြောကြလော့။
၁၀ အကြင်မြို့သို့ဝင်၍ မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏ လမ်းသို့ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သောသင်တို့မြို့၏မြေမှုန့်ကို ငါတို့ခါလိုက်၏။
၁၁ သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အနီးသို့ ရောက်ကြောင်းကိုသိမှတ်ကြဟု သူတို့အားပြောကြလော့။
၁၂ ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက်သာ၍ခံရ လတံ့။
၁၃ အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်း မူကား၊ သင်တို့တွင်ပြသောတန်ခိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည်ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာထဲမှာထိုင်လျက် နောင်တရကြလိမ့်မည်။
၁၄ တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည်တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။
၁၅ အို ကပေရနောင်မြို့၊ သင်သည်မိုဃ်းကောင်း ကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့။
၁၆ သင်တို့၏စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကိုစေလွှတ်တော် မူသောသူကိုပယ်သည်ဟု မိန့်တော်မူ၏။
၁၇ ထိုခုနစ်ကျိပ်သောတပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့်ပြန်လာ၍၊ သခင်၊ ကိုယ်တော် ၏နာမ အားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်ဟုလျှောက်ကြ၏၊
၁၈ ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကိုငါမြင်ပြီ။
၁၉ သင်တို့သည်မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကိုငါပေးမည်။ သင်တို့ကို အဘယ်ဘေးမျှမညှင်းဆဲရ။
၂၀ သို့သော်လည်း နတ်ဆိုးကိုနိုင်ရသော ကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။