Thu the 28th: Jer 18:1-6; Ps 146:1-6; Acts 16:14; Matt 13:47-53
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၁၈ (Jer 18:1-6);
၁ ယေရမိသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊
၂ သင်သည်ထ၍ အိုးထိန်းသမား အိမ်သို့ သွားလော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊
၃ ငါသည်သွား၍၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိသော အိုးထိန်းသမားကို တွေ့၏။
၎ အိုးမြေဖြင့်လုပ်သော အိုးသည်၊ အိုးထိန်းသမားလက်၌ ပျက်စီး သောကြောင့်၊ သူသည်အလိုအလျောက် အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏။
၅ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊
၆ အိုဣသရေလ အမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော့။ အိုဣသရေလအမျိုး၊ အိုးမြေသည် အိုးထိန်းသမား လက်၌ ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၄၆ (Ps 146:1-6);
၁ အိုငါ့ဝိညာဉ်ထာဝရဘုရားကို ချီးမွမ်းလော့၊၊
၂ ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကို ချီးမွမ်းမည်၊၊ ငါဖြစ်စဉ်ကာ လပတ်လုံး ငါ၏ ဘုရားသခင်ကို ထောမနာ သီချင်းဆိုမည်၊၊
၃ မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစား ကြနှင့်၊၊
၎ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏၊၊ ထိုနေ့ခြင်းတွင် သူ၏ အကြံအစည်တို့သည် ပျက်စီးကြ၏၊
၅ ယာကုပ်အမျိုး၏ ဘုရားသခင်မစတော်မူသောသူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂ လာရှိ၏၊၊
၆ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော် မူ၏၊၊ သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူ၏၊၊
တမန်တော်ဝတ္ထု အခန်းကြီး ၁၆ (Acts 16:14);
၁၄ ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွားတိရဲမြို့သူလုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကိုမှီဝဲဆည်းကပ်စေခြင်းငှါသူ၏ စိတ်နှလုံးကိုသခင်ဘုရားဖွင့် တော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:47-53);
၄၇ တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကိုအုပ်မိသော ပိုက်ကွန် နှင့်တူ၏။
၄၈ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည်ကုန်းပေါ် သို့ဆွဲတင်၍ထိုင်လျက်၊ ကောင်းသောငါးကိုခြင်းထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကိုပြင်သို့ပစ်လိုက်ကြ၏။
၄၉ ထိုနည်းတူ ကမ္ဘာအဆုံး၌ကောင်းကင်တမန် တို့သည်ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နှုတ်ယူခွဲထား၍၊
၅၀ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလတံ့။
၅၁ ဤအရာအလုံးစုံတို့ကို သင်တို့သည်နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။
၅၂ ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာမည်သည်ကား၊ မိမိဘဏ္ဍာထဲကအထူးထူး အပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဘော်သောအိမ်ရှင်နှင့် တူသည်ဟုမိန့်တော်မူ၏။
၅၃ ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော် မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။