Wed the 13th: Optional memorial of Henry.
Isa 10:5-16; Ps 94:5-15; Matt 11:25-27
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၀ ( Isa 10:5-16);
၅ အာရှုရိလူသည် အမင်္ဂလာရှိ၏၊၊ ငါ့အမျက်၏ လှံတံဖြစ်၏၊၊ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေးစရာ ဘို့ဖြစ်၏၊၊
၆ အဓမ္မလူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်၊၊ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကိုကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်၊၊
၇ သို့သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသောအလိုရှိ၏၊၊ သူသည် ဖျက်ဆီး၍၊ များစွာသော လူမျိုးတို့ကို ပယ်ရှင်းခြင်းငှါ အလိုရှိ၏၊၊
၈ သူသည်အဘယ်သို့ ဆိုသနည်းဟူမူကား၊ ငါ၏မှူးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော၊၊
၉ ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့ သို့င်း၊ ဟာမတ်မြို့ သည် အာပဒ်မြို့ကဲ့သို့င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့င်း၊ ဖြစ်သည်မဟုတ်လော၊၊
၁၀ ရှာမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက်သာ၍မြတ်သော ရုပ်တုဆင်းတုကိုကိုးကွယ်သော တိုင်းနိုင်ငံများကို ငါလုယူသကဲ့သို့င်း၊
၁၁ ရှမာရိမြို့နှင့် သူ၏ရုပ်တုတို့ကို ငါပြုသကဲ့သို့င်း၊ ယေရုရှလင်မြို့နှင့်သူ၏ရုပ်တုတို့ကို ငါပြုမည်မဟုတ်လောဟု ဆိုတတ်၏၊၊
၁၂ သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ်တော်မူ ပြီးမှ၊ အာရှုရိရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သောမျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။
၁၃ ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံးသတ္တိနှင့် ကိုယ်ဉာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတိနှင့် ငါပြည်စုံ၏။ လူမျိုး နေရာအပိုင်းအခြားတို့ကိုငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကိုလုယူပြီး။ ဘုရင်တို့ကို သူရဲကဲ့သို့နှိမ့်ချပြီ၊၊
၁၄ ငါလက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ ဥစ္စာပစ္စည်းကိုတွေ့ပြီ၊၊ စွန့်ပစ်သော ငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီး တန်ဆာရှိသမျှ တို့ကို ငါသိမ်းယူပြီ၊၊ အဘယ်သူမျှအတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊
၁၅ ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့င်း၊ တောင်ဝေးသည်မိမိသခင်ကို ချီကြွသကဲ့သို့င်း၊ ပုဆိန်သည် ခုတ်သော သူကို စောကားရမည်လော၊၊ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော၊၊
၁၆ ထိုကြောင့်၊ ကောင်းကင်ဗိုလ် ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်း အောက်၌လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါရှို့တော်မူမည်၊၊
ဆာလံကျမ်း အခန်းကြီး ၉၄(Ps 94:5-15);
၅ အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကို နှိပ်စက်၍၊ အမွေတော်ကို ညှင်းဆဲကြပါ၏။
၆ မုဆိုးမနှင့် ဧည့်သည်ကို၎င်း၊ မိဘ မရှိသော သူငယ်ကို၎င်း သတ်ကြပါ၏။
၇ သို့ရာတွင်၊ ထာဝရဘုရားသည် မမြင်၊ ယာကုပ်အမျိုး၏ ဘုရားသခင်သည် မမှတ်တတ်ဟု ဆိုကြပါ၏။
၈ တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည်ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။
၉ နားကိုစိုက်ထားတော်မူသော သူသည် မကြားရသလော။ မျက်စိကို ဖန်ဆင်း တော်မူသော သူသည် မမြင်ရသလော။
၁၀ လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသော သူသည် အပြစ်မပေးရ သလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ်မရှိသလော။
၁၁ လူတို့၏ အကြံအစည် သည် အချည်းနှီး ဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏။
၁၄ ထာဝရ ဘုရားသည် မိမိလူတို့ကို မပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ။
၁၅ တဖန်ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင်ဆုံး ဖြတ်တော်မူ၍၊ သဘောဖြောင့်သောသူ အပေါင်းတို့သည် နောက်တော်သို့ လိုက်ကြပါလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25-27)
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
၂၆ ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏အဘ။
၂၇ ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီ။ ခမည်းတော်မှတပါး အဘယ်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်သည်လင်းစေလိုသောသူမှတပါး အဘယ်သူမျှခမည်းတော်ကို မသိ။