Deut 30:10-14; Ps 69:14-37 or Ps 19:8-11; Col 1:15-20; John 6:63-68; Luke 10:25-37
တရားဟောရာကျမ်း အခန်းကြီး ၃၀ (Deut 30:10-14);
၁၀ ဤပညတ္တိကျမ်းစာ၌ ရေးထားသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက်လျှင်၎င်း၊ သင်၏ ဘုရာသခင်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာလျှင်င်း၊ သင်ပြုလေရာရာ၌ အောင်မည် အကြောင်းနှင့် သင်၏သားသမီး၊ တိရစ္ဆာန်၊ အသီးအနှံတိုးပွားများပြားမည်အကြောင်းကို စီရင်၍ သင့်အကျိုးကိုပြုစုတော် စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်သင်၏ဘိုးဘေးတို့၌ အားရဝမ်းမြောက်သကဲ့သို့ သင်၌အားရ ဝမ်းမြောက်၍၊ သင့်အကျိုးကိုပြုစုတော်မူလိမ့်မည်။
၁၁ ယနေ့ ငါမှာထားသော ပညတ်တရားတော်သည် သင်နားမလည်နိုင်သောတရားမဟုတ်။
၁၂ သင်နှင့် ဝေးသည်မဟုတ်။ တရားတော်ကို ငါတို့သည်နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ကောင်းကင်သို့ အဘယ်သူ တက်၍ ငါတို့ ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှါ ကောင်းကင်၌ ရှိသည်မဟုတ်။
၁၃ တရားတော်ကို ငါတို့သည်နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ပင်လယ်ကို အဘယ်သူကူး၍ ငါတို့ထံသို့ ဆောင်ခဲ့ လိမ့်မည်နည်းဟုမေးစေခြင်းငှါ၊ ပင်လယ်တဘက်၌ရှိသည်မဟုတ်။
၁၄ တရားတော်သည် သင်စောင့်ရှောက် ဘို့ရာ သင်နှင့် အလွန်နီး၏။ သင်၏နှုတ်၌၎င်း၊ သင်၏နှလုံး၌င်းရှိ၏။
ဆာလံကျမ်း အခန်းကြီး ၆၉ (Ps 69:14-37)
၁၄ အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နူတ်တော်မူပါ၊၊ နစ်စေတော်မမူပါနှင့်၊၊ အကျွန်ုပ်ကို မုန်းသော သူတို့လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော၊၊
၁၅ ရေထ၍ မလွှမ်းပါစေနှင့်၊၊ နက်နဲရာ၌ မမြ‡ုပ်ပါစေနှင့်၊၊ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်၊၊
၁၆ အိုထာဝရဘုရား ၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့် အကျွန်ုပ် စကားကို နားထောင်တော်မူပါ၊၊ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်ကို မျက်နှာပြ တော်မူပါ။
၁၇ ကိုယ်တော်၏ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်၊၊ ဘေးရောက်ပါပြီ၊၊ အလျှင်အမြန် နားထောင်တော် မူပါ၊၊
၁၈ အကျွန်ုပ်၏ အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ၊၊ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေး တော်မူပါ။
၁၉ အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ ရန်သူအပေါင်းတို့ သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏၊၊
၂၀ ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည်စိတ်ပျက် ၍ အလွန် ပူဆွေးခြင်း ရှိပါ၏၊၊ သနားသော သူကို ကြည့်၍ မမြင်၊၊ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။
၂၁ အကျွန်ုပ်စားစရာဘို့ ဆေးခါးကိုကျွေးကြပါ၏၊၊ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏၊၊
၂၂ သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံတိုက်သော အပြစ်သော်၎င်း၊ ထောင်ချောက် သော်၎င်း ဖြစ်ပါစေ၊၊
၂၃ သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ၊၊ သူတို့ ခါးသည်လည်း အစဉ်တုန်ပါစေ၊၊
၂၄ သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော် မူ၍ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ၊၊
၂၅ သူတို့နေရာအရပ်သည် လူဆိတ်ညံရာ အရပ်ဖြစ်ပါစေ၊၊ သူတို့အိမ်၌ နေသောသူမရှိပါစေနှင့်၊၊
၂၆ အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသောသူကို ညှဉ်းဆဲကြပါ၏၊၊ နာစေတော်မူသော သူတို့ကို ထပ်၍ နာစေကြပါ၏၊၊
၂၇ သူတို့အပြစ်၌ အပြစ်ကို ထပ်၍ပေးတော်မူပါ။ ကုသိုလ်တော်နှင့်မဆိုင်ကြပါ စေနှင့်။
၂၈ အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍ ဖြောင့်မတ်သောသူတို့နှင့်အတူ မရေးမှတ်ပါ စေနှင့်၊၊
၂၉ အကျွန်ုပ်မူကား ဆင်းရဲငြိုငြင်ပါ၏၊၊ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြင့်ပါစေသော။
၃၀ ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်၊၊ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်၊၊
၃၁ ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွာနှင့်၎င်း ပြည့်စုံသော နွားလား ကို နှစ်သက်သည်ထက် ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်၊၊
၃၂ နှိမ့်ချသောသူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်၊၊ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံးသည် အားပြည့်လိမ့်မည်၊၊
၃၃ ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏ စကားးကို နားထောင် တော်မူ၏၊၊ အချုပ် ခံရသာ မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်၊၊
၃၄ ကောင်းကင်၊ မြေကြီး သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည် သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော၊၊
၃၅ ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့်၍ ယုဒမြို့ တို့ကို ပြုစုတော်မူသဖြင့် ထိုသူတို့သည် နေ၍ ပိုင်ရကြလိမ့်မည်၊၊
၃၆ ကျွန်တော်မျိုး၏ သားမြေးတို့ သည် ထိုမြို့ကို အမွေခံရ၍ နာမတော်ကို ချစ်သောသူတို့သည် နေရာကျရကြလိမ့်မည်၊၊
or
ဆာလံကျမ်း အခန်းကြီး ၁၉ (Ps 19:8-11);
၈ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏၊၊
၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏၊၊
၁၀ ရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဘွယ် ဖြစ်၍ပျားရည်ထက်မက ပျားလပို့ထက် ချိုကြ၏။
၁၁ တရားတော် အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍ တရားစောင့်ခြင်း အကျိုးသည် ကြီးလှပါ၏။
ကောလောသဲသြဝါဒစာ အခန်းကြီး ၁ (Col 1:15-20);
၁၅ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
၁၆ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။
၁၇ သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။
၁၈ အသင်းတော် တည်းဟူသော ကိုယ်၏ ဦးခေါင်းတော် ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူ၏။
၁၉ အကြောင်းမူကား၊ ခပ်သိမ်းသော ပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊
၂၀ လက်ဝါး ကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင် အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၎င်း အလိုရှိတော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:63-68);
၆၃ိဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက် လည်းဖြစ်၏။
၆၄ သို့သော်လည်း သင်တို့တွင်မယုံကြည်သောသူအချို့ရှိ၏။
၆၅ ထိုကြောင့်ငါ၏ ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှငါ့ထံသို့မလာနိုင်ဟု အထက်ကငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသို့မိန့် တော်မူသည် အကြောင်း ဟူမူကား၊ အဘယ်သူမယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကိုအပ် နှံမည်ကို၎င်း၊ ယေရှုသည်အစအဦး၌ သိတော်မူ၏။
၆၆ ထိုအခါမှစ၍ တပည့်တော်အများတို့သည်ကိုယ်တော်နှင့် မပေါင်းဘော်ဘဲဆုတ်သွားကြ၏။
၆၇ ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်းထွက်သွားခြင်းငှါအလိုရှိကြ သလောဟု မေးတော်မူလျှင်၊
၆၈ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွား ရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:25-37)
၂၅ တရံရောအခါ ကျမ်းတတ်တယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံအံ့ သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု ကိုယ်တော်ကိုစုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊
၂၆ ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေးတော်မူလျှင်၊
၂၇ ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။
၂၈ ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။
၂၉ ထိုသူကလည်း၊ အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင် သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်၊
၃၀ ယေရှုက၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့်တွေ့ကြုံလေ၏။ ထားပြတို့သည် ထိုသူ၏အဝတ် ကိုချွတ်၍ နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ဖြစ်သောအခါ ပစ်ထား၍သွားကြ၏။
၃၁ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။
၃၂ ထိုနည်းတူ လေဝိလူတယောက်သည် ထိုအရပ်သို့ရောက်သောအခါ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍သွား လေ၏။
၃၃ ရှမာရိ လူတယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍ မြင်သောအခါ ဂရုဏာစိတ်ရှိသည်နှင့်၊
၃၄ ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာတင်၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ၏။
၃၅ နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ စရပ်ရှင်အားပေးလျက်၊ ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်ဟု ဆို၏။ သင်သည် အဘယ်သို့ထင်သနည်း။
၃၆ ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့်စပ်ဆိုင်သောသူ ဖြစ်သနည်းဟု ပြန်၍မေးတော်မူလျှင်၊
၃၇ ကျမ်းတတ်က လည်း၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟု လျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။