Fri the 15th: Memorial of Bonaventure, bishop and doctor.
Isa 38:1-8; Isa 38:10-16; John 10:27; Matt 12:1-8
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၈( Isa 38:1-8);
၁ ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှယသည် လာ၍၊ ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကို စီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။
၂-၃ ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့်၍၊ အိုထာဝရဘုရား၊ ကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍၊ နှစ်သက်တော်မှုသည့်အတိုင်း ပြုကြောင်းကို အောင့်မေ့တော်မှုပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။
၎ တဖန်ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဟေရှာယသို့ရောက်၍၊
၅ သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏ပဌနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အသက်၌ တဆယ်ငါးနှစ်ကို ငါဆက်၍ပေးမည်။
၆-၇ သင်နှင့်ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ဤမြို့ကို ငါကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မှု၏။ ဟေရှယက၊ ထာဝရ ဘုရားအမိန့်တော် ရှိသည့်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အားပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊
၈ ကြည့်ရှုလော့။ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ရွေ့သောအရိပ်ကို ဆက်ချက်ပြန်စေမည်ဟုဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သည် ဆယ်ချက်ပြန်လေ၏။
ဆာလံကျမ်း အခန်းကြီး ၃၈ (Isa 38:10-16);
၁၀ အကျွန်ုပ်၏ နှလုံးတုန်လှုပ်၍ ခွန်အားလည်းကုန်ပါပြီ၊၊ မျက်စိအလင်းလည်း ကွယ်ပျောက်ပါပြီ၊၊
၁၁ အကျွန်ုပ်၏ အဆွေခင်ပွန်း အပေါင်းအဘော်တို့သည် အကျွန်ုပ်အနာရောဂါကြောင့် ဝေးဝေး ရပ်လျက် ပေါက်ဘော်တို့သည်လည်း ရှောင်လျက် နေကြပါ၏၊၊
၁၂ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ်ပြုခြင်း အခွင့်ကို ရှာသောသူတို့သည် တနေ့လုံး မနာလို သော စကားကို ပြော၍ မကောင်းသော ပရိယာယ်ကို ကြံစည်ကြပါ၏၊
၁၃ အကျွန်ုပ်မူကား နားပင်းသော သူကဲ့သို့ မကြား။ နှုတ်ကိုမဖွင့်တက်သောလူကဲ့သို့ ဖြစ်ပါ၏၊၊
၁၄ နားမကြား၊ ပြန်၍မငြင်းနိုင်သောသူကဲ့သို့ဖြစ်ပါ၏။
၁၅ အကြောင်းမူကား၊ အိုထာဝရဘုရား ကိုယ်တော်ကိုအကျွန်ုပ်ကိုးစားပါ၏၊၊ အကျွန်ုပ်၏အရှင်ဘုရားသခင် ကိုယ်တော်သည် ပြန်ပြော တော်မူမည်၊၊
၁၆ သို့မဟုတ် သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက်ကြပါလိမ့်မည်၊၊ အကျွန်ုပ်သည် ခြေချော်သော အခါအကျွန်ုပ်တဘက်၌ ကိုယ်ကို မြှောက်ကြပါလိမ့်မည်ဟု လျှောက်ပါပြီ၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);
၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၂ (Matt 12:1-8);
၁ ထိုကာလအခါယေရှုသည် ဥပုသ်နေ့၌ ဂျုံ၊ စပါး၊ လယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော် တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကိုဆွတ်၍စားကြ၏။
၂ ဖာရိရှဲတို့သည်မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုကြပါသည်တကား ဟု လျှောက်ကြသော်၊
၃ ကိုယ်တော်က၊ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊
၎ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဘော် မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာစားအပ်သော ရှေ့တော် မုန့်ကိုစားသည် အကြောင်းကိုသင်တို့သည်မဘတ်ဘူး သလော။
၅ ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်၊ အပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌ မဘတ်ဘူးသဘော။
၆ ငါဆိုသည်ကား၊ ဤအရပ်၌ဗိမာန်တော်ထက်သာ၍ကြီးမြတ်သောအရာ ရှိ၏။
၇ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ ဟူသောကျမ်းစကားကို သင်တို့ သည်နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကိုအပြစ်မတင်မစီရင်ကြပြီ။
၈ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။