Sat the 3rd: Optional memorial of Martin de Porres, religious.
Phil 1:18-26; Ps 42:2-5; Matt 11:29; Luke 14:1-11
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၁ (Phil 1:18-26);
၁၈ သို့ဖြစ်၍ အဘယ်သို့နည်း။ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သော အားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်းဝမ်မြောက်လိမ့်မည်။
၁၉-၂၀ အဘယ်သို့နည်း ဟူမူကား၊ ငါသည်အလျှင်းရှက် ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့် ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှားတော်မူသကဲ့သို့၊ ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တ သည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။ ၂၁ ငါအသက်ရှင်သည် အရာမှာခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။
၂၂ ဤကိုယ် ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့သော အကျိုးဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကိုရွေးယူရမည်ဟု ငါမသိ။
၂၃ ထိုအကျိုးနှစ်ပါး၏ အကြား၌ ငါသည်ယခုကျဉ်းမြောင်းစွာနေရ၏။ စုတေ့၍ခရစ်တော် နှင့် အတူနေခြင်းငှါ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍အလွန်ထူးမြတ်သောအကျိုးဖြစ်၏။
၂၄ သို့သော်လည်း ကိုယ်ခန္ဓာ၌နေရလျှင် သင်တို့၌သာ၍အကျိုးရှိလိမ့်မည်။
၂၅-၂၆ ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတဖန်ရောက်လာသောအားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိစေခြင်းငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွါးဝမ်းမြောက် မည်အကြောင်း၊ ငါသည်ကိုယ်ခန္ဓွာ၌ နေ၍ သင်တို့ရှိသမျှနှင့်ပေါင်းဘော်ရမည်ဟု ငါသိ၏။
ဆာလံကျမ်း အခန်းကြီး ၄၂ (Ps 42:2-5);
၂ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ငတ်လှ ၏၊၊ အဘယ်ကာလမှ ဘုရားသခင်ထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း။
၃ သူတပါးတို့က သင်၏ ဘုရားသခင် သည် အဘယ်မှာ ရှိသနည်းဟု ငါ့ကို အစဉ်ပြောဆိုကြသဖြင့် ငါ့မျက်ရည်သည် နေ့ညဥ့်မပြတ် ငါစားစရာ ဖြစ်ရ၏၊၊
၎ ထိုအခြင်းအရာကို ငါအောက့်မေ့၍ နေစဉ်တွင် ငါ့စိတ်နလုံးသည် ကြေကွဲလျက်ရှိ၏၊၊ အကြောင်းမူကား ငါသည်လူ စုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့် အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ၊၊
၅ အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာအဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက်နေလော့၊၊ ငါ့ကိုကယ်တင်တော်မူသော အရှင် ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:29);
၂၉ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄ (Luke 14:1-11);
၁ တနေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲတယောက်၏ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။
၂ ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော်၌ရှိ၏။
၃ ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူလျှင်၊
၎ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက် တော်မူ၏၊
၅ ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ခြင်းမဆွဲမတင်ဘဲ နေမည့်သူတစုံတယောက်သည် သင်တို့တွင်ရှိ သလောဟု မေးတော်မူလျှင်၊
၆ ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ။
၇ ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာ ထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊
၈ သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကို ခေါ်ဘိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်၊ ထိုသို့လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည် ရှိသော်၊
၉ သင်တို့နှစ်ယောက်ကို ခေါ်ဘိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟု လာ၍ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။
၁၀ သူတပါးတို့သည် သင့်ကိုခေါ်ဘိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဘိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေထင်ရှားလိမ့်မည်။
၁၁ ကိုယ်ကိုကိုယ်ချီး မြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည် သည်ကား မြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။