Sunday, 18 November 2018

18-NOV-2018 (READING -ORD-33-YB-C2)

Sun the 18th: Psalter I, Ordinary Time Week 33.
(Optional memorial of The Dedication of the Churches of Peter and Paul, apostles.)
Dan 12:1-3; Ps 16:5-11; Heb 10:11-18; Luke 21:36; Mark 13:24-32

ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၁၂(Dan 12:1-3);

၁ ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏ အမှုကိုစောင့်သောအရှင်ကြီး မိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။
၂ ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရအသက်ရှင်ခြင်းနှင့်င်း၊ အချို့တို့ကား၊ ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက်ခြင်းနှင့်င်း၊ နိုးကြလိမ့်မည်။
၃ ပညာရှိသောသူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့သည်လည်း၊ ကြယ်များကဲ့သို့င်း အစဉ်အမြဲထွန်းလင်းကြ လိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၁၆ (Ps 16:5-11);

၅ ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ငါစားသောက်ရာ အဘို့ဖြစ်တော် မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏၊၊
၆ ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သော အမွေကို ငါခံရပြီ၊၊
၇ ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်၊၊ ညဥ့်အချိန်၌ပင် ငါ့နှလုံးသည် ငါကို နှိုးဆော် တတ်၏၊၊
၈ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏၊၊ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော် မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ၊၊ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
၉ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏၊၊ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊
၁၀ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်
၁၁ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၀ (Heb 10:11-18);

၁၁ ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကိုဖြေနိုင်သော ယဇ်ကိုအထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။
၁၂ ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊
၁၃ မိမိရန်သူတို့ကို မိမိခြေတင်ရာအချမထားမှီတိုင်အောင် မြော်လင့်ချက် နေတော်မူ၏။
၁၄ အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှါ၊ တခါတည်း ပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။
၁၅ ထိုသို့နှင့်အညီ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါ့တို့အားသက်သေပေးတော် မူသည်မှာ၊
၁၆ နောင်ကာလအခါသူတို့၌ ငါပေးသောပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏ အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊
၁၇ တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။
၁၈ ထိုအပြစ် တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:36);

၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၃ (Mark 13:24-32);

၂၄ ထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက်မှနေသည် မိုက်လိမ့်မည်။ လသည်အရောင်မပေး။
၂၅ ကောင်းကင် ကြယ်တို့သည်ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။
၂၆ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။
၂၇ ထိုအခါလူသားသည်မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင် အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးစေတော်မူလတံ့။
၂၈ သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေကာလနီးသည်ကို သင်တို့သိကြ၏။
၂၉ ထိုနည်းတူ ထိုအကြောင်း အရာများဖြစ်သည်ကိုမြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။
၃၀ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။
၃၁ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
၃၂ ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော်လည်းမသိ။