Friday, 9 November 2018

09-NOV-2018 (READING -ORD-31-YB-C2)

Fri the 9th:     Feast of The Dedication of St. John Lateran.
Ezek 47:1-12; Ps 46:1-9; 1 Cor 3:9-17; John 2:13-22

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၄၇ (Ezek 47:1-12);

၁ ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကိုဆောင်ခဲ့၍ တံခါးခုံအောက်မှ အရှေ့ဘက်သို့ထွက်သောရေကို ငါမြင်၏၊၊ အိမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍ ရေသည်အိမ်တော်တံခါးခုံ လက်ယာအောက် ယဇ်ပလ္လင်တော် တောင်ဘက်မှစီသွားလေ၏။
၂ တဖန်မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ အပြင်၌ဝိုင်းသွားလျက် အရှေ့သို့ မျက်နှာပြုသော အပြင်တံခါးလမ်းဝသို့ ရောက်သောအခါ လက်ျာဘက်မှ စီးသောရေကိုငါမြင်၏။
၃ ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင် အတောင်တစ်ထောင် စေ့အောင်တိုင်း၍ ငါ့ကိုရေကူးစေ၏၊၊ ရေသည် ဖမျက်သို့မှီလေ၏။
၎ တဖန်အတောင်တစ်တောင် စေ့အောင် တိုင်း၍ရေကူးစေပြန်လျှင် ရေသည် ဒူးကိုမှီလေ၏။တဖန်အတောင်တစ်ထောင်စေ့အောင်တိုင်း၍ ရေကူးစေပြန်လျှင် ရေသည်ခါးကိုမှီ လေ၏။
၅ တဖန်အတောင် တတောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သောမြစ်ဖြစ်လေ၏။ ရေထသောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီဘဲ ကူးရသောမြစ်ဖြစ်၏။
၆ ထိုသူကား အချင်းလူသားဤအရာကို မြင်ပြီမဟုတ်လောဟု ပြောပြီးမှတဖန် ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။
၇ ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသောအပင်တို့ကို ငါမြင်၏။
၈ ထိုသူကလည်း ဤရေသည် အရှေ့သို့စီး၍ တောကိုရှောက်ပြီးမှ အိုင်ထဲသို့ဝင်တတ်သောအားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
၉ အသက်ရှင်၍ လှုပ်ရှားတတ်သော သတ္တဝါအမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍ အလွန်များစွာသောငါးတို့လည်း ရှိကြလိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့် ရောက်သမျှ သောအရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်။
၁၀ အိုင်နားမှာတံငါတို့သည် ရပ်၍အင်္ဂဒိရွာမှစ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ်ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါး ကဲ့သို့အလွန်များပြားကြ လိမ့်မည်။
၁၁ ရွ့ဘွက်ရေနှင့် ရွံ့အိုင်ရေမူကားမချိုရ၊ အစဉ်ငန်ရလိမ့်မည်။
၁၂ မြစ်ကမ်းနား နှစ်ဘက်၌ စားစရာကောင်းသောအသီး အပင်အမျိုးမျိုးပေါက်ကြလိမ့်မည်။ အရွက်လည်းမညှိုးနွမ်းရ၊ အသီးလည်း မပြတ်ရ၊၊ လတိုင်းအစဉ် နုသောအသီးကိုသီးလိမ့်မည်။ အကြောင်းမူကား၊ ထိုရေသည် သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည်စား စရာအဘို့ ဖြစ်သည်။ အရွက်သည်လည်း အနာရောဂါ ငြိမ်းစေရာ ဘို့ဖြစသည်ဟုငါ့အား ပြောဆို၏။

ဆာလံကျမ်း အခန်းကြီး ၄၆ (Ps 46:1-9);

၁ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏၊၊
၂ ထိုကြောင့် ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များ တုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်းငါတို့သည် ကြောက်လန့်ခြင်းမရှိ၊၊ 
၃ သမုဒ္ဒရာရေသည်ဟုန်းဟုန်း မြည်၍ မွှေနှောက်ပါလေ စေ၊၊ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါစေလေ၊၊
၎ မြစ်တမြစ် ရှိသေး၏၊၊ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏၊၊
၅ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာဖြစ်၍ တုန်လှုပ်ခြင်းမရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင် ကူမတော်မူလိမ့်မည်။
၆ လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံတို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။
၇ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
၈ ထာဝရဘုရား စီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ် ရှင်းခြင်းအမှု တော်များကို လာ၍ကြည့်ရှုကြလော့။
၉ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့ လျက်၊ မြေကြီးစွန်း တိုင် အောင်စစ်မှုကို ငြိမ်းစေတော်မူ၏။

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 Cor 3:9-17);

၉ ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူ ချင်းဖြစ်ကြ၏။ သင်တို့သည်  ဘုရားသခင်၏ဥယျာဉ်တော် ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်းဖြစ်ကြ၏။
၁၀ ဘုရားသခင်၏ ကျေးဇူးတော်ကိုငါခံရသည်နှင့်အညီ၊ လိမ္မာ သော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍တည်ဆောက်လေ၏။ သို့ရာတွင် အဘယ်သို့ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိ ပြုပါစေ။
၁၁ အကြောင်းမူကား၊ ယေရှုခရစ် တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှ တပါးအခြား သောတိုက် မြစ်ကိုအဘယ်သူမျှမချနိုင်။
၁၂ ထိုတိုက်မြစ် အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သော သူရှိသမျှ၊
၁၃ အသီးအသီးလုပ်သော အလုပ်သည် ထင်ရှား လိမ့်မည်။ အဘယ်သို့နည်း ဟူမူကား၊ ဘော်ပြချိန်နေ့ ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်း လုပ်သောအလုပ်သည် အဘယ်သို့ သောအလုပ်ဖြစ်သည်ကို မီးသည်စစ်အကြောစုံစမ်းလိမ့်မည်။
၁၄ ထိုတိုက်မြစ် အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏၊ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။
၁၅ အကြင်သူ၏ အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
၁၆ သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည်သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း၊ မသိကြသလော။
၁၇ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏၊ ထိုသူကိုဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော်ဖြစ်ကြ၏။


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂ (John 2:13-22);

၁၃ ယုဒပသခါပွဲခံချိန်နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။
၁၄ ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက်ရောင်းသောသူတို့ကို၎င်း၊ ပွဲစားများထိုင်လျက်ရှိသည်ကို၎င်း တွေ့တော်မူ လျှင်၊
၁၅ ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန်တော်မှ နှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊
၁၆ ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏၊
၁၇ ကိုယ်တော်၏အိမ်တော်၌ စွဲလန်းပူပန်ခြင်း စိတ်သည် အကျွန်ုပ်ကိုစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။
၁၈ ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်းဟု ဆိုကြ၏။
၁၉ ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။
၂၀ ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။
၂၁ ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်း ဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏။ ၂၂ ထိုကြောင့် သေခြင်းမှထမြောက်တော်မူ သည်နောက်၊ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိကြသဖြင့် ကျမ်းစာကို၎င်း၊ ယေရှု၏နှုတ် ကပတ်တော်ကို၎င်း ယုံကြ၏။