Wednesday, 14 November 2018

14-NOV-2018 (READING -ORD-32-YB-C2)

Wed the 14th: Titus 3:1-7; Ps 23:1-6; 1 Thess 5:18; Luke 17:11-19

တိတုသြဝါဒစာ အခန်းကြီး ၃ (Titus 3:1-7);

၁ လူတို့သည် အထွဋ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှါ၎င်း၊ မင်း၏စကားကို နားထောင် စေခြင်းငှါ၎င်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြု၍ အသင့်ဖြစ်စေခြင်းငှါ၎င်း၊
၂ အဘယ်သူကိုမျှ မကဲ့ရဲ့၊ ရန်တွေ့ခြင်း ကိုမပြု၊ ဖြည်းညှင်းသောသဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်းနူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါ၎င်း သတိပေးလော့။
၃ အကြောင်းမူကား၊ အထက်ကငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်း သောသူ၊ အထူးထူး အပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်းအမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ အချင်းချင်းမုန်းသောသူ ဖြစ်ကြ၏။
၎ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကို ချစ်တော်မူသော မေတ္တာ တော်သည် ပေါ်ထွန်းသောအခါ၊
၅ ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်း နှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။
၆ ငါတို့ကို ကယ်တင်သော အရှင်ယေရှုခရစ်အားဖြင့် ငါတို့အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာသွန်းလောင်းတော်မူ၏။
၇ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ထာဝရအသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်မည်အကြောင်းတည်း။

ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);

၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို  အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၅ (1 Thess 5:18);

၁၈ အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇ (Luke 17:11-19);

၁၁ ယေရုရှလင်မြို့သို့ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌ ရှောက်သွားတော်မူ၏။
၁၂ ရွာတရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊
၁၃ သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။
၁၄ ယေရှုသည်မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်း သို့ရောက်ကြ၏။
၁၅ ထိုသူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏။
၁၆ ခြေတော်ရင်း၌ ပြပ်ဝပ်၍ ကျေးဇူးတော်ကြီးလှ ပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူဖြစ်သတည်း။
၁၇ ယေရှုကလည်း၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။
၁၈ ဤတပါး အမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက်မျှမရှိသလောဟု မေးတော်မူပြီးမှ၊
၁၉ သင်ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကို ငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။