Sun the 3rd: Psalter IV, Ordinary Time Week 4.
(Optional memorial of Blase, bishop and martyr.)
(Optional memorial of Ansgar, bishop.)
Jer 1:4-19; Ps 71:1-17; 1 Cor 12:31-13:13; Luke 4:18; Luke 4:21-30
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၁ (Jer 1:4-19);
၎ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊
၅ သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီ သင့်ကိုငါသိပြီ။ မဘွားမှီကပင် သင့်ကိုငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။
၆ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ် ပါ၏ဟု လျှောက်လျှင်၊
၇ ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်ရှိရာသို့ သင့်ကိုငါစေလွှတ်၏၊ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏၊ ထိုစကားကို သင်ဆင့်ဆိုရမည်။
၈ သူတို့ကို မကြောက်နှင့်။ သင့်ကိုကယ်နှုတ်ခြင်းငှါ သင်နှင့်အတူငါရှိသည်ဟု မိန့်တော်မူပြီးမှ၊
၉ လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကိုငါသွင်းထားပြီ။
၁၀ ကြည့်ရှုလော့။ သင်သည် နှုတ်ပယ်ဖြိုချ ဖျက်ဆီးမှောက်လှဲရသော အခွင့်၊ တည်ဆောက်စိုက်ပျိုးရသောအခွင့်နှင့် သင့်ကိုလူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ် မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။
၁၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ် အရာကို မြင်သည်နည်းဟု မေးတော်မူလျှင်ငါက၊ အကျွန်ုပ်သည် ဗာတံကိုင်းကိုမြင်ပါ၏ဟု လျှောက်သော်၊
၁၂ ထာဝရဘုရားက၊ သင်သည်မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကိုပြည့်စုံစေခြင်းငှါ၊ ငါစောင့်နေမည်ဟု မိန့်တော်မူ၏။
၁၃ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ်ငါ့ဆီသို့ရောက်၍၊ သင်သည်အဘယ် အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည်ဆူပွက်သော အိုးကင်းကိုမြင်ပါ၏။ မြောက်ဘက်သို့မျက်နှာပြု လျက်ရှိပါ၏ဟု လျှောက်လျှင်၊
၁၄ ထာဝရဘုရားက၊ မြောက်မျက်နှာဘက်က ဘေးဥပဒ်သည် ဤပြည်သားတို့အပေါ် သို့ထွက်လာလိမ့်မည်။
၁၅ အကြောင်းမူကား၊ မြောက်တိုင်း နိုင်ငံသားအမျိုးမျိုးအပေါင်းတို့ကိုငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌၎င်း၊ မြို့ရိုးပတ်ဝန်းကျင်အရပ်ရပ်တို့၌၎င်း၊ ယုဒမြို့ရွာ အလုံးစုံတို့၌၎င်း မိမိတို့ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။
၁၆ ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ အခြားသောဘုရားတို့အား နံ့သာပေါင်းကိုမီးရှို့သောအပြစ်၊ မိမိတို့လက်ဖြင့်လုပ်သောအရာကို ကိုးကွယ်သော အပြစ်ရှိသမျှတို့ကြောင့်၊ သူတို့ကိုငါစစ်ကြော၍၊ အပြစ်နှင့်အလျောက်စီရင်မည်။
၁၇ သို့ဖြစ်၍ သင်သည်ခါးပန်းကိုစီး၍ ထလော့။ ငါမှာထားသမျှကို သူတို့အားဟောပြောလော့။ သူတို့ရှေ့မှာ သင့်ကိုငါအရှက်မခွဲရမည်အကြောင်း သူတို့ကိုမကြောက်နှင့်။
၁၈ ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားတည်း ဟူသော တနိုင်ငံလုံးတဘက်၌၊ ခိုင်ခံသောမြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကိုယနေ့ငါခန့်ထား၏။
၁၉ သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကိုကယ်နှုတ်ခြင်းငှါ၊ သင်နှင့်အတူငါရှိသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၇၁ (Ps 71:1-17);
၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော၊၊
၂ တရားတော်နှင့် အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ၊၊ နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင် တော်မူပါ၊၊
၃ အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ၊၊ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း မိန့်တော်ရှိ၍ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏၊၊
၎ အကျွန်ုပ်၏ ဘုရားသခင် ဆိုးသောသူ၏ လက်မှ၎င်း၊ မတရား သောသူနှင့် ကြမ်းတမ်းသော သူ၏ လက်မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၅ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊
၆ အကျွန်ုပ် သည် ဘွားကတည်းက ပင် ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှ စ၍ ကျေးဇူးတော်ကို ခံရပါပြီ။
၇ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် များစွာ သောသူတို့၌ အံ့ဘွယ်သောအရာ ကဲ့သို့ဖြစ် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။
၈ ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောပနာစကားကို ကျွန်ုပ်သည် နေ့တိုင်း အစဉ် မြွက်ဆိုပါစေသော။
၉ အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
၁၀ ရန်သူတို့သည် အကျွန်ုပ် တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ် အသက်ကို ချောင်းကြည့်သော သူတို့က၊
၁၁ ဘုရားသခင် သည်သူ့ကိုစွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ကယ် လွတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။
၁၂ အိုဘုရားသခင်၊ အကျွန်ုပ် နှင့်ဝေးဝေး နေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင် ၊ ကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန်ပြုတော်မူပါ။
၁၃ အကျွန်ုပ် အသက်ကိုရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသော။ အကျွန်ုပ် ၌အပြစ်ပြုခြင်းအခွင့်ကိုရှာသော သူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။
၁၄ အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှ ထက်သာ၍ ချီးမွမ်းပါမည်။
၁၅ ဖြောင့်မတ်တော် မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။
၁၆ အရှင်ထာဝရ ဘုရား၏ ဘုန်းတန်ခိုးတော် များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။
၁၇ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သော အရွယ်မှ စ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင်အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၂
(1 Cor 12:31-13:13);
၃၁ သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သောလမ်းကို ငါပြဦးမည်။
၁ ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း၊ ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့၎င်း၊ဖြစ်၏။
၂ ပရောဖက်ဥာဏ်ကို ငါရ၍၊ နက်နဲသောအရာ ရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကို ရွေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက် သက်ဖြစ်၏။
၃ သူတပါးကို ငါကြွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓွာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင် ငါ၌ အကျိုးမရှိ။
၎ မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။
၅ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊
၆ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။
၇ ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
၈ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။
၉ ယခုမူကား၊ ငါတို့သည် မစုံမလင်သိတတ်ကြ၏။ ပရောဖက်ဥာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။
၁၀ စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။
၁၁ ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။
၁၂ ယခုတွင်ငါတို့သည် မှန်အားဖြင့်ရိပ်မိလျက်သာနေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင် မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။
၁၃ ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၄ (Luke 4:18);
၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၄ (Luke 4:21-30)
၂၁ ယေရှုကလည်း၊ ယနေ့ပင်ဤကျမ်းစာ ချက်သည်သင်တို့ကြားသည် အတိုင်းပြည့်စုံလေပြီ ဟုမိန့်တော်မူ၏။
၂၂ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ် သောနှုတ်ထွက် စကားကို အံ့သြချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်ထုံလော ဟုဆိုကြ၏။
၂၃ ယေရှုကလည်း၊ အကယ်၍သင်တို့သည်ပုံပမာကို ဆောင်လျက်၊ အချင်းဆေးသမား၊ ကိုယ်အနာကိုငြိမ်းစေလော့။ ငါတို့သည် သိတင်းကြားသည်အတိုင်း၊ သင်သည်ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌ လည်းပြုပါဟူ၍ ငါ့အားပြောဆိုကြ လိမ့်မည်။ သို့သော်လည်း ငါအမှန်ဆိုသည်ကား၊
၂၄ အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌မျက်နှာမရတတ်။
၂၅ ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက်ဧလိယလက်ထက်၌ သုံးနှစ်နှင့်ခြောက် လပတ်လုံး မိုဃ်းခေါင်၍၊ ပြည်နိုင်ငံတရှောက်လုံး အစာအာဟာရ အလွန်ခေါင်းပါးခြင်းရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သောမုတ်ဆိုးမ အများရှိကြ၏။
၂၆ သို့သော်လည်းထိုမုတ်ဆိုးမ တယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့စေ လွှတ်တော် မူ၏။
၂၇ ပရောဖက် ဧလိရှဲလက်ထက်တွင်လည်း ဣသရေလအမျိုး၌ နူနာစွဲသော သူအများရှိကြ၏။ သို့သော်လည်းနေမန်အမည်ရှိသော ရှုရိလူမှတပါးအဘယ်သူမျှ သန့်ရှင်းခြင်းသို့မရောက်ဟု မိန့်တော်မူ၏။
၂၈ တရားစရပ်၌ ရှိသောလူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာအမျက်ထွက်သည်နှင့်၊
၂၉ ထ၍ ကိုယ်တော်ကိုပြင်သို့ထုတ်နှင်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောက်ထိုးတွန်းချခြင်းငှါ ဆောင်သွားကြ၏။
၃၀ ကိုယ်တော်သည် သူတို့အလယ်၌ ရှောက်၍ ကြွသွားတော်မူ၏။