Sunday, 10 February 2019

10-FEB-2019(READING -ORD 5-YC-C1)

Sun the 10th: Psalter I, Ordinary Time Week 5.
(Memorial of Scholastica, virgin.)
Isa 6:1-8; Ps 138:1-8; 1 Cor 15:1-11; Matt 4:19; Luke 5:1-11

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆(Isa 6:1-8);

၁ သြဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏၊၊ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏၊၊
၂ ကောင်းကင်တမန်သရပ်တို့ သည် ပလ္လင်တော်တဘက်တချက်၌ရပ်နေကြ၏၊၊ သူတို့သည်အတောင် ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့်ခြေတို့ကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏၊၊
၃ သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏၊၊ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍ မြွက်ဆိုကြ၏၊၊
၎ ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည်လှုပ်ရှား၍ မီးခိုးနှင့်တအိမ်လုံးပြည့်လေ၏၊၊
၅ ငါကလည်း ငါ၌အမင်္ဂလာရှိ၏၊၊ ငါအကျိုးနည်းရှိပြီ၊၊ အကြောင်းမူကား၊ ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိလျက်၊ ညစ်ညူး သော နှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုယ်မျက်စိနှင့်မြင်လေပြီတကားဟုဆို၏၊၊
၆ ထိုအခါကောင်းကင်တမန် သရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့် ယူသော မီးခဲတခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊
၇ ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည်သင်၏ နှုတ်ခမ်းကို တွေ့ပြီ၊၊ သင်၏ဒုစရိုက်ကိုသုတ်သင်ပြီ၊၊ သင်၏အပြစ်လည်းပြေရှင်းပြီဟုဆို၏၊၊
၈ တဖန်ထာဝရဘုရားက ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း၊၊ ငါတို့အဘို့ အဘယ်သူသွား မည်နည်း၊ ငါတို့အဘို့ အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကို ငါကြားလျှင်၊ ငါကအကျွန်ုပ်ရှိပါ၏၊၊ အကျွန်ုပ်ကိုစေလွှတ် တော်မူပါဟု လျှောက်လေ၏၊၊

ဆာလံကျမ်း အခန်းကြီး ၁၃၈ (Ps 138:1-8);

၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာ သီချင်းကိုဆိုပါမည်။
၂ သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကတိတော်ကို သိတင်းတော် ရှိသမျှထက် ချီးမြှောက်တော်မူပြီ။
၃ အကျွန်ုပ်အော်ဟစ်သော နေ့တွင် နားထောင်တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်းအားကို သွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။
၎ အိုထာဝရဘုရား၊ လောကီရှင်ဘုရင် အပေါင်းတို့သည် နှုတ်တော်ထွက် စကားတို့ကို ကြားရသည် ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။
၅ ထာဝရဘုရား၏ လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဘုန်းကြီးတော်မူ၏။
၆ ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိမ့်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား၊ အဝေးက သိတော်မူ၏။
၇ အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူ တို့၏ အမျက်ဒေါသ ကို ဆီးတား၍၊ လက်ျာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော် မူလိမ့်မည်။
၈ ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော်မူမည်။ အိုထာဝရဘုရား၊ ကရုဏာသည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင့် ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ ( 1 Cor 15:1-11);

၁ ညီအစ်ကိုတို့၊ ငါသည် သင်တို့အား ဟောပြောဘူးသည်နှင့်အညီ၊ သင်တို့သည်ခံယူ၍ မှီဝဲဆည်းကပ်သော ဧဝံဂေလိတရားကို သင်တို့အား တဖန်ငါကြားလိုက်၏။
၂ အထက်က ငါဟောပြော သည်အကြောင်းများကို သင်တို့ သည် အကျိုးမဲ့မယုံဘဲ စိတ်စွဲလန်းလျှင်၊ ထိုဧဝံဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။
၃ ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
၎ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
၅ ကေဖသည် ကိုယ်တော်ကိုမြင်ပြီးမှ၊ တကျိပ်နှစ်ပါးသောသူတို့သည် မြင်ရကြ၏။
၆ ထိုနောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက်မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။
၇ ထိုနောက် ယာကုပ်မြင်ရ၏။
၈ ထိုနောက် တမန်တော်အပေါင်းတို့သည် မြင်ရကြ၏။ နောက်ဆုံး၌ အချိန်မတော်မတန် ဘွားသောသူကဲ့သို့ဖြစ်သော ငါပင် မြင်ရ၏။
၉ ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသောတမန်တော် ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။
၁၀ သို့သော်လည်း ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသောကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသောတမန်တော် အပေါင်းတို့ထက်၊ ငါသည် သာ၍ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူ ရှိသောဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။
၁၁ ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့ သည် ဟောပြောကြ၏။ ဤသို့လည်း သင်တို့သည် ယုံကြည်ကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:19);

၁၉ ထိုသူတို့အားငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည်ဟု အမိန့်တော်ရှိလေသော်၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၅(Luke 5:1-11)

၁ တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝှေ့ကြစဉ်တွင်၊ ကမ်းနားမှာစိုက်သော လှေနှစ်စင်း ကိုမြင်တော်မူ၏။
၂ တံငါ တို့သည် လှေထဲကထွက်၍ ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။
၃ ထိုလှေတို့တွင် ရှိမုန်၏လှေထဲသို့ ဝင်တော်မူပြီးလျှင် လှေကိုကမ်းနားမှာအနည်းငယ် ခွာဖွင့်စေခြင်းငှါ ရှိမုန်ကိုအခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမသြဝါဒပေးတော်မူ၏။
၎ စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။
၅ ရှိမုန်ကလည်း၊ သခင်၊ ကျွန်ုပ်တို့သည် တညဥ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်ဟု လျှောက်လေ၏။
၆ ထိုသို့ချကြပြီး လျှင် အလွန်များစွာ သောငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။
၇ အခြားသော လှေတစင်း၌ ရှိသော အပေါင်းအဘော်တို့သည် လာ၍ကူညီစေခြင်းငှါ သူတို့ကိုအမှတ်ပေးသဖြင့်၊ သူတို့လာ၍ လှေနှစ်စင်းနစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။
၈ ရှိမုန်ပေတရုသည်မြင်လျှင်၊ ယေရှု၏ပုဆစ်တော်ကို ဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။
၉ အဘယ်ကြောင့်ဤသို့လျှောက်သနည်း ဟူမူကား၊ အုပ်မိသော ငါးများကို ထောက်သဖြင့်၊ ရှိမုန်နှင့်သူ၏ အပေါင်းအဘော် ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်မှစ၍ ရှိမုန်နှင့် ပါသမျှသောသူတို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။
၁၀ ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ယခုမှစ၌ လူတို့ကို ဘမ်းမိသော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
၁၁ ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည်ရှိသမျှ တို့ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။