Thursday, 28 February 2019

28-FEB-2019 (READING -ORD 7-YC-C1)

Thu the 28th: Sir 5:1-8; Ps 1:1-6; 1 Thess 2:13; Mark 9:41-50

ဆီရပ်ခ်၏နီတိဒေသနာကျမ်းအခန်းကြီး (Sir 5:1-8)

ဥစ္စာဓနြွကယ်ဝခြင်းအပေါ်မှီခိုအားထားခြင်း မရှိနှင့်
၁။ သင်၏ ဥစ္စာဓန အပေါ်မှာ မှီခိုအားထားခြင်းမရှိနှင့်။ ငါ့အတွက် လုံလောက်လေပြီဟူ၍လည်း မပြောနှင့်။
၂။ သင့်နှလုံးသား၏ လိုအင်ဆန္ဒများနောက်သို့လိုက်ရန်
၃။ သင့်ခွန်အားကို အားမကိုးလေနှင့်။မည်သူသည်ငါ့ကို အနိုင်ယူမည်နည်းဟူ၍ မြွေကးကြော်လေနှင့်။ ဘုရား သခင်သည် သင့်ကို မလွှဲမသွေ ဒဏ်ခတ်လိမ့်မည်။
၎။ ငါသည်အပြစ်ြုပခဲ့ပြီ။ ငါ၌ဘာမှမဖြစ်သေးပါတကား ဟူ၍လည်းမဆိုနှင့်၊ အကြောင်းမူကား သခင်ဘုရား သည် စိတ်ရှည်စွာ အချိန်ဆွဲတော်မူ၏။
၅။ အပြစ်အခွင့်လွှတ်ခြင်းကို ရရှိလိမ့်မည်ဟု လွန်ကဲစွာ  ယုံကြည်  စိတ်ချပြီး အပြစ်တစ်ခုပြီး တစ်ခုထပ်ဆင့်
၆။ မကျူးလွန်နှင့်။ ကိုယ်တော်၏ သနားကရုဏာတော် သည်ကြီးမားလှ၏။ ငါ၏အပြစ်မကောင်းမှုများစွာကို လည်း ကိုယ်တော်သည် ခွင့်လွှတ်တော်မူလိမ့်မည်ဟု မဆိုလေနှင့်။၎အကြောင်းမူကား သနားကရုဏာတော် နှင့်အမျက်တော်နှစ်ခုစလုံးကိုကိုယ်တော်ပိုင်ဆိုင်တော်မူ၍ အပြစ်သားများအပေါ်၌ ကိုယ်တော်၏ ဒေါသ
၇။ အမျက်တော်သည် သက်ရောက်တော်မူ၏။နောင်တရ ၍ သခင်ဘုရားထံသို့ ပြန်လာရန်မနှောင့်နှေးလေနှင့်။ နောင်တရရန်တစ်ရက်ပြီးတစ်ရက်မရွှေ့ဆိုင်းလေနှင့်။ အကြောင်းမူကား သခင်ဘုရား၏ အမျက်တော်သည် ရုတ်တရက် တောက်လောင်လိမ့်မည်။ အပြစ်များကို စီရင် စစ်ကြောတော်မူသောနေ့၌ သင်သည် ဖျက်ဆီး
၈။ ခြင်းခံရလိမ့်မည်။ မတရားရှာဖွေ စုဆောင်းထားသော ဥစ္စာပစ္စည်းများအပေါ်၌ အားမထားလေနှင့်။ အဘယ် ကြောင့်ဆိုသော် အပြစ်ဒဏ်စီရင်သောနေ့တွင်ゞင်းတို့ သည်အထောက်အကြူုပလိမ့်မည်မဟုတ်။



ဆာလံကျမ်း အခန်းကြီး ၁ (Ps 1:1-6);

၁ မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊
၂ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊
၃ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း၊၊
၎ မတရားသောသူတို့မူကား ထိုကဲ့သို့မဟုတ်၊၊ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏၊၊
၅ ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ၊၊ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ၊၊
၆ အကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသော သူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း၊၊



သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Thess 2:13);

၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:41-50);

၄၁ သင်တို့သည် ခရစ်တော်နှင့်ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အားရေတခွက်ကိုမျှပေး၏၊ ထိုသူသည် အကျိုးကိုမရဘဲမနေရာ၊ ငါအမှန်ဆို၏။
၄၂ ငါ့ကိုယုံကြည်သောဤသူငယ် တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုစွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ကောင်း၏။
၄၃ သင်၏လက်သည် သင့်ကိုမှားယွင်း စေလျှင် လက်ကိုဖြတ်လော့။
၄၄ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သောမီးထဲသို့ လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။
၄၅ သင်၏ခြေသည် သင့်ကိုမှား ယွင်းစေလျှင် ခြေကိုဖြတ်လော့။
၄၆ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့ ခြေနှစ်ဖက်စုံနှင့် ချခြင်းကိုခံရသည်ထက် ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။
၄၇ သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စေ့ကိုထုတ်လော့။
၄၈ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲမီးထဲသို့ မျက်စိနှစ်ဖက်စုံနှင့် ချခြင်းကိုခံရသည်ထက်၊ မျက်စိတဘက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။
၄၉ ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို  ခံရကြမည်။
၅၀ ဆားသည်ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင်၊ ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ သင်တို့၌ ဆားရှိစေကြလော့။ အချင်းချင်းအသင့်အတင့်နေကြလော့ဟု မိန့်တော်မူ၏။