Sun the 24th: Psalter III, Ordinary Time Week 7.
1 Sam 26:2-23; Ps 103:1-13; 1 Cor 15:45-49; John 13:34; Luke 6:27-38
ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၂၆(1 Sam 26:2-23);
၂ ရှောလုသည်ထ၍ရွေးကောက်သော ဣသရေလလူ သုံးထောင်ပါလျက်၊ ဇိဖတော၌ ဒါဝိဒ်ကိုရှာခြင်းငှါသွားလေ၏။
၃ ရှောလုသည်ယေရှိမုန်‹မြို‹ရှေ‹၊ ဟခိလတောင်ပေါ် လမ်းနားမှာတပ်ချ၏။ ဒါဝိဒ်သည် တော၌နေ၍ ရှောလုလိုက်ရှာကြောင်းကို သိမြင်သောအခါ၊
၎ သူလျှိုတို‹ကို စေလွှတ်၍ ရှောလုရောက်ကြောင်းကို အတပ်သိ၏။
၅ ထိုအခါ ဒါဝိဒ်သည် ထသွား၍၊ ရှောလုတပ်ချရာ အရပ်သို‹ရောက်သဖြင့်၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ၏သားအာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ၏။ ရှောလုသည် ရထားတပ် အလယ်၌ အိပ်လျက်၊ တပ်သားတို‹သည် ပတ်လည်၌နေရာကျကြ၏။
၆ ဒါဝိဒ်ကလည်း၊ ရှောလုရှိရာတပ်သို‹ ငါနှင့်အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏ သားယွာဘညီအဘိရှဲတို‹ကို မေးလျှင်၊ အဘိရှဲက ကျွန်တော်လိုက်ပါမည်ဟုလျှောက်သည်အတိုင်း၊
၇ ဒါဝိဒ်နှင့်အဘိရှဲ တို‹သည် ညဥ့်အခါ တပ်သားများရှိရာသို‹သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်အနား မြေ၌စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို‹သည် ပတ်လည်၌ အိပ်လျက် ရှိကြ၏။
၈ အဘိရှဲကလည်း ဘုရားသခင်သည် ကိုယ်တော်၏ရန်သူကို ကိုယ်တော်လက်၌ ယနေ‹အပ်တော်မူပြီ။ ထိုကြောင့်ကျွန်တော်သည် မြေတိုင်အောင်လှံနှင့်တချက်တည်းထိုးပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကို လျှောက်သော်လည်း၊
၉ ဒါဝိဒ်ကသူ‹ကိုမပြုနှင့်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကိုအဘယ်သူ အပြစ်လွှတ်လျက်ထိခိုက်နိုင်သနည်းဟု အဘိရှဲအားပြန်ဆို၏။
၁၀ တဖန်ဒါဝိဒ်က၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို‹မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို‹မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။
၁၁ ထာဝရဘုရားပေးတော်မူသောဘိသိက်ခံသူကို ငါမထိခိုက်မည် အကြောင်း ထာဝရဘုရားဆီးတားတော်မူပါစေသော။ သို‹ရာတွင် ခေါင်းရင်းတော်နားမှာ ရှိသောလှံတော်နှင့် ရေဘူးကို ယူ၍သွားကြကုန်အံ့ဟုဆိုလျက်၊
၁၂ လှံတော်နှင့် ရေဘူးကိုရှောလုခေါင်းရင်းနားကယူ၍သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှမနိုး၊ ကြီးစွာသောအိပ်ခြင်းဖြင့် ထာဝရဘုရားအိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို‹သည် အိပ်ပျော်ကြ၏။
၁၃ ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့်တဘက်သို‹ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊
၁၄ အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့်နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကားအဘယ်သူနည်းဟု ပြန်၍မေးလျှင်၊
၁၅ ဒါဝိဒ်က၊ သင်သည် ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူတူသနည်း။ သို‹ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကိုသတ်အံ့သောငှာ လူတယောက်ဝင်လေပြီ။
၁၆ သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သော ကြောင့်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်းသင်သည်အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသောရှင်ဘုရင်၏လှံတော်နှင့်ရေဘူးတော်ရှိသည်မရှိသည်ကိုကြည့်ရှုလော့ဟု အာဗနာအား ပြောဆို၏။
၁၇ ရှောလုသည် ဒါဝိဒ်စကားသံကိုသိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသောစကားသံသည် သင့်စကားသံလောဟုမေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင် အရှင်မင်းကြီးဟု လျှေက်လေ၏။
၁၈ ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့်ဤသို‹လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို‹ပြုပါသနည်း။ ကျွန်တော်၌ အဘယ်သို‹အပြစ်ရှိပါသနည်း။
၁၉ ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည်မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို‹မဟုတ် လူသားတို‹သည် နှိုးဆော်သည်မှန်လျှင်၊ ထာဝရဘုရား ရှေ‹တော်၌ ကျိန်ခြင်းကိုခံကြပါစေသော။ အကြောင်းမူကား၊ သူတို‹က သွားတော့။ အခြားတပါးသောဘုရားတို‹ကို ဝတ်ပြုတော့ဟုဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏အမွေတော်မြေ၌ မနေစေခြင်းငှာယနေ‹ပင် နှင်ထုတ်ကြ ပါသည်တကား။
၂၀ သို‹ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ‹တော်၌ မြေသို‹မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည်ငုံးကိုတောင်ပေါ်မှာလိုက်၍ရှာသကဲ့သို‹ဣသရေလရှင်ဘုရင်သည် ခွေးလှေးကိုရှာခြင်း ငှာ ထွက်တော်မူပါပြီတကားဟုလျှောက်ဆို၏။
၂၁ ရှောလုကလည်း ငါပြစ်မှားပါပြီ၊ ငါ့သားဒါဝိဒ်ပြန်လာပါ။ သင်သည်ယနေ‹ငါ့အသက်ကို နှမြောသောကြောင့်၊ နောက်တဖန်သင့်ကို ငါမညှဉ်းဆဲ။ ငါသည် လူမိုက်ဖြစ်၏။ အလွန်မှားယွင်းပြီဟုဆိုသော်၊
၂၂ ဒါဝိဒ်၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင်တယောက်လာ၍ယူစေတော်မူပါ။
၂၃ လူအသီးအသီးတို‹သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကိုဆပ်ပေး တော်မူပါစေသော။ ထာဝရဘုရားသည် ယနေ‹ကိုယ်တော်ကို ကျွန်တော်လက်၌အပ်တော်မူသော်လည်း ထာဝရဘုရား ပေးတော်မူသောဘိသိက်ခံသူကို ကျွန်တော်မထိမခိုပါ။
ဆာလံကျမ်း အခန်းကြီး ၁၀၃ (Ps 103:1-13);
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။
၂ အိုငါ့ဝိညာဉ်၊ထာဝရဘုရားကိုကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။
၃ သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို လည်း ပျောက်စေတော်မူ၏။
၎ သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူးတော် ကရုဏာတော်များနှင့် သင်၏ ခေါင်းကို ရစ်ပတ်တော်မူ၏။
၅ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
၆ ထာဝရဘုရားသည် ညှင်းဆဲခြင်းကိုခံရသမျှ သော သူတို့အဘို့တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
၇ ဘာသာဓလေ့တော်တို့ကိုမောရှေ၌၎င်း၊ စီရင်တော်မူသောအရာတို့ကို ဣသရေလအမျိုးသားတို့၌၎င်း ပြတော်မူပြီ။
၈ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
၉ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
၁၀ ငါတို့ပစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။
၁၁ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကိုကြောက်ရွံသောသူတို့၌ ဂရုဏာတော်သည် အားကြီးပေ၏၊၊
၁၂ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့ အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏၊၊
၁၃ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော် မူ၏။
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ (1 Cor 15:45-49);
၄၅ ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ ဟုလာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ်၏။
၄၆ ၀ိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည် မဟုတ်။ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုဖြစ်၏။
၄၇ ရှေ့ဦးစွာသောလူသည် မြေကြီးကဖြစ် သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံကဖြစ်တော်မူသော သခင်ပေတည်း။
၄၈ မြေသားတို့ သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။
၄၉ ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကိုဆောင်သကဲ့သို့၊ ကောင်းကင်သား၏ ပုံသဏ္ဌာန်ကို ဆောင်ကြလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);
၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၆ (Luke 6:27-38);
၂၇ ငါ့စကားကိုကြားရသော သင်တို့အား ငါဆိုသည်ကား၊ သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။
၂၈ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြ လော့။ သင်တို့ကို နှောင့်ရှက်သောသူတို့အဘို့ ဘုရားသခင်ကိုဆုတောင်းကြလော့။
၂၉ သင်တို့၏ ပါးတဘက် ကိုပုတ်သောသူအား ပါးတဘက်ကိုပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသောသူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။
၃၀ အကြင်သူသည် သင့်ကိုတောင်း၏၊ ထိုသူအားပေးလော့။ သင့်ဥစ္စာ ကိုသိမ်းယူသောသူအား ပြန်၍မတောင်းနှင့်။
၃၁ သင်တို့သည် ကိုယ်၌ သူတပါးပြုစေလိုသည်အတိုင်း သူတပါး၌ပြုကြလော့။
၃၂ သင်တို့ကိုချစ်သောသူတို့အား ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော။
၃၃ သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ဤမျှလောက်ပြုကြသည်မဟုတ်လော့။
၃၄ သူတပါးအား ဥစ္စာချေးငှါးသောအခါ ဆပ်ပေးလိမ့် မည်ဟု မြော်လင့်လျက်ချေးခြင်းငှါ အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှါးတတ်သည်မဟုတ်လော။
၃၅ သင်တို့မူကား ရန်သူတို့ကိုချစ်ကြလော့။ ကျေးဇူးပြု ကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သားဖြစ်ကြ လိမ့်မည်။
၃၆ ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ် ရှိလော့။
၃၇ သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကိုလွှတ်ကြလော့ လွှတ်လျှင်ကိုယ့်အပြစ်လွတ်လိမ့်မည်။
၃၈ သူတပါးအားပေးကြလော့။ ပေးလျှင်သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။