Fri the 22nd: Feast of Chair of St. Peter, apostle.
Gen 11:1-9; Ps 33:10-15; John 15:15; Mark 8:34-9:1
ကမ္ဘာဦးကျမ်း အခန်းကြီး ၁၁(Gen 11:1-9);
၁ မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း၊
၂ အရှေ့မျက်နှာမှခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကိုတွေ့၍ နေရာချကြ၏။
၃ သူတို့ကလည်းလာကြ။ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ဟု၊ တယောက်ကိုတယောက်ပြောကြ၏။ ထိုသို့ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညိ‡တမျိုးကို၎င်း ရပြီးလျှင်၊
၎ လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင် သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ၊ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။
၅ ထိုသို့ လူသားတို့တည် လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက် တော်မူ၏။
၆ ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကားတမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။
၇ လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်း ငှါ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။
၈ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ဘဲ နေကြ၏။
၉ သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကို ရှုတ်ထွေး၍၊ သူတို့ကိုမြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသော ကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍ တွင်သတည်း။
ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:10-15);
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:15);
၁၅ ယခုမှစ၍ ငါသည် သင်တို့ကို ကျွန်ဟူ၍ မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကို မသိ။ သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၈ (Mark 8:34-9:1);
၃၄ ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ် ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ငါ့နောက်သို့ လိုက်ရမည်။
၃၅ အကြင်သူသည် မိမိအသက်ကိုကယ်စေခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။
၃၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူး ရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။
၃၇ မျောက်မထားသော ဤအမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကား ကို၎င်းရှက်၏၊ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့။
၁ ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူအချို့တို့သည် မမြင်မှီသေခြင်းသို့မရောက်ရကြဟု မိန့်တော်မူ၏။