Thursday, 13 June 2019

13-JUN-2019 (READING -EST8 -YC-C1)

Thu the 13th:     Memorial of Anthony of Padua, priest and doctor.
2 Cor 3:15-4:6; Ps 85:9-14; John 13:34; Matt 5:20-26

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၃ (2 Cor 3:15-4:6);

၁၅ ယခုတိုင်အောင်လည်း၊ မောရှေ၏ကျမ်းစာကို ဘတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည်ဖုံးအုပ်လျက်ရှိသေး၏။
၁၆ သို့သော်လည်း သခင်ဘုရား ထံတော်သို့ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကိုပယ်ရှင်း လိမ့်မည်။
၁၇ သခင်ဘုရားဟု ဆိုသော် ဝိညာဉ်တော်တရားကိုဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော် တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။ ၁၈ငါတို့ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက်မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကိုလွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေတိုးပွါး ၍ ပုံသဏ္ဌာန်တော်နှင့် အညီပြောင်းလဲခြင်းရှိရကြ၏။
၁ ထိုကြောင့် ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက်သောသူဖြစ်၍၊ ကရုဏာကျေးဇူးတော်ကို ခံရသည်နှင့် အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။
၂ ဆိတ်ကွယ်ရာအရပ်၌ပြုသောရှက်ဘွယ်သောအမှု များကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ၊ သမ္မာတရားကိုအတည့်အလင်းဘော်ပြ၍၊ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်ထင်အတိုင်း ချီးမွမ်း ဘွယ်သောအကျင့်ဓလေ့ကို ကျင့်ကြ၏။
၃ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ ရောက်သောသူတို့အားသာဖုံးအုပ်လျက်ရှိ၏။
၎ ထိုသို့မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။

ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:9-13);

၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။ ၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။ ၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။ ၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။  ၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);

၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။




ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:20-26);

၂၀ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက်မလွန်မသာလျှင်၊ သင်တို့သည်ကောင်းကင် နိုင်ငံတော်သို့ မဝင်ရကြဟုငါအမှန်ဆို၏။
၂၁ လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏ ဟူသောရှေး ပညတ်စကား ကိုသင်တို့ကြားရပြီ။
၂၂ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန်အမျက်ထွက်သော သူသည် ရုံး၌အပြစ် စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကို ကိုကျိန်ဆဲသောသူသည်ဂေဟင်္နာအရပ်၌မီးရှို့ခြင်းကိုခံထိုက်ပေ၏။
၂၃ ထိုကြောင့်သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစုံတခုရှိသည်ဟု အောက်မေ့သတိ ရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။
၂၄ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သက္ကာကို တင်လော့။
၂၅ တရားတွေ့ဘက်နှင့် အတူလမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကိုပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး၌အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။
၂၆ လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟုငါအမှန်ဆို၏။