Sunday, 30 June 2019

30-JUN-2019 (READING -ORD13 -YC-C1)

Sun the 30th: Psalter I, Ordinary Time Week 13.
(Optional memorial of First martyrs of the Church in Rome.)
1 Kgs 19:16-21; Ps 16:1-11; Gal 5:1-18; 1 Sam 3:9, John 6:68; Luke 9:51-62

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၉ (1 Kgs 19:16-21);

၁၆ နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ဘိသိက်ပေးလော့။
၁၇ သို့ဖြစ်၍ဟာဇေလထားနှင့်လွတ်သောသူကို ယေဟု သတ်လိမ့်မည်။ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။
၁၈ သို့ရာတွင်ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်းကိုမပြုသောသူအပေါင်းတည်းဟူသော ဣသရေလအမျိုးသား ခုနှစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟုမိန့်တော်မူ၏။       
၁၉ ထိုအရပ်မှဧလိယသည် သွားပြီးလျှင်၊ နွားငါးယှဉ်းနှင့်လယ်ထွန်လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက် သောရှာဖတ်သားဧလိရှဲကို တွေ့၍အနား၌ ရှောက်စဉ်တွင်၊ မိမိဝတ်လုံကိုသူ့အပေါ်မှာ တင်လေ၏။
၂၀ ဧလိရှဲသည်နွားတို့ကို ပစ်ထား၍ ဧလိယနောက်သို့လိုက်လျက်၊ အကျွန်ုပ်သည်မိဘကိုနမ်း ပါရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့်တောင်းလျှင်၊ ဧလိယကပြန်သွားလော့။ ငါသည်သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊
၂၁ ဧလိရှဲသည် ပြန်သွား၍ နွားတယှဉ်းကိုသတ်ပြီးမှ၊ နွားသားကိုလယ်ထွန်သော တန်ဆာနှင့် ပြုတ်၍လူများတို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့လိုက်လျက်လက်ထောက်ဖြစ်လေ၏။

ဆာလံကျမ်း အခန်းကြီး ၁၆ (Ps 16:1-11);

၁ အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား၊၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊
၂ ကိုယ်တော်သည် အကျွန်ုပ်၏ သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ၊၊ ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ၊၊
၃ ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်းသော သူတို့ကိုသာ နှစ်သက်ပါ၏၊၊
၎ အခြားသော လမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သူတို့ သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူမဆက်လို၊၊ သူတို့ဘုရား၏ နာမကို မမြွက်လို၊
၅ ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ငါစားသောက်ရာ အဘို့ဖြစ်တော် မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏၊၊
၆ ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သော အမွေကို ငါခံရပြီ၊၊
၇ ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်၊၊ ညဥ့်အချိန်၌ပင် ငါ့နှလုံးသည် ငါကို နှိုးဆော် တတ်၏၊၊
၈ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏၊၊ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော် မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ၊၊ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
၉ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏၊၊ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊
၁၀ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်
၁၁ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊

ဂလာတိသြဝါဒစာ အခန်းကြီး ၅ (Gal 5:1-18);

၁ ထိုကြောင့်ခရစ်တော်သည်ငါတို့ကိုလွှတ်တော်မူသောလွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာထမ်းဘိုး ကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။
၂ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့်အဘယ် အကျိုးကိုမျှ မရနိုင်ကြ။
၃ အရေဖျားလှီးခြင်းကိုခံသောသူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည် ပညတ်တရားကိုအကြွင်းမဲ့ ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ်၏။
၎ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော်နှင့် ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။
၅ ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့် သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။
၆ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။
၇ အထက်ကသင်တို့သည် ကောင်းမွန်စွာပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကိုနားမထောင်စေခြင်းငှါ အဘယ်သူဆီးတားသနည်း။
၈ ယခုယူသောအယူကား၊ သင်တို့ကို ခေါ်တော်မူသော သူ၏သြဝါဒကို အမှီပြု၍ ယူသော အယူမဟုတ်။
၉ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကိုဖောင်းကြွစေတတ်၏။
၁၀ သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကိုနှောင့်ရှက်သောသူမည်သည်ကား၊ မိမိအပြစ်ဒဏ်ကို ခံရလိမ့်မည်။
၁၁ တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်း တရားကိုဟောပြောသေးသည်မှန်လျှင်၊ အဘယ်ကြောင့်ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ဟောပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်းပယ်ရှင်းလျက်ရှိ၏။
၁၂ သင်တို့ကိုမှောက်မှားစေသောသူတို့ကို ပယ်ရှားနှင်ထုတ်စေခြင်းငှါငါအလိုရှိ၏။
၁၃ ညီအစ်ကိုတို့၊ သင်တို့သည်လွှတ်ခြင်းအခွင့်ကိုရသောသူဖြစ်၏။ သို့သော်လည်းဇာတိပကတိအားအခွင့် ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။
၁၄ အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့် အမျှချစ်လော့ဟူသော ပညတ်တပါးကိုကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။
၁၅ သို့မဟုတ် အချင်းချင်းကိုက်စားလျှင် အချင်းချင်းဖျက်ဆီးမည် ဟုစိုးရိမ်၍ သတိရှိကြလော့။
၁၆ ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။
၁၇ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင်တပါးဆန့်ကျင့်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။
၁၈ သို့သော်လည်း ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။

ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၃ (1 Sam 3:9),

၉ သင်သွား၍ အိပ်ဦးတော့။ နောက်တဖန်ခေါ်လျှင်၊ အိုထာဝရဘုရား အမိန်‹ရှိတော်မူပါ။ ကိုယ်တော်ကíန်ကြား ပါသည်ဟုလျှောက်ရမည် အကြောင်း ရှမွေလကို မှာထားသည်အတိုင်း၊ ရှမွေလသွား၍မိမိနေရာ၌ အိပ်လေ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:68);

၆၈ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွား ရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:51-62);

၅၁ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွအံ့ သောငှါ သဘောထားတော်မူ၏။
၅၂ ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင်၊့ သူတို့သည်ကိုယ်တော်၏ အဘို့ကို ပြင်ဆင်ခြင်းငှါသွား၍ ရှမာရိရွာတရွာသို့ ဝင်ကြ၏။
၅၃ ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည်ထောက်၍ လက်မခံကြ။
၅၄ ထိုအကြောင်း ကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှ မီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊
၅၅ ယေရှုသည်လှည်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည် လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါ ကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊
၅၆ အခြားသောရွာသို့ကြွတော်မူ၏။
၅၇ လမ်း၌သွားကြစဉ် လူတဦးက၊ သခင်၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက်လေ၏။
၅၈ ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာအရပ်ရှိ၏၊ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။
၅၉ အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ ကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊
၆၀ ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။
၆၁ အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုပ်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍အခွင့်ပန်ပါစေဟု လျှောက်လျှင်၊
၆၂ ယေရှုက၊ ထွန်ကိုင်း ကိုကိုင်လျက် နောက်သို့လှည့်၍ကြည့်သော သူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန် ဟုမိန့်တော်မူ၏။