Vigil of Solemnity of Birth of John the Baptist.
Zech 12:10-11, 13:1 ; Ps 63:2-9; Gal 3:26-29; John 10:27; Luke 9:18-24
Vigil Readings: Jer 1:4-10; Ps 71:1-17; 1 Pet 1:8-12; Luke 1:5-17
ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၁၂ (Zech 12:10-11, 13:1);
၁၀ ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်းပဌနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ထိုးဖောက်သောငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက်တည်း သောသားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ သားဦ အတွက် အဘသည်နာကြဉ်းသကဲ့သို့ နာကြဉ်းရကြလိမ့်မည်။
၁၁ မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည်တမ်း သကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းရှိလိမ့်မည်။
၁ ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့သားတို့၏ ဒုစရိုက်အပြစ်အညစ်အကြေးကို ဆေးကြောစရာဘို့၊ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၆၃ (Ps 63:2-9);
၂ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊ အကျွန်ုပ်၏ ကိုယ်ခန္ဓြွာသည်လည်း ကိုယ်တော်ကိုလွမ်းဆွတ်ပါ၏၊၊
၃ ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာဌာန တော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ၊၊ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်၊၊
၎ ထိုသို့အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြု လျက် လက်ကို ချီပါမည်၊၊
၅ အိပ်ရာပေါ်မှာကိုယ်တော်ကို အောက့်မေ့၍ ညဥ့်ယံတို့၌ ကိုယ်တော် ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။
၆ အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။
၇ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌ မှီဝဲ၍ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏၊၊
၈ အကျွန်ုပ်အသက်ကို ဖျက်ဆီးခြင်းငှါ ရှာသောသူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည်၊၊ ထားဘေးဖြင့်ဆုံး၍ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည်။
၉ ရှင်ဘုရင်မူကား၊ ဘုရားသခင် ဝမ်းမြောက်လိမ့်မည်၊၊
ဂလာတိသြဝါဒစာ အခန်းကြီး ၃ (Gal 3:26-29);
၂၆ အဘယ်သို့နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ သားဖြစ်ကြ၏။
၂၇ ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏။
၂၈ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။
၂၉ ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွှယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);
၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:18-24)
၁၈ တရံရောအခါ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟုမေးမြန်းတော်မူလျှင်၊
၁၉ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ရှေးပရောဖက်တပါးပါးထပြန် သည်ဟူ၍၎င်း ဆိုကြပါသည်ဟု လျှောက်ကြလေသော်၊
၂၀ သင်တို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
၂၁ ထိုအကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာပညတ်တော်မူ၏။
၂၂ ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည် ဟူသောအကြောင်းများတို့ကို မိန့်တော်မူ၏။
၂၃ ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ငါ့နောက်သို့လိုက်ရမည်။
၂၄ အကြင်သူသည် မိမိအသက် ကိုကယ်ဆယ်ခြင်းငှါအလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။
Vigil Readings:
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၁(Jer 1:4-10);
၎ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊
၅ သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီ သင့်ကိုငါသိပြီ။ မဘွားမှီကပင် သင့်ကိုငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။
၆ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ် ပါ၏ဟု လျှောက်လျှင်၊
၇ ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်ရှိရာသို့ သင့်ကိုငါစေလွှတ်၏၊ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏၊ ထိုစကားကို သင်ဆင့်ဆိုရမည်။
၈ သူတို့ကို မကြောက်နှင့်။ သင့်ကိုကယ်နှုတ်ခြင်းငှါ သင်နှင့်အတူငါရှိသည်ဟု မိန့်တော်မူပြီးမှ၊
၉ လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကိုငါသွင်းထားပြီ။
၁၀ ကြည့်ရှုလော့။ သင်သည် နှုတ်ပယ်ဖြိုချ ဖျက်ဆီးမှောက်လှဲရသော အခွင့်၊ တည်ဆောက်စိုက်ပျိုးရသောအခွင့်နှင့် သင့်ကိုလူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ် မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၇၁ (Ps 71:1-17);
၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော၊၊
၂ တရားတော်နှင့် အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ၊၊ နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင် တော်မူပါ၊၊
၃ အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ၊၊ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း မိန့်တော်ရှိ၍ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏၊၊
၎ အကျွန်ုပ်၏ ဘုရားသခင် ဆိုးသောသူ၏ လက်မှ၎င်း၊ မတရား သောသူနှင့် ကြမ်းတမ်းသော သူ၏ လက်မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၅ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊
၆ အကျွန်ုပ် သည် ဘွားကတည်းက ပင် ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှ စ၍ ကျေးဇူးတော်ကို ခံရပါပြီ။
၇ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် များစွာ သောသူတို့၌ အံ့ဘွယ်သောအရာ ကဲ့သို့ဖြစ် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။
၈ ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောပနာစကားကို ကျွန်ုပ်သည် နေ့တိုင်း အစဉ် မြွက်ဆိုပါစေသော။
၉ အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
၁၀ ရန်သူတို့သည် အကျွန်ုပ် တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ် အသက်ကို ချောင်းကြည့်သော သူတို့က၊
၁၁ ဘုရားသခင် သည်သူ့ကိုစွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ကယ် လွတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။
၁၂ အိုဘုရားသခင်၊ အကျွန်ုပ် နှင့်ဝေးဝေး နေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင် ၊ ကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန်ပြုတော်မူပါ။
၁၃ အကျွန်ုပ် အသက်ကိုရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသော။ အကျွန်ုပ် ၌အပြစ်ပြုခြင်းအခွင့်ကိုရှာသော သူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။
၁၄ အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှ ထက်သာ၍ ချီးမွမ်းပါမည်။
၁၅ ဖြောင့်မတ်တော် မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။
၁၆ အရှင်ထာဝရ ဘုရား၏ ဘုန်းတန်ခိုးတော် များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။
၁၇ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သော အရွယ်မှ စ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင်အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Pet 1:8-12);
၈ ထိုသခင်ကို သင်တို့သည်မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊
၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
၁၀ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။
၁၁ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သော အခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။
၁၂ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့ အဘို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှစေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိ တရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:5-17);
၅ ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းဝင်ဖြစ်၍၊ ဇာခရိအမည်ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွှယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။
၆ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။
၇ ဧလိရှက်ေသည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ်ကြီး ရင့်ကြ၏။
၈ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
၉ ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့်၊ သူသည် ထာဝရဘုရား၏ ဗိမာန်တော် အတွင်းသို့ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။
၁၀ ထိုသို့ နံ့သာပေါင်းကိုမီးရှို့သည်အချိန်တွင်၊ လူများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက်နေကြ၏။
၁၁ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကို ရှို့သောယဇ်ပလ္လင်လက်ျာဘက်၌ ရပ်နေသည်ကို၊ ၁၂ ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ ရောက်၏။
၁၃ ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျား ကိုဘွားမြင် လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။
၁၄ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
၁၆ ဣသရေလအမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံသို့ ပြောင်းလဲစေလိမ့်မည်။
၁၇ အဘတို့သည် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှါ၎င်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို၏။