Wed the 26th: Gen 15:1-18; Ps 105:1-9; John 15:4-5; Matt 7:15-20
Gen 15:1-18; Ps 105:1-9; John 15:4-5; Matt 7:15-20
ကမ္ဘာဦးကျမ်း အခန်းကြီး ၁၅ (Gen 15:1-18);
၁ ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်း အာဗြံ၊ မစိုးရိမ်နှင့်။ ငါသည်သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊
၂ အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ဤဒမာသက် မြို့သားဧလျာဇာသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။
၃ တဖန်အာဗြံက အကျွန်ုပ်အားအမျိုးအနွှယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏အိမ်၌ ဘွားသောသူသည်၊ အကျွန်ုပ်၏ အမွေခံဖြစ်ရပါသည် တကားဟုလျှောက်ဆို၏။
၎ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲက ထွက်သော သူသည် သင်၏အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊
၅ အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွှယ် သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
၆ အာဗြံသည်ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏။
၇ တဖန်၊ ငါသည်ဤပြည်ကို သင်းအမွေခံစရာဘို့၊ သင်အားပေးလိုသောငှါ၊ ခါလဒဲပြည်သား တို့နေသော ဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူလျှင်၊
၈ အရှင်ထာဝရ ဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ၏။
၉ ထာဝရဘုရားကလည်း၊ သုံးနှစ်အသက် ရှိသောနွားမတကောင်၊ သုံးနှစ်အသက်ရှိသာ ဆိတ်မတကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင်၊ ချိုးတကောင်၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟုမိန့်တော် မူသည်အတိုင်း၊
၁၀ ထိုတိရစ္ဆာန်အပေါင်းတို့ ကိုယူ၍၊ တကောင်တကောင်ကိုထက်ဝက်စီ ခွဲပြီးလျှင်၊ ခွဲသော အသေားတို့ကို တဘက်တချက်၌ ထားလေ၏။ ငှက်ကောင်တို့ကို မခွဲ။
၁၁ ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ဆင်းလာသောအခါ၊ အာဗြံသည်နှင်လေ၏။
၁၂ နေဝင်သောအခါ၊ အာဗြံသည်ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့် တွေ့၍၊ ထိတ်လန့်ခြင်း သို့ရောက်လေ၏။
၁၃ ထာဝရဘုရားကလည်း၊ သင်၏အမျိုးအနွှယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြ သဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ခြင်း ည‡ဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ် လော့။
၁၄ သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက် ကြလိမ့်မည်။
၁၅ သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်။
၁၆ လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ ဒုစရိုက် အပြစ်သည် မစုံလင်သေးဟု အာဗြံအားမိန့်တော်မူ၏။
၁၇ တဖန် နေဝင်၍ မိုက်သောအခါ၊ ခွဲထားသောအသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်း လင်းသော မီးခွက်သည် ထင်းရှားစွာရှောက်သွားလေ၏။
၁၈ ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ် ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ် တိုင်အောင်၊ ဤပြည်ကို၎င်း၊
၁၉ ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊
၂၀ ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊
၂၁ သင်၏ အမျိုးအနွှယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၅ (Ps 105:1-9);
၁ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကိုပဌာနပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။
၂ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြ လော့။အံ့ဘွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။
၃ သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက် ကြလော့။ ထာဝရ ဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။
၎ ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။
၅ စီရင်တော်မူသော အံ့သြဘွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၎င်း၊အောက်မေ့ကြလော့။
၆ ထာဝရဘုရား၏ ကျွန်အာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊
၇ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။
၈-၁၀ ငါသည်သင်တို့အမွေခံရာဘို့ ခါနာန်ပြည်ကိုသင်၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့် မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ် လျက်နေသောအခါ ၊ အာဗြဟံ၌ ဂတိထား၍၊ ဣဇာတ်ကို ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊လူမျိုး အဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်း ဟူသော ဝန်ခံခြင်းတရားကို အစဉ်အမြဲအောက်မေ့တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:4-5);
၎ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
၅ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇ (Matt 7:15-20);
၁၅ အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။
၁၆ ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြ လိမ့်မည်။ ဆူးလေပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။
၁၇ ကောင်းသောအပင် သည်ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏။
၁၈ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသော အပင်သည် ကောင်းသောအသီးကိုမသီးနိုင်။
၁၉ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍မီးထဲသို့ချလိုက်တတ်၏။
၂၀ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏အကျင့်ကို ထောက်သော် သူတို့၏သဘောကိုသိရကြလိမ့်မည်။