Mon the 17th: 2 Cor 6:1-10; Ps 98:1-4; Ps 119:105; Matt 5:38-42
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၆ (2 Cor 6:1-10);
၁ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကိုအကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကိုဆောင်ရွက် သောသူချင်းဖြစ်၍ သင်တို့ကိုနှိုးဆော်သွေးဆောင်ကြ၏။
၂ ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သောအချိန် ၌သင်၏ စကားကိုငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟု လာသည်နှင့် အညီ ယခုပင် နှစ်သက်ဘွယ်သောအချိန်ရှိ၏။ ယခုပင်ကယ်တင်ရာနေ့ရက်ကာလ ရှိ၏။
၃ တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ ထိမိ၍လဲစရာအကြောင်းတစုံတခု ကိုမျှမပြု။
၎ ညှဉ်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သောဘေးဥပဒ်နှင့် တွေ့ခြင်း၊
၅ အရိုက်အပုတ်ခံခြင်း၊ ထောင်ထဲ၌နေခြင်း၊ သူတပါးရုန်းရင်းခတ်ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း၊ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်းကို အလွန်သည်း ခံလျက်၊
၆ စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကိုခံခြင်း၊ ချစ်ယောင်မဆောင်အမှန်ချစ်ခြင်း၊
၇ သမ္မာတရားကိုဟောခြင်း ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း၊ ဖြောင့်မတ်သော အကျင့်တည်းဟူသော လက်နက်များကိုလက်ျာဘက် လက်ဝဲဘက်၌ဝတ်ဆောင်ခြင်းအားဖြင့်၎င်း၊
၈ အသရေထင်ရှား ခြင်းနှင့် ရှုတ်ချခြင်း၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းကိုခံသဖြင့်၎င်း၊ လှည့်စားသောသူကဲ့သို့ဖြစ်သော်လည်း၊ ဟုတ်မှန်သောသူ၊
၉ အဘယ်သူမျှ မသိသောသူကဲ့သို့ဖြစ်သော်လည်းကျော်စောသောသူ၊ အသေခံသောသူကဲ့သို့ဖြစ်သော်လည်း၊ အသက်ရှင်သောသူ၊ ဆုံးမခြင်းကိုခံသောသူ ကဲ့သို့ဖြစ်သော်လည်း၊ အသေသတ်ခြင်းနှင့်ကင်းလွတ်သောသူ၊
၁၀ ဝမ်းနည်းသောသူကဲ့သို့ ဖြစ်သော်လည်း၊ အစဉ်ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း၊ လူများကိုရတတ်စေသောသူ၊ ဥစ္စာတစုံတခုကိုမျှ မပိုင်သောသူကဲ့သို့ ဖြစ်သော်လည်း၊ အလုံးစုံတို့ကိုပိုင်သောသူ ဖြစ်သဖြင့်၎င်း၊ ဘုရားသခင် ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြကြ၏။
ဆာလံကျမ်း အခန်းကြီး ၉၈ (Ps 98:1-4);
၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:105);
၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:38-42);
၃၈ သူ့မျက်စိကိုဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကိုခံစေ ဟူသောပညတ်စကားကို သင်တို့ကြားရပြီ။
၃၉ ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင်၊ ပါးတဘက်ကိုလှည့်၍ပေးဦးလော့။
၄၀ သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူ အားသင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။
၄၁ အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတတိုင်သွား စေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။
၄၂ တောင်းသော သူအားပေးလော့။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့်။