Friday, 28 June 2019

28-JUN-2019 (READING -ORD12 -YC-C1)

Fri the 28th:     Solemnity of Sacred Heart.
Memorial of Irenaeus, bishop and martyr.
Vigil of Solemnity of Peter and Paul, apostles.
Sacred Heart Readings: Ezek 34:11-16; Ps 23:1-6; Rom 5:5-11; Luke 15:3-7
Gen 17:1-22; Ps 128:1-5; Matt 8:17; Matt 8:1-4
Vigil Readings: Acts 3:1-10; Ps 19:1-5; Gal 1:11-20; John 21:15-19

Sacred Heart Readings: Ezek 34:11-16; Ps 23:1-6; Rom 5:5-11; Luke 15:3-7

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁၇ (Ezek 34:11-16);

၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၂ အချင်းလူသား၊ သင်သည် ဣသရေလ အမျိုးအား စကားထာဝှက်၍၊ ပုံပြောလျက်၊
၃ ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ထူးခြားသော အဆင်းအရောင်၊ များပြားသော အမွေးနှင့် ပြည့်စုံ၍၊ ရှည်လျားကြီးမားသော အတောင်ရှိသော ရွှေလင်း တကြီးသည် လေဗနုန်တောင်သို့လာ၍၊ အာရဇ်ပင်၏ အဖျားကိုကိုင်လျက်၊
၎ အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ် ၍ ကုန်သွယ်ရာ ပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌ စိုက်လေ၏၊၊
၅ မျိုးစေ့ကိုလည်း ယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက် မိုဃ်းမခပင်ကဲ့သို့ ထားလေ၏။
၆ အရပ်နိမ့်လျက် ရှည်လျားစွာနွယ်သော စပျစ်နွယ်ပင်ပေါက်၍၊ မိမိအခက်အလက်တို့ကို ရွှေလင်းတရှိရာသို့ ညွတ်လျက် သူ့အောက်သို့အမြစ်ထိုးသဖြင့် အကိုင်းအခက်အလက် အညွန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင် ဖြစ်လေ၏။
၇ အမွေး ထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတကောင်ရှိ၏။ စပျစ်ပင်သည် မိမိစိုက်ရာ ချောင်းမြောင်းနား မှာ ထိုရွှေလင်းတ၏ ကျေးဇူးကြောင့်၊ရေကိုရအံ့သောငှါ၊ သူရှိရာသို့ အမြစ်သွယ်ဝိုက်၍ အကိုင်းလည်း ထိုးလေ၏။
၈ အခက်အလက်နှင့် ပြည့်စုံ၍ အသီးကို သီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှါ ရေများရာအရပ၊် မြေကောင်း သောအရပ်လယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။
၉ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှါ အမြစ်ကို နှုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက် လေသမျှသောအရွက်တို့သည် ညှိုးနွမ်းရလိမ့်မည်။ အမြစ်နှင့်တကွ သုတ်သင်ပယ်ရှားခြင်း အမှုကို ပြီးစေခြင်းငှါကြီးသော တန်ခိုးနှင့် များပြားသော အလုံးအရင်းကို အလိုမရှိ။
၁၀ စိုက်လျက်ရှိ၍ ကောင်းစား ရမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင် ညှိုးနွမ်းရမည်မဟုတ်လော။ ကြီးပွားသောလယ်ကွက်၌ ညှိုးနွမ်းရမည်ဟု မိန့်တော်မူ၏။
၁၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၁၂ ပုန်ကန်တတ်သော အမျိုးအား သင်ပြောရမည်မှာ၊ ဤစကားအဘယ်သို့ ဆိုလိုသည်ကို နားလည်ကြသလော။ ဗာဗုလုန်ရှင်ဘုရင်သ်ည ယေရုရှလင်မြို့သို့ ရောက်၍ ယေရုရှလင်ဘုရင်နှင့် မှူးတော်မတ်တော်တို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွားပြီ။
၁၃ ဆွေတော် မျိုးတော်ထဲက တယောက်ကို ယူ၍၊ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။
၁၄ ထိုနိုင်ငံသည် ယုတ်ညံ့၍ နောက်တဖန် မထမကြွဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာ တည်စေခြင်းငှါ၊ အားကြီးသော နိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။
၁၅ သို့ရာတွင်၊ မြင်းများ၊ လူများတို့ကို တောင်းခြင်းငှါ သံတမန် ကို အဲဂုတ္တုပြည်သို့ စေလွှတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသော သူသည်  ကောင်းစားရမည်လော။ ဘေးလွတ်ရမည်လော။ သစ္စာဖျက်ပြီး မှလွတ်ရမည်လော။
၁၆ အရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ရှင်ဘုရင်အရာ၌ ခန့်ထား သော ရှင်ဘုရင်၏ သစ္စာကို မရိုမသေပြု၍ ပဋိညာဉ်ကို ဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌ သေရလိမ့်မည်။
၁၇ ဖာရောဘုရင်သည် လည်း လူများတို့ကို သတ်ခြင်းငှါ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းနှင့်အတူ မြေရိုးတို့ကို ဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူတို့အဘို့ စစ်တိုက်၍ မနိုင်ရာ။
၁၈ အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက် ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကို ဖျက်လျက် ဤအမှုအလုံးစုံ တို့ကို ပြုသောကြောင့် ဘေးမျှ မလွတ်ရ။
၁၉ ထို့ကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ငါအသက်ရှင်သည် အတိုင်းအကယ်စင်စစ်ငါ၏ သစ္စာကို မရိုမသေပြု၍ငါ၏ ပဋိညာဉ်ကိုဖျက်သောကြောင့် သူ၏ခေါင်းပေါ်သို့  ငါသက်ရောက်စေမည်။
၂၀ ငါသည်ပိုက်ကွန်နှင့်အုပ်၍၊ ငါ ၏ကျော့ကွင်းနှင့် ကျော့ပြီလျှင်၊ ဗာဗုလုန်မြို့သို့ ဆောင်သွား မည်။ ငါ့ကိုပြစ်မှားသော အပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင်မည်။
၂၁ သူ့ထံမှပြေးသော သူများနှင့်သူရဲများအပေါင်းတို့သည်၊ ထားဖြင့်ဆုံးခဲ့ခြင်းသို့ ရောက်၍ ကြွင်းကျန် သောသူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရဘုရား မိန့်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူသည်။
၂၂ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြင့်သောအာရဇ် ပင်၌ အမြင့်ဆုံးသော အညွန့်ကိုငါယူ၍ စိုက်မည်။

ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);

၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို  အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

ရောမသြဝါဒစာ အခန်းကြီး ၅ (Rom 5:5-11);

၅ ထိုမြော်လင့် ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့်ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော် မူသောသန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ညွန်း လောင်း တော်မူ၏။
၆ ငါတို့သည်အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့ အတွက် ကြောင့် အသေခံတော်မူ၏။
၇ ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်း အတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။
၈ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
၉ သို့ဖြစ်၍ ယခုတွင် အသွေး တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
၁၀ အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်း အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိဿ ဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။
၁၁ ထိုမျှမက၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် မိဿဟာယဖွဲ့ရာကျေးဇူးကို ယခုခံပြီးလျှင်၊ ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၅ (Luke 15:3-7);

၃ ထိုအခါဥပမာစကားကိုမိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊
၎ သိုးတကောင်ပျောက်လျင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ၊ပျောက်သော သိုးတကောင်ကိုမတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။
၅ တွေ့ပြီးလျှင်ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊
၆ မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့် အတူဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။
၇ ထိုနည်းတူဖြောင့်မတ်၍ နောင်တရစရာ အကြောင်းမရှိ သောသူကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုး တယောက်၌ သာ၍ဝမ်း မြောက်ခြင်းရှိကြသည်ဟု ငါဆို၏။

Gen 17:1-22; Ps 128:1-5; Matt 8:17; Matt 8:1-4

ကမ္ဘာဦးကျမ်း အခန်းကြီး ၁၇ (Gen 17:1-22);

၁ ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအား ထင်ရှားတော် မူ၍၊ ငါသည်အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍စုံလင်ခြင်း ရှိလော့။
၂ ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကိုငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။
၃ အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊
၎ ငါပြု သော ပဋိညာဉ်သည်သင်၌ ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။
၅ နောက်တဖန် သင်၏အမည်ကို အာဗြံဟု မခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟု ခေါ်ရ၏။ အကြောင်းမူကား၊ ငါသည်သင့်ကို များစွာသောလူအမျိုး တို့၏ အဘအရာ၌ခန့်ထားပြီ။
၆ ငါသည်သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကိုဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ် ရကြလိမ့်မည်။
၇ ငါသည်သင်၏ ဘုရား၊ သင့်နောက်၌သင့်အမျိုးအနွှယ်၏ ဘုရား ဖြစ်မည်ဟု၊ သင်နှင့် သင်၏အမျိုးအနွှယ်အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
၈ သင်သည် ယခုဧည့်သည် ဖြစ်၍ နေသောပြည်တည်းဟူသော၊ ခါနာန်ပြည် တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏ အမျိုးအနွှယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
၉ တဖန် ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွှယ် အစဉ် အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကိုစောင့်ရှောက် ရကြမည်။
၁၀ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုး အနွှယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံရမည်။
၁၁ အရေ ဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာ သက်သေဖြစ်ရလိမ့်မည်။
၁၂ သင်တို့အမျိုး အစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ ဘွားသော သူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တပါးအမျိုးသား၌ ငွေနှင့် ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။
၁၃ ကိုယ်အိမ်၌ဘွားသောသူ၊ ကိုယ်ငွေနှင့် ဝယ်သောသူသည်၊ အရေဖျားလှီး မင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏ အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။
၁၄ အရေဖျားမလှီး၊ အရေဖျားလှီမင်္ဂလာကို မခံသောသား ယောက်ျားကို သူ၏အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု၊ အာဗြဟံအားမိန့်တော်မူ၏။
၁၅ တဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကိုမူကား၊ စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာဟူသောအမည် ဖြင့်ခေါ်ရ၏။
၁၆ သူ့ကိုငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင်အားသားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်းကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွှယ်၌လည်း၊ အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ရ ကြလိမ့်မည်ဟု၊ အာဗြဟံအားမိန့်တော်မူ၏။
၁၇ ထိုအခါ အာဗြဟံသည် ပြပ်ဝပ်လျက်၊ အသက်တရာရှိသော သူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက်၊ စိတ်နှလုံး ထဲမှာအောက်မေ့ပြီးလျှင်၊
၁၈ ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေသောဟု၊ ဘုရားသခင်ကို လျှောက်သော အခါ၊
၁၉ ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည် ဖြင့် မှည့်ရမည်။ သူ၌၎င်း၊ သူ့နောက်မှ သူ၏ အမျိုးအနွှယ်၌၎င်း၊ ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
၂၀ ဣရှမေလအမှု၌ကား၊ သင်၏ စကားကို ငါနားထောင်၏။ သူ့ကိုငါကောင်းကြီးပေး၏။ သူ့အနွှယ်ကို တိုးပွါးစေ၍ သူ့ကိုအလွှန်များပြား စေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှါ လည်း ငါပြုမည်။
၂၁ သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဘွားလတံ့သော သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊
၂၂ မိန့်မြွက်တော်မူသံငြိမ်း၍၊ ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၂၈ (Ps 128:1-5);

၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
၂ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသော အစာကိုစားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစား ရလိမ့်မည်။
၃ သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီးတို့သည် သင့်စားပွဲ  ပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင်များ ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
၎ ထာဝရဘုရားကို ကြောက်ရွံ့သော သူသည် ထိုသို့သော မင်္ဂလာရှိရလိမ့်မည်။
၅ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ ခံရသော ကောင်းကျိုးကို တသက်လုံးမြင် ရလိမ့်မည်။
၆ မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလ အမျိုး၌ ငြိမ်ဝပ်ခြင်းရှိပါစေသော။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:17);

၁၇ ထိုအကြောင်း အရာမူကား၊ သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယဟောဘူးသော စကား ပြည့်စုံမည်အကြောင်းဖြစ်သတည်း။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:1-4);

၁ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်း တို့သည်နောက် တော်သို့ လိုက်ကြ၏။
၂ ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟုလျှောက်လေ၏။
၃ ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော် မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
၎ ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကိုအဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကိုဆက်လော့ဟု မိန့်တော်မူ၏။


Vigil Readings: Acts 3:1-10; Ps 19:1-5; Gal 1:11-20; John 21:15-19

တမန်တော်ဝတ္ထု အခန်းကြီး ၃(Acts 3:1-10);

၁ ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
၂ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတယောက်ကို သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
၃ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲ ပါဟုတောင်းလေ၏။
၎ ထိုအခါ ပေတရုနှင့်ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါတို့အားမျှော်ကြည့် လော့ဟု ဆိုလျှင်၊
၅ ထိုသူသည် တစုံတခုကိုရမည်ဟု စိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
၆ ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊
၇ သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ် ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊
၈ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
၉ ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည်မြင်သောအခါ၊
၁၀ ထိုသူသည် ဗိမာန်တော်၏ တင့်တယ် တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည်အမှုကို အံ့သြ မိန်းမောတွေဝေခြင်းရှိ၍၊
၁၁ ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်ကြ၍ စုဝေးကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၉ (Ps 19:1-5);

၁ မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။
၂ တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။
၃ နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊
၎ သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊
၅ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။

ဂလာတိသြဝါဒစာ အခန်းကြီး ၁ (Gal 1:11-20);

၁၁ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။
၁၂ လူထံမှာ ငါခံရသည် မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံသည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။
၁၃ အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌ နေ၍ ငါကျင့်သောအကျင့်တည်း ဟူသော ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊
၁၄ ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုင်း သင်တို့ကြားသိရကြပြီ။
၁၅ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲ ကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊
၁၆ သားတော်၏ ဧဝံဂေလိတရား ကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကိုငါ့အား ပြတော်မူ သောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု၊
၁၇ ငါ့အရင် တမန်တော်ဖြစ်နှင့်သော သူတို့ရှိရာ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍ တဖန် ဒမာသက်မြို့သို့ ပြန်လေ၏။
၁၈ ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။
၁၉ သူနှင့်သခင်ဘုရား၏ညီတော် ယာကုပ်မှတပါး အခြားသောတမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင်။
၂၀ ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင် မုသာစကားကို ငါမပြောမသုံးဟု ဘုရားသခင့်ရှေ့တော်၌ ငါဆို၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၁ (John 21:15-19);

၁၅ နံနက်စာကိုစားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ် သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမိန့်တော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
၁၆ တဖန် ယေရှုက၊ ယောန၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေး တော်မူလျှင်၊ ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏သိုးတို့ကိုထိမ်းလော့ဟု မိန့်တော်မူ၏။
၁၇ ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ် သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော် မူ၏ ဟုလျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
၁၈ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။  သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
၁၉ ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရု အားမိန့်တော်မူပြန်၏။