Gen 49:29-32; 50:15-26; Ps 105:1-7; 1 Pet 4:14; Matt 10:24-33
ကမ္ဘာဦးကျမ်း အခန်းကြီး ၄၉ (Gen 49:29-32; 50:15-26);
၂၉ တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရုန်၏လယ်ပြင်တွင် ရှိသော မြေတွင်း ၌ ငါ့အဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြပါ။
၃၀ ခါနာန်ပြည် မံရေမြို့ရှေ့မှာ မပ္ပေလလယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသား ဧဖရုန်၌ ဝယ်လေပြီ။
၃၁ ထိုမြေတွင်း၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့်မယား ရေဗက္ကကို လည်းသင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ။
၃၂ ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသအမျိုးသား ရှေ့မှာ ဝယ်သတည်းဟု မှာထား၏။
၁၅ ယောသပ်အစ်ကိုတို့သည် အဘသေသည်ကို သိမြင်လျှင်၊ ငါတို့ကို ယောသပ်သည် အည‡ိုးထား ကောင်း ထားလိမ့်မည်။ ငါတို့သည် အထက်က သူ့ကိုည‡ဉ်းဆဲသောကြောင့်၊ ငါတို့အား ဧကန်အမှန်ပြန်၍ ည‡ဉ်းဆဲလိမ့်မည်ဟု စိုးရိမ်လျက်၊
၁၆ သူ့ထံသို့ တမန်ကိုစေလွှတ်၍၊ ကိုယ်တော်အစ်ကိုတို့သည် မကောင်းသော အမှုကို ကိုယ်တော် အားပြုမိ၍၊
၁၇ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြားလျှောက်ရမည် အကြောင်း၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍၊ ယခုတွင် ခမည်းတော်၏ ဘုရားသခင် ကျွန်တို့၏အပြစ်ကို လွှတ်တော်မူပါဟု လျှောက်ကြ၏။ ထိုသို့လျှောက်သောအခါ၊ ယောသပ်သည် မျက်ရည်ကျ လေ၏။
၁၈ အစ်ကိုတို့သည်လည်း ဝင်၍ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက်၊ ကျွန်တော်သည် ကိုယ်တော်၏ကျွန် ဖြစ်ကြ ပါသည်ဟု လျှောက်ကြ၏။
၁၉ ယောသပ်ကလည်း၊ မစိုးရိမ်ကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင်ကိုယ်စား ဖြစ်သလော့။
၂၀ သင်တို့သည် ကျွန်ုပ်ကို ည‡ဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများအသက် ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ၏။
၂၁ ထိုကြောင့်၊ မစိုးရိမ်ကြနှင့်။ သင်တို့သည် သူငယ်များကို ကျွန်ုပ် ကျွေးမွေးမည်ဟု ဆိုလျက်၊ သူတို့ကို နှစ်သိမ့်စေ၍ မေတ္တာစကားကို ပြောလေ၏။
၂၂ ထိုသို့ ယောသပ်သည် မိမိအဘ၏ အမျိုးသားတို့နှင့် အဲဂုတ္တုပြည်၌နေ၍၊ အသက် တရာတဆယ်ကို မှီ၏။
၂၃ ဧဖရိမ်၏မြေးကို မြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီး တို့ကိုလည်း မိမိဒူးပေါ်မှာ မွေးစားရ၏။
၂၄ ယောသပ်ကလည်း၊ ကျွန်ုပ်သေတော့မည် အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့၊ ဤပြည်မှ ဆောင်သွား တော်မူမည်ဟု အစ်ကိုတို့အားဆို၏။
၂၅ တဖန်တုံ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ အကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလ အမျိုးသားတို့ကို ကျိန်ဆိုစေ၏။
၂၆ ထိုသို့ ယောသပ်သည် အသက်တရာတဆယ်ရှိသော် အနိစ္စ ရောက်လေ ၏။ အလောင်းကိုကား၊ နံ့သာမျိုးနှင့် ပြင်ဆင်လျင် အဲဂုတ္တုပြည်၌ တလားနှင့်ထားကြလေ၏။ (ရှင်မောရှေစီရင်ရေးထားသော ကမ္ဘာဦးကျမ်းပြီး၏။)
ဆာလံကျမ်း အခန်းကြီး ၁၀၅ (Ps 105:1-7);
၁ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကိုပဌာနပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။
၂ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြ လော့။အံ့ဘွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။
၃ သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက် ကြလော့။ ထာဝရ ဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။
၎ ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။
၅ စီရင်တော်မူသော အံ့သြဘွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၎င်း၊အောက်မေ့ကြလော့။ ၆ ထာဝရဘုရား၏ ကျွန်အာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊
၇ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 Pet 4:14);
၁၄ ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ် တော်သည် သင်တို့အပေါ်မှာကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၀ (Matt 10:24-33);
၂၄ တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။
၂၅ တပည့်သည် ဆရာကဲ့သို့၎င်း၊ ကျွန်သည် သခင်ကဲ့သို့၎င်းဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ဝေါ် ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ခေါ် ဝေါ် ကြလိမ့်မည်။
၂၆ ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည်ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။
၂၇ မှောင်မိုက်၌သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း၌ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ ဟု မိန့်တော်မူ၏။
၂၈ တနည်းကား၊ ကိုယ်ခန္ဓွာကိုသာသတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓွာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြလော့။
၂၉ စာငှက်နှစ်ကောင်ကို အဿရိ တပြားအဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။
၃၀ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။
၃၁ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။
၃၂ အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံမည်။
၃၃ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။