Wednesday, 31 July 2019

31-JULY-2019 (READING -ORD17 -YC-C1)

Wed the 31st:     Memorial of Ignatius of Loyola, priest.
Exod 34:29-35; Ps 99:5-9; John 15:15; Matt 13:44-46

ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၄ (Exod 34:29-35);

၂၉ မောရှေသည် သက်သေခံချက်ကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သော အခါ၊ မိမိနှင့် ဘုရားသခင်နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာ အရေထွန်းပကြောင်းကို မိမိမသိ။
၃၀ အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မောရှေကို မြင်သောအခါ၊ သူ၏မျက်နှာအရေထွန်းပသော ကြောင့်၊ သူတို့သည် မချဉ်မကပ်ဝံ့ကြ။
၃၁ မောရှေသည် သူတို့ကိုခေါ်၍၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင်၊ မောရှေသည် နှုတ်ဆက်လေ၏။
၃၂ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်ကြလျှင်၊ သိနာတောင်ပေါ်မှာ ထာဝရဘုရားမိန့်တော်မူသမျှတို့ကို သူတို့အားဆင့်ဆိုလေ၏။
၃၃ မောရှေသည် သူတို့အားဟောပြော၍ မပြီးမှီ မိမိမျက်နှာကို ဖုံးအုပ်လေ၏။
၃၄ ထာဝရဘုရားရှေ့တော်သို့ဝင်၍ လျှောက်သောအခါ၊ မထွက်မှီတိုင်အောင် မျက်နှာဖုံးကိုချွတ်ထား၏။ တဖန်ထွက်၍ အမိန့်တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို၏။
၃၅ သူ၏မျက်နှာ အရေထွန်းပကြောင်းကို ဣသရေလအမျိုးသားတို့သည် မြင်ကြလျှင်၊ တဖန်အထဲသို့ဝင်၍ မလျှောက်မှီတိုင်အောင် မိမိမျက်နှာကိုဖုံးအုပ်ပြန်၏။

ဆာလံကျမ်း အခန်းကြီး ၉၉ (Ps 99:5-9);

၅ ငါ့တို့ဘုရားသခင် ထာဝရဘုရားကို မြှောက်ကြလော့။ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုး ကွယ်ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်သည် သန့်ရှင်းတော်မူတည်း။
၆ ယဇ်ပရောဟိတ် မောရှေနှင့် အာရုန်၊ နာမတော်ကို ပဌာနပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရဘုရား ကို ပဌာနပြု ၍ ကိုယ်တော်သည် ထူးတော်မူ၏။
၇ သူတို့အား မိုဃ်းတိမ်တိုင်ထဲက မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကို၎င်း၊စီရင်ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက်ကြ၏။
၈ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်သည် သူတို့ကို ထူးတော်မူ၏။ သူ့တို့အမှုကြောင့် အပြစ်ပေးသော်လည်း၊ သူတို့ကို သည်းခံသော ဘုရားဖြစ်တော်မူ ၏။
၉ ငါတို့၏ ဘုရားသခင်ထာဝရ ဘုရားကို မြှောက်ကြလော့။ သန့်ရှင်း သော တောင်တော်မှာ ပြပ်ဝပ်ကိုးကွယ် ကြလော့။  အကြောင်းမူကား၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူသတည်း။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:15);

၁၅ ယခုမှစ၍ ငါသည် သင်တို့ကို ကျွန်ဟူ၍ မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကို မသိ။ သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:44-46);

၄၄ တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ ထိုဘဏ္ဍာကိုတွေ့ သောသူသည် တဖန်ဖုံးအုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့်သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကိုဝယ် တတ်၏။
၄၅ တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကိုရှာသော ကုန်သည်နှင့်တူ၏။
၄၆ ထိုကုန် သည်သည် အလွန်အဘိုးထိုက်သောပုလဲကိုတွေ့သောအခါ၊ သွား၍မိမိ၌ရတတ်သမျှကိုရောင်း ပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။