Saturday, 20 July 2019

20-JULY-2019 (READING -ORD15 -YC-C1)

Sat the 20th: Exod 12:37-42; Ps 136:1-24; 2 Cor 5:19; Matt 12:14-21

ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၂ (Exod 12:37-42);

၃၇ ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကိုမဆိုဘဲ၊ ယောက်ျားအရေအတွက် အားဖြင့် ခြောက်သိန်းခန့် မျှရှိ သောသူတို့သည်၊ ရာမသက်မြို့မှ ထွက်၍ သုကုတ်အရပ်သို့ခရီးသွားကြ၏။
၃၈ အမျိုးမျိုးသော လူအများ တို့သည်လည်း၊ သိုးနွားအစရှိသော များစွာသော တိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။
၃၉ တဆေးမရောဘဲ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသောမုန့်ကိုဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွှဲမဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကို မပြင်မှီကြ။
၄၀ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ ဧည်သည်ဖြစ်၍၊ တည်နေကြသော ကာလနှစ်ပေါင်းလေး ရာသုံးဆယ် ဖြစ်သတည်း။
၄၁ အနှစ်လေးရာသုံးဆယ် စေ့သောနေ့ခြင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်း တို့သည်၊ အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။
၄၂ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသော အတွက်ကြောင့်၊ ထိုနေ့ညဥ့်ကို အထူးသဖြင့် ထာဝရဘုရား၌ စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ် အဆက်မပြတ်စောင့်ရသော ထာဝရဘုရား၏ ညဥ့်ကား၊ ဤသည်ညဥ့်ပေတည်း။

ဆာလံကျမ်း အခန်းကြီး ၁၃၆ (Ps 136:1-24);

၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
၂ ဘုရားတို့၏အရှင် ဘုရားသခင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
၃ အရှင်တို့၏သခင၊် ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
၎ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အံ့ဘွယ်သော အမှုတို့ကို တပါတည်းသာ ပြုတော်မှုထသော၊
၅ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင် ကို ဖန်ဆင်းတော်မူထသော၊
၆ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကိုဖြန့်တော်မူထသော၊
၇ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊
၈ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ နေ့ကို အုပ်စိုးရသောနေကို၎င်း၊
၉ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ညဥ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို၎င်း ဖန်ဆင်းတော်မူထသော၊
၁၀ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊
၁၁ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အားကြီး သောလက်၊ ဆန့်သောလက်ရုံးတို့ကို လက်နက်ပြုတော် မူထသော
၁၂ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင် တော်မူထသော၊
၁၃ ကရုဏာတော် အစဉ်အမြဲ တည်သည် ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်း ခွဲတော်မူထသော၊
၁၄ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊
၁၅ ကရုဏာတော် အစဉ်အမြဲ တည်သည် ဖြစ်၍၊ ဖာရောမင်းနှင့် ဗိုလ်ခြေများကို ဧဒုံပင်လယ်ထဲ၌ လှဲချတော် မူထသော၊
၁၆ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊
၁၇ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ကြီးသော ဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊
၁၈-၂၀ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ဗာရှန်ပြည်ကို အစိုးရသော သြဃမင်းကို၎င်း၊ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်းလုပ်ကြံတော်မူထ သော၊
၂၁ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊
၂၂ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊မိမိကျွန် ဣသရေလအမျိုးအား အမွေကို ပေးချတော်မူထသော၊
၂၃ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကို အောက်မေ့တော်မူထသော၊
၂၄ ကရုဏာတော် အစဉ်အမြဲ တည်သည် ဖြစ်၍၊ ငါတို့ကို ရန်သူတို့အထဲက ရွေးနှုတ်တော် မူထသော၊
၂၅ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊
၂၆ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:19);

၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၂   (Matt 12:14-21);

၁၄ ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။
၁၅ ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ပြောင်းကြွ၍ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။
၁၆ ထိုသူတို့သည် သိတင်းတော်ကို မဖွင့်ရမည် အကြောင်း ပညတ်တော်မူ၏။
၁၇ ထိုအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ၏နှုတ်ထွက်ပြည့်စုံမည် အကြောင်း တည်း။ နှုတ်ထွက်အချက်ဟူမူကား၊
၁၈ ငါရွေးချယ်သော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးသောသူကိုကြည့်ရှုလော့။ ထိုသူ၏အပေါ် ၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
၁၉ ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကိုမပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှမကြားစေရ။
၂၀ နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည်အောင်မြင်ခြင်းသို့ရောက်မည်အကြောင်း စီရင်လိမ့်မည်။
၂၁ သူ၏ နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည် ဟု ဟောထားသတည်း။